အိပ်မပျော်သူအတွက် ညတာဟာ ရှည်လျားလှတယ်လို့ ဓမ္မပဒက ဆိုပါတယ်။ အိပ်မပျော်နိုင်တာမို့ ကျနော် စာ ထရေးဖြစ်ပါတယ်။
ကျနော်ဒီစာကိုရေးနေချိန်ဟာ ညတနာရီထိုးပြီးပါပြီ။ တနှစ်မှာသုံးလလောက်တခေါက်တကျင်း ကျနော်ရှိရာ ဖူးခက်မြို့ကို ရောက်,ရောက်လာတတ်တဲ့ ဇနီးသည်ဟာ ကျနော့်မနီးမဝေးမှာ အိပ်ပျော်နေရှာပါတယ်။ အောက်ထပ်က ကားဂိုဒေါင်မှာတော့ တပည့်ကျော် ကျော်ဝင်းဌေးလည်း အိပ်ပျော်နေလောက်ပြီ ထင်ပါတယ်။ ကျနော့်အိမ်ရှိနေတဲ့ အမ်မခန်ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေပါပြီ။ တခါတခါမှာတော့ ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတွေဖြတ်မောင်းနေတဲ့ အသံတွေကို ကြားနေရပါတယ်။
ဒီစာကိုရေးနေတဲ့ ကျနော်နဲ့ လက်တကမ်းမှာ လက်ကိုင်အရိုးနဲ့ပါဆိုရင် အရှည်တပေခွဲလောက်ရှိတဲ့ ဂျပန်ကင် ဒိုဓားတချောင်း ရှိနေလေရဲ့။ တကယ်ဆို ဒီဓားဟာ ကျနော့်အသက် အရွယ်နဲ့ သိပ်တော့ အပ်စပ်လှတဲ့ အရာတော့ မဟုတ်ပေဘူး။
ရှုပ်ထွေးများမြောင်လှတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ကျနော့်စိတ်ရဲ့ အတွင်းပိုင်းမှာ အေးချမ်းတဲ့ ဘဝတခုကို မျှော်လင့်တည်ဆောက်နေခဲ့တာ ရှစ်နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ ချမ်းသာခဲ့ဖူးပြီ။ ဆင်းရဲခဲ့ဖူးပြီ။ နေပူဆူးကြမ်း ခယောင်းလမ်းသာမက ဖဲမွေ့ယာရွှေကော်ဇောနဲ့လည်း ကျနော်နေခဲ့ဖူးပြီမို့ လောကဓံအတက်အကျကို ကျနော် အထိုက်အလျောက် သံဝေဂယူနိုင်ခဲ့ပြီ။
သို့တစေ လက်ရှိအချိန်မှာတော့ ရန်သူဟာအသက်ကို အချိန်မရွေး ရန်ရှာလာနိုင်တာကြောင့် ဓားဆောင်ရတဲ့ ဘဝကိုရောက်ရပြန်ပြီ။ ကျနော်အိပ်မပျော်နိုင်ပါဘူး။ ရန်သူဟာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာက ပေါ်လာနိုင်တယ် မဟုတ်လား။ ဘယ်က ရန်သူလဲ? ဘာကြောင့်လဲ? ဆိုတော့ ဇာတ်လမ်းက ဒီလိုပါဗျာ။
ကျနော့်ဘဝ ကျနော့်အကြောင်းနဲ့ ရေကြည်ရာမြက်နုရာလို့ထင်ရတဲ့ ထိုင်းနိုင်ငံဖူးခက်မြို့ကို ကျနော် ရောက်နေတာ ခုနှစ်နှစ်ကျော်ခဲ့ပါပြီ။ ဖူးခက်ကို ရောက်ပုံကလည်း ဒီနေရာဒီအရပ်မှာ ဖူးခက်ဆိုတဲ့မြို့ ရှိလေရဲ့ဆိုတဲ့ အသိတခုတည်းနဲ့ အိတ်တလုံးဆွဲပြီး၊ တကိုယ်ထီးတည်း ခရီးနှင်ခဲ့တာပါပဲ။
ကျနော့်မှာပါလာတဲ့ ထိုင်းဘတ်တသန်းဝန်းကျင်လောက်နဲ့ ဗမာဈေးဆိုင်လေးတဆိုင်ဖြစ်မြောက်ဖို့ ကျားခုတ်ကျားခဲလုံးပန်းခဲ့တာကြောင့် နှစ်နှစ်လောက်အကြာမှာ အခြေကျခဲ့ရော ဆိုပါစို့။
ဆိုပါစို့လို့သာ ပြောရတာ တကယ်တော့ ရေမြေအသစ်မှာ အခြေချရတဲ့ဘဝဟာ လွယ်လှတယ်တော့ မဆိုနိုင်ပါဘူး။
နယ်ချင်းဆက်နေတဲ့ ဒီတိုင်းပြည်မှာ ဗမာဖြစ်ရတဲ့ ဒုက္ခဟာ ဒီလောက်ကြီးလိမ့်မယ်လို့ ကျနော် တွေးတောင် မတွေးမိတာ အမှန်ပါ။ ပတ်ဝန်းကျင်က ထိုင်းလူမျိုးအတော်များများရဲ့  အထင်သေးတဲ့အကြည့်၊ ထိုင်းရဲအတော် များများ ပေးတဲ့ ဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို ရေးပြနေရင် မိုးစင်စင်လင်းသွားနိုင်တာမို့ ဒီမှာတင်ရပ်ပြီး လိုရင်းကိုပဲ ပြောပါတော့မယ်။
လွန်ခဲ့တဲ့လေးရက် (၂၂၊၀၃၊၂၀၁၁)က ပေါ့ဗျာ။ မနက်ခုနှစ်နာရီခွဲလောက် ကျနော်ကိုယ်တိုင် ကားမောင်းပြီး ဖူးခက်မြို့ထဲက ကားဂိတ်မှာ ဇနီးသည် ကော့သောင်းသဘောင်္နဲ့ တင်လိုက်တဲ့ စားစရာနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတချို့ သွားသယ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ ကားပေါ်မှာ ဇနီးသည်ရော ကျော်ဝင်းဌေးပါ ပါလာပါတယ်။ ကျနော့်အိမ်ကိုရောက်လို့ ကားကို ဂိုဒေါင်ထဲသွင်းနေချိန်မှာ ခြံတံခါးပိတ်နေတဲ့ တပည့်ကျော် ကျော်ဝင်းဌေးကို တွန်းဖယ်ပြီး ထိုင်းမျက်နှာစိမ်းသုံးယောက်ဟာ ကျနော့်ခြံထဲကို ဇွတ်ဝင်လာပါတော့တယ်။ အဲဒီ ထိုင်းသုံးယောက် အနက် နှစ်ယောက်ဟာ အသက်လေးဆယ်ဝန်းကျင်နဲ့ကျန်တယောက်ကတော့ အသက်ငါးဆယ်ကျော် ရှိပါလိမ့်မယ်။ လေးဆယ်ဝန်းကျင်တယောက်သော မောင်က သူ့အိတ်ကပ်ထဲက ကဒ်ပြားတခုကို ထုတ်ပြပြီး ပုလိ ပုလိလို့ တတွတ်တွတ်အော်ရင်း ကျနော်တို့သုံးယောက်ကို ကြမ်းပြင်ပေါ် ခြေဟန်လက်ဟန်နဲ့ ထိုင်ခိုင်း ပါတော့တယ်။ ကျော်ဝင်းဌေးကတော့ သူတို့ခိုင်းသလို ထိုင်ချလိုက်ပေမဲ့ ကျနော်နဲ့ ဇနီးသည်ကတော့ ကုလားထိုင်တလုံးစီပေါ်မှာ ခပ်အေးအေးထိုင်လိုက်ပါတယ်။ ဖူးခက်မှာ အိမ်ထဲရဲဝင်စစ်တာ ဖန်တရာတေအောင် ကျနော်ကြုံဖူးခဲ့ပါပြီ။ ကျနော့် အနေအထားဟာ ရဲလာစစ်တာကို ကြမ်းပြင်မှာ ငုတ်တုပ်ထိုင်ပြီး အစစ်ခံရမဲ့ အဆင့်မှမဟုတ်တာဗျာ။
ကျနော့်စိတ်ထဲမှာ နည်းနည်းထူးဆန်းနေသလို ထင်လိုက်တာကြောင့် ဘာကိစ္စရှိလို့လဲဆိုပြီး တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။ ဒီတော့ ကိုယ်တော်ချောတွေက ပတ်စပို့ ပတ်စပို့ ဆိုပြီး လုပ်ပြန်ပါတယ်။ ကျနော်လည်း ကျော်ဝင်းဌေးရဲ့ အလုပ်သမားကဒ်ရယ်၊ ကျနော်တို့ ဇနီးမောင်နှံရဲ့ ပတ်စပို့တွေရယ် ထုတ်ပြလိုက်တော့ စာအုပ်တွေကို ဖွင့်တောင်မကြည့်ဘဲ သိမ်းလိုက်ပါတော့တယ်။ နောက် တဆက်တည်း ဆိုသလို ကျနော့် ပစ္စည်းဂိုဒေါင်ကို ဖွင့်ပြီး တောင်ရှာမြောက်ရှာ လုပ်ပြန်ပါတယ်။
ရွှေဧည့်သည်သုံးယောက်ဟာ ဒီအချက်ကို သိနေပြီးသားထင်ပါရဲ့။ ကျနော့်ဂိုဒေါင် အပြည့်နီးပါးရှိနေတဲ့ ဗမာစားသောက်ကုန်တွေ၊ ဆေးဝါးတွေကို သိပ်စိတ်ဝင်စားဟန်မပြဘဲ တစုံတခုကို သည်းသည်းမဲမဲ ရှာနေပြန် ပါတယ်။
ဆယ်မိနစ်လောက် တောင်လှန်မြောက်လှန်လုပ်ပြီးတော့ ချောင်ကြိုချောင်ကြားက လေးကီလိုလောက်လေးမဲ့ အထုပ်တထုပ်ကို ဆွဲထုတ်လာပါတယ်။ အဲဒီအထုပ်ကို ကျနော်မြင်ရုံနဲ့ ဒါဟာ ကွမ်းစားဆေးအထုပ်ဆိုတာ ကျနော်သိလိုက်ပေမဲ့ ဒီအတွက်လည်း ကျနော်မပူပြန်ပါဘူး။ အခွန်မဲ့ ဆေးလိပ်ဆေးရွက်ကြီးတွေကို ရှာဖွေဖမ်းဆီးတဲ့ အဖွဲ့ခေါင်းဆောင်အင်စပက်တာ ဖိချိုင်းဟာ ကျနော့်မိတ်ဆွေအရင်းကြီး ဖြစ်တဲ့အပြင် သူတို့သတ်မှတ်တဲ့ လစဉ်ကြေး ထိုင်းဘတ်ငါးထောင်လည်း မပျက်မကွက်ပေးနေကျမို့ ကျနော်မပူတာပါ။
ဒီမှာတင် အသက်လေးဆယ်ဝန်းကျင် အရပ်မြင့်မြင့်ကိုယ်တော်က ဒီဆေးရွက်ကြီးတွေဟာ ပြစ် ဒဏ်သိပ်ကြီးတယ်ဆိုတာ သိတယ်မဟုတ်လားဆိုပြီး စခန်းကိုလိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီတော့ ကျနော်က လက်ထဲက တယ်လီဖုန်းနဲ့ ဖိချိုင်းဆီဖုန်းဆက်ဖို့ ပြင်လိုက်ချိန်မှာတော့ အဲဒီလူဟာ သူ့ခါးကြားက သေနတ်ကို ထုတ်ချိန်ရင်း ကျနော့်လက်ထဲက ဖုန်းရော၊ ကျော်ဝင်းဌေးဆီက ဖုန်းကိုပါ သိမ်းလိုက်ပါတော့တယ်။
တခုခုမှားနေပြီဆိုတာ ကျနော်သိလိုက်ပါပြီ။ တကယ်တော့ အိမ်ကိုဝင်စစ်ဖူးတဲ့ ရဲမှန်သမျှ လက်ကိုင်ဖုန်းကို သိမ်းလေ့မရှိပါဘူး။ ပြသနာကြုံလို့ ကျနော်ဖုန်းဆက်လိုက်ရင် ကျနော့်မိတ်ဆွေ ထိုင်းရဲတယောက်မဟုတ်၊ တယောက်ရောက်လာပြီး ညှိလိုက်နှိုင်းလိုက်ရင် လက်ဖက်ရည်ဖိုး ဘီယာဖိုးနဲ့တင် ပြီးသွားတာ ထုံးစံလိုဖြစ်နေပါပြီ။ တိုတိုပြောရရင် ဒီမောင်တွေဟာ စခန်းကိုခေါ်ဖို့ စကားမဟတော့ဘဲ ကျနော်ဆီကနေ ထိုင်းဘတ်သုံးသိန်း ထုတ်ပေးဖို့ အကြပ်ကိုင်ပါတော့တယ်။
ကျားသားမိုးကြိုး ဘတ်သုံးသိန်းတဲ့ဗျာ။ ကျနော်လည်း စကားနည်းရန်စဲဆိုပြီး ထိုင်းဘတ်တသောင်းပေးမယ်၊ ပြန်ကြပါတော့ဆိုတော့ ပွဲကပိုကြမ်းသွားပါလေရော။
သုံးသိန်းမရရင် နှစ်သိန်းပေးရမတဲ့။ ဒါတင်မကဘူး။ ကျနော့်လက်ကိုင်အိတ်ထဲက ဘဏ်စာအုပ်ကို ဖွင့်ကြည့်ပြီး ဘဏ်စာရင်းလက်ကျန် ခြောက်သောင်းခုနှစ်ထောင်တွေ့တော့ နောက်ထပ်ဘယ်ဘဏ်မှာ စာရင်း ဖွင့်ထားသေးသလဲ လုပ်ပြန်ပါတယ်။ ကျနော့်တအိမ်လုံး အိပ်ခန်းပါမကျန် မွှေနှောက်ပြီးတဲ့နောက်တော့ ဘာမပြောညာမပြော တပည့်ကျော် ကျော်ဝင်းဌေးကို သုံးလေးချက် ဆောင့်ကန်ပါတော့တယ်။
ကျနော်က မလုပ်နဲ့ဆိုပြီး ဝင်တားတဲ့အခါမှာတော့ သေနတ်ကိုင်ထားတဲ့ တယောက်ဟာ ကျန်တဲ့ လက်တဖက်နဲ့ ကျနော့် နားရင်းကို လှမ်းရိုက်လိုက်ပြန်ပါတယ်။ သူရိုက်တဲ့ အရှိန်က သိပ်မပြင်းပေမဲ့ ကျနော့်စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားခဲ့ပါပြီ။ အင်အားချိန်ခွင်ညှာကို ပြန်ကြည့်လိုက်တော့ သူတို့က သေနတ်တလက်၊ လူသုံးယောက်၊ ကျနော်တို့က မိန်းမသား တယောက်နဲ့ အကြောက်လွန်နေတဲ့ တပည့်ကျော်။ ကျနော် အဆုံးအဖြတ်မှားရင် ဒုက္ခရောက်သွားနိုင်တာမို့ စိတ်ကိုလျော့လိုက်ရပါတယ်။
ငွေထုတ်စက်ဟာ ကျနော့်အိမ်နဲ့ တကီလိုတောင်မဝေးတဲ့ ဆဲဗင်းအလဲဗင်းဆိုင်မှာ ရှိနေတာမို့ နှစ်မိနစ်ဝန်းကျင် လောက်နဲ့ ရောက်သွားပြီး စိတ်ထဲမှာ စပ်ဖျင်းဖျင်းနဲ့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။
ကျနော်ငွေထုတ်ပြီး ကားပေါ်ပြန်ထိုင်လိုက်တဲ့အချိန်မှာ ဘတ်ခြောက်သောင်းကို ကားမောင်းတဲ့သူလက်ထဲကို ထည့်ပေးလိုက်တဲ့အချိန်မှာ ကျနော်ဟာ သူတို့ကားအတွင်းပိုင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး မှတ်ထားလိုက်ပါတယ်။ ကျနော့်အိမ်ပြန်ရောက်ပြီး ကားပေါ်ကအဆင်းမှာလည်း ဟွန်ဒါစီဗစ်အမျိုးအစား ကားနံပါတ် ကျောကျာန်း၊ချော်ချင် ၆၅၂၂ (ခရုန်ထစ်)ကို အလွတ်ကျက်ထား လိုက်ပါတော့တယ်။

ပတ်စပို့တွေကော၊ ဖုန်းတွေပါ ပြန်ပေးပြီး သူတို့ထွက်သွားလို့ နာရီဝက်အကြာမှာတော့ ကျနော်ဖုန်းဆက် ခေါ်တာကြောင့် ဖိချိုင်းရောက်လာပါတော့တယ်။ မင်းကို ငါလစဉ် တာဝန်ကျေပါလျက်နဲ့ ဒီလိုအလုပ်ခံရတာ သိပ်အရုပ်ဆိုးလွန်းတယ်လို့ အပြစ်တင်ရင်း ဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ သူက ခပ်တွေတွေစဉ်းစား လိုက်ရင်း .. ဒါဟာ ရဲအတုတွေပဲ ဖြစ်ရမယ်တဲ့ဗျာ။ ဒီမှာတင် ကျနော်က ဒါဆို သူတို့ ကားနံပါတ်ကို ငါမှတ်မိတယ်။ မင်းလိုက်ရှာရင် လွယ်လွယ်လေးလို့ ပြောလိုက်တော့ သူကချက်ချင်းဆိုသလို တောက်တခေါက်ခေါက်နဲ့ ထွက်သွားပြီး တရားခံတွေကို တောနင်းပါတော့တယ်။
အမှန်ပြောရရင် ဘတ်ခြောက်သောင်းဟာ ကျနော့်အတွက် သိပ်မှုစရာပမာဏတော့ မဟုတ်ပါဘူး။ သိက္ခာကို ထိပါးတယ် ဆိုတဲ့ အသိရယ်၊ ဖူးခက်မြို့ကြီးဟာ လုံခြုံမှုမရှိတော့ဘူးလား ဆိုတဲ့ အတွေးကြောင့် အခံရခက်တာတော့ အမှန်ပါပဲ။ တကယ်တော့ ဖူးခက်ရဲတွေထဲမှာ ကျနော့်ကိုမသိတဲ့သူ တော်တော်ရှား လှပါတယ်။
ကျနော့်အိမ်ကို ဖူးခက်ဒုတိယမြို့တော်ဝန်ကိုယ်တိုင် ဝင်ထွက်သွားလာဖူးပြီး စင်္ကာပူသွားလည်ချင်တယ်ဆိုလို့ သူရော သူ့ရုံးအဖွဲ့ကိုပါ ကျနော့်စားရိတ်နဲ့ ပို့ခဲ့ဖူးတဲ့အထိ ကျနော့်ပေါင်းသင်း ဆက်ဆံရေး အဝန်းအဝိုင်း ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ကိစ္စကိုကြည့်ရင် ကျနော့် ပေါင်းသင်းဆက်ဆံရေးဟာ အရာမထင်သလိုပါပဲကလားဗျာ။
နောက်တနေ့ မနက်အထိ ဖိချိုင်းဆီက ဘာမှပြန်ကြားချက် မရခဲ့ပါဘူး။ ဖြစ်ချင်တော့ မနက်ရှစ်နာရီလောက်မှာ ကိုယ်တိုင်ကားမောင်းပြီး ဝထေ့ဖ်အရပ်မှာရှိတဲ့ ကျနော့်ဆိုင်ရှိရာကို အလာ၊ အိမ်နဲ့မလှမ်းမကမ်းအရောက် နောက်ခန်းမှာထိုင်နေတဲ့ ဇနီးသည်က ရုတ်တရက် ဟိုကားက မနေ့ကရှင်ပြောတဲ့ ကားနံပါတ်ပါလား ဆိုပြီး ထအော်တာကြောင့် သေချာကြည့်လိုက်တော့၊ မီးပွိုင့်နဲ့ မလှမ်းမကမ်း ဆိုင်တခုရှေ့မှာ ရပ်ထားတဲ့ အဲဒီကားကို တွေ့လိုက်ရပါတော့တယ်။
ဒါနဲ့ ဖိချိုင်းကို .. မနေ့က ကား၊ အခု ငါတွေ့နေပြီ၊ မင်းလာခဲ့ပါဆိုပြီး ဖုန်းဆက်လိုက်တော့ ဆယ်မိနစ်အတွင်းမှာ ဖိချိုင်းဟာ ယာဉ်ထိန်းအရာရှိနဲ့ပေါက်ချလာပြီး သူ့နောက်မှာ ရဲကားတစီးပါ၊ ပါလာပါတော့တယ်။
သူက ကားကို အနီးကပ်သေချာကြည့်ခိုင်းပြီး ခင်ဗျားမှတ်မိတာ ဒီကားသေချာရဲ့လား ဆိုလို့ ကားရဲ့ခေါင်းခန်းကို ကြည့်လိုက်တော့ ဒက်ရှ်ဘုတ်ပေါ်မှာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေတဲ့ အရုပ်အဝါလေးဟာ မနေ့ကလိုပဲ ကျနော့်ကို နှုတ်ဆက်နေလေရဲ့။
တဆက်တည်းဆိုသလို ကျနော်ငွေလိုက်ထုတ်ပေးခဲ့တဲ့ အမ်မခန်ဆဲဗင်းအလဲဗင်းက စီစီတီဗီကို ရဲ ခြောက်ယောက်လောက်နဲ့ သွားစစ်ကြည့်တော့လည်း ကျနော်နဲ့ ဇာတ်လိုက်တယောက်ဟာ အဲဒီနေ့မနက် ကိုးနာရီလေးဆယ့်နှစ်မိနစ်၊ ငွေထုတ်စက်ရှေ့မှာ အလုပ်ရှုပ်နေပုံတွေကို ထင်ထင်ရှားရှား တွေ့ကြရပါတော့တယ်။ ကျနော်ပြောပြတဲ့ နံပတ်နဲ့ကားဟာလည်း စီစီတီဗီမှာ အထင်းသားကြီး ပါလာတော့တာပေါ့ဗျာ။
ဒီတော့ ဖိချိုင်းကော ရဲအဖွဲ့ပါ ကျနော့် ထွက်ချက်ကို ယုံကြည်သွားကြပြီး ချက်ချင်းဆိုသလို ကားကို ရှာဖွေပုံစံနဲ့ သိမ်းပါတော့တယ်။ အတိုချုပ်ရရင် အဲဒီည ဆယ်နာရီမှာ ကျနော်ရဲစခန်းကို လိုက်သွားပြီး အမှုဖွင့်ရပါတော့တယ်။ အဲဒီမှာလည်း အမှုဖွင့်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ထိုင်းရဲအရာရှိလေးဟာ ကျနော်ဗမာလူမျိုးဆိုတာ သိသွားတော့ မျက်နှာထား နည်းနည်းပြောင်းသွားတာကို သတိထားလိုက်မိပါတယ်။
စခန်းက အပြန်ကားပေါ်မှာ ကျနော့်တပည့် ကျော်ဝင်းဌေးပြောတဲ့ စကားတခွန်းကြောင့် ဇာတ်လမ်းဟာ ပိုရှုပ်လာပြန်ပါတယ်။ သူ့စကားအရ အဲဒီကားသိမ်းခဲ့တဲ့ အိမ်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က အလုပ်ထွက်သွားတဲ့ ကျနော့်ဒရိုင်ဘာ ဘလက်ဆိုတဲ့ငနဲ အမြဲဝင်ထွက်နေတဲ့ အိမ်ဆိုပဲ။
ရော...။ ဒါဆို ဒီကိစ္စဟာ ကျနော့်ဒရိုင်ဘာဟောင်းဘလက်နဲ့ ဆက်စပ်နေနိုင်တာပေါ့။ ဘလက်ဟာ အသက်လေးဆယ့်ငါးနှစ်လောက်ရှိတဲ့ ထိုင်းလူမျိုးပါ။ လွန်ခဲ့တဲ့ငါးလလောက်က အလုပ်အကိုင်မရှိတာကြောင့် ကျနော့်ဆိုင်နားက ဖိဝမ်ဆိုတဲ့ ကွတ်တီယိုဆိုင်က ထိုင်းအမျိုးသမီးကြီးတဦး အဆက်အသွယ်နဲ့ အလုပ်ခန့်ထား ခဲ့တာပါ။
အလုပ်ခန့်စဉ်တုန်းကတော့ ဘလက်ဟာ သူသိပ်ကြိုက်တဲ့ ဆေးလိပ်ကို တခါဝယ်နှစ်လိပ်နှုန်းသာ ဝယ်သောက်နိုင်ခဲ့ပေမဲ့ ကျနော့်ကားကိုမောင်းပြီး နှစ်လလောက်အကြာမှာ ဗူးလိုက်ဝယ်သောက်တဲ့ အဆင့်ရောက်လာပြီး လေသံပါ မာလာပါတော့တယ်။ အကြောင်းရင်းကတော့ ဘလက်ဟာ ကျနော့်ကားကို အသုံးပြုပြီး ဘိန်းစာရွက်(ဘိုင်ကထောင်) ရောင်းနေတာကြောင့်လို့ နောက်ပိုင်းမှာ ကျနော်သိလာရပါတော့ တယ်။
ဘိုင်ကထောင်ခေါ်တဲ့ ဘိန်းစာရွက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလေ့ကျပေါက်ပြီး မဟာမြန်မာတွေရဲ့ တီထွင်ဖန်တီးချက်နဲ့ ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်တွေနဲ့ ရောကျိုလိုက်ရင် အာစီယံခေါ်၊ မူးယစ်ဆေးတမျိုးဖြစ်လာတဲ့ အရွက်ပါပဲ။ ဘလက်ဆီကနေ တခဲနက်ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေကလည်း မဟာမြန်မာတွေပဲပေါ့ဗျာ ။

အဲဒီကိစ္စကို မလုပ်ဖို့ အကြိမ်ကြိမ်တားမြစ်ပေမဲ့ ဝင်ငွေသိပ်ကောင်းနေတာကြောင့် ဘလက်ဟာ အလုပ်ကထွက်တဲ့လမ်းကို ရွေးချယ်သွားခဲ့ပြီး တပတ်အကြာမှာ ကျနော်ဒီပြဿနာနဲ့ ရင်ဆိုင်ရတာပါပဲ။ တကယ်တော့ ဒီအမူအကျင့်ဟာ ထိုင်းလူမျိုး တော်တော်များများ အရိုးစွဲနေတဲ့အကျင့်ပါ။ အထူးသဖြင့် နိုင်ငံခြားသား အလုပ်ရှင်တွေအပေါ်မှာ ထိုင်းတွေလုပ်လေ့လုပ်ထ ရှိတဲ့ စရိုက်ပါ။
ကျနော်ဟာ နေ့စဉ်ဆိုသလို ရဲတွေလာပြတဲ့ မသင်္ကာသူတွေရဲ့ ဓာတ်ပုံတွေ၊ ခေါ်ပြတဲ့လူတွေကို ဟုတ်မဟုတ် လိုက်ကြည့်နေရပါတယ်။ ဒီနေ့အထိဆို ပြဿနာဖြစ်ခဲ့တာ လေးရက်မြောက်ခဲ့ပေမဲ့ တရားခံတွေကို မမိနိုင်သေးပါဘူး။ ဖိချိုင်းမျက်နှာကြောင့်လား၊ ဆောင်ရွက်နေကျ တာဝန်ပေပဲလား မဆိုနိုင်ပေမဲ့ ထိုင်းရဲတွေဟာ ကျနော့်အမှုကို နေ့ရောညပါ အပူတပြင်း လိုက်လံစုံစမ်းနေတာတော့ သေချာလှပါတယ်။ ဒီအတွက်တော့ ကျေးဇူးစကား ဆိုရပါမယ်။
ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ တဖြည်းဖြည်း ပူပင်စိတ် ဝင်လာပါတော့တယ်။ ဖူးခက်မြို့ကြီးဟာ ကမ္ဘာကျော် ခရီးသွားမြို့ကြီးဖြစ်သလို ရာဇဝတ်မှု အလွန်ထူပြောတဲ့ နေရာဒေသပါ။ ထိုင်းလူမျိုး လူမှောင်ခိုသွင်းတဲ့ ဂိုဏ်းအချင်းချင်း မသင့်မြတ်ရာကနေ ချမ်းမွန်ဆိုတဲ့ မွန်လူငယ်တယောက်ရဲ့ အိမ်ထဲဝင်ပြီး သေနတ်နဲ့ လေးငါးချက် ဝင်ပစ်သွားတာ တနှစ်ကျော်လောက်ပဲ ရှိပါအုံးမယ်။ ထိုင်းရဲတချို့ဆိုရင်လည်း ဗမာဆိုရင် လမ်းမှာဖမ်းစစ်ရင်း ရွှေအပေါင်လက်မှတ်တွေ့ရင်တောင် အတင်းသိမ်းပြီး သွားရွေးယူလိုက်ကြတဲ့အထိ လက်ရဲဇက်ရဲနိုင်ပါတယ်။ ထိုင်းတောင်ပိုင်းက ရာဘာခြံတော်တော်များများက မြန်မာပြည်ဖွား အလုပ်သမားတွေ လည်း မကြာခဏဆိုသလို ဓားမြတိုက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ အသတ်ခံရဆိုတဲ့ သတင်းတွေဟာ မကြားချင်မှ အဆုံးမဟုတ်လား။
လူဆိုးတွေရဲ့ရုပ်သွင်ကို သေချာပေါက်မှတ်မိနေတဲ့ ကျနော့်တို့ဟာ ဘယ်မှာလာ အိပ်ကောင်းခြင်း အိပ်နိုင်ပါတော့မလဲ။
နောက်ဆုံးတော့ တရားခံမမိခင်စပ်ကြား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့သာ၊ ဗမာ့သွေးနဲ့ ရဲဆေးတင်၊ ဆုံးဖြတ်၊ နေ့ရောညပါ ခြံတံခါးကိုသော့ခတ်၊ ညဆို တအိမ်လုံး သော့ကုန်လျှောက်ခတ်ပြီး ဓားတလက် ခေါင်းအုံးအိပ်နေရ တော့တာပါပဲ ။
တပည့်ကျော် ကျော်ဝင်းဌေးကတော့ ဦးလေးရယ်၊ သူတို့သာ ကိုယ့်အိမ်ထဲဝင်လာရဲလို့ကတော့ ဘာမလဲစရာ ရှိသလဲ။ သူတသက် ကိုယ်တသက်ပေါ့ဆိုပြီး ဗမာ့သွေးကို ကြွေးကြော်နေလေရဲ့။
အေးဗျာ...။ ကျနော်လို တရားဝင်ပတ်စပို့၊ ကိုယ်ပိုင်ကုမ္ပဏီအခိုင်အမာနဲ့ နေတဲ့သူတောင် ဒီလို ဒုက္ခကြုံရတယ် ဆိုတော့ ထိုင်းနိုင်ငံတနံတလျား၊ တော်ရာအရပ်တွေမှာ သန်းနဲ့ချီရောက်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျနော်တို့လူမျိုးတွေရဲ့ နေ့စဉ်ဘဝကို စဉ်းစားသာကြည့်ပေတော့ဗျာ။ ကျနော်တို့လူမျိုးတွေအတွက် ဒီလို ကျီးလန့်စာစား၊ ချောက်ချောက်ခြားခြား ဘဝမျိုးကနေ ဘယ်တော့များမှ လွတ်ကြမှာပါလိမ့်။ သားစဉ်မြေးဆက် ဒီဘဝမျိုးနဲ့ ဆက်ရှိနေကြအုံးမယ် ဆိုရင်တော့ လွတ်မြောက်ရာလမ်းကို ရှာကြရပါလိမ့်မယ်။ အဲဒီလွတ်မြောက် ရေးမှာ ဓားတို့ သေနတ်တို့ဆိုတာ ဆက်ပါနေရအုံးမယ် ဆိုရင်လည်း မှတပါးအခြားမရှိလို့သာ ထင်မိတာ ပါပဲ၊ ဟော....၊ ပြောရင်းဆိုရင်း ထိုင်းတီဗီမှာ လစ်ဗျားက သေနတ်သံတွေ ကြားနေရပြီကောဗျာ ။
ကျနော်ဒီစာကိုရေးနေချိန်ဟာ ညတနာရီထိုးပြီးပါပြီ။ တနှစ်မှာသုံးလလောက်တခေါက်တကျင်း ကျနော်ရှိရာ ဖူးခက်မြို့ကို ရောက်,ရောက်လာတတ်တဲ့ ဇနီးသည်ဟာ ကျနော့်မနီးမဝေးမှာ အိပ်ပျော်နေရှာပါတယ်။ အောက်ထပ်က ကားဂိုဒေါင်မှာတော့ တပည့်ကျော် ကျော်ဝင်းဌေးလည်း အိပ်ပျော်နေလောက်ပြီ ထင်ပါတယ်။ ကျနော့်အိမ်ရှိနေတဲ့ အမ်မခန်ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေပါပြီ။ တခါတခါမှာတော့ ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတွေဖြတ်မောင်းနေတဲ့ အသံတွေကို ကြားနေရပါတယ်။
ဒီစာကိုရေးနေတဲ့ ကျနော်နဲ့ လက်တကမ်းမှာ လက်ကိုင်အရိုးနဲ့ပါဆိုရင် အရှည်တပေခွဲလောက်ရှိတဲ့ ဂျပန်ကင် ဒိုဓားတချောင်း ရှိနေလေရဲ့။ တကယ်ဆို ဒီဓားဟာ ကျနော့်အသက် အရွယ်နဲ့ သိပ်တော့ အပ်စပ်လှတဲ့ အရာတော့ မဟုတ်ပေဘူး။
ရှုပ်ထွေးများမြောင်လှတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ကျနော့်စိတ်ရဲ့ အတွင်းပိုင်းမှာ အေးချမ်းတဲ့ ဘဝတခုကို မျှော်လင့်တည်ဆောက်နေခဲ့တာ ရှစ်နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ ချမ်းသာခဲ့ဖူးပြီ။ ဆင်းရဲခဲ့ဖူးပြီ။ နေပူဆူးကြမ်း ခယောင်းလမ်းသာမက ဖဲမွေ့ယာရွှေကော်ဇောနဲ့လည်း ကျနော်နေခဲ့ဖူးပြီမို့ လောကဓံအတက်အကျကို ကျနော် အထိုက်အလျောက် သံဝေဂယူနိုင်ခဲ့ပြီ။
သို့တစေ လက်ရှိအချိန်မှာတော့ ရန်သူဟာအသက်ကို အချိန်မရွေး ရန်ရှာလာနိုင်တာကြောင့် ဓားဆောင်ရတဲ့ ဘဝကိုရောက်ရပြန်ပြီ။ ကျနော်အိပ်မပျော်နိုင်ပါဘူး။ ရန်သူဟာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာက ပေါ်လာနိုင်တယ် မဟုတ်လား။ ဘယ်က ရန်သူလဲ? ဘာကြောင့်လဲ? ဆိုတော့ ဇာတ်လမ်းက ဒီလိုပါဗျာ။
………………………
ကျနော့်ဘဝ ကျနော့်အကြောင်းနဲ့ ရေကြည်ရာမြက်နုရာလို့ထင်ရတဲ့ ထိုင်းနိုင်ငံဖူးခက်မြို့ကို ကျနော် ရောက်နေတာ ခုနှစ်နှစ်ကျော်ခဲ့ပါပြီ။ ဖူးခက်ကို ရောက်ပုံကလည်း ဒီနေရာဒီအရပ်မှာ ဖူးခက်ဆိုတဲ့မြို့ ရှိလေရဲ့ဆိုတဲ့ အသိတခုတည်းနဲ့ အိတ်တလုံးဆွဲပြီး၊ တကိုယ်ထီးတည်း ခရီးနှင်ခဲ့တာပါပဲ။
ကျနော့်မှာပါလာတဲ့ ထိုင်းဘတ်တသန်းဝန်းကျင်လောက်နဲ့ ဗမာဈေးဆိုင်လေးတဆိုင်ဖြစ်မြောက်ဖို့ ကျားခုတ်ကျားခဲလုံးပန်းခဲ့တာကြောင့် နှစ်နှစ်လောက်အကြာမှာ အခြေကျခဲ့ရော ဆိုပါစို့။
ဆိုပါစို့လို့သာ ပြောရတာ တကယ်တော့ ရေမြေအသစ်မှာ အခြေချရတဲ့ဘဝဟာ လွယ်လှတယ်တော့ မဆိုနိုင်ပါဘူး။
နယ်ချင်းဆက်နေတဲ့ ဒီတိုင်းပြည်မှာ ဗမာဖြစ်ရတဲ့ ဒုက္ခဟာ ဒီလောက်ကြီးလိမ့်မယ်လို့ ကျနော် တွေးတောင် မတွေးမိတာ အမှန်ပါ။ ပတ်ဝန်းကျင်က ထိုင်းလူမျိုးအတော်များများရဲ့  အထင်သေးတဲ့အကြည့်၊ ထိုင်းရဲအတော် များများ ပေးတဲ့ ဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို ရေးပြနေရင် မိုးစင်စင်လင်းသွားနိုင်တာမို့ ဒီမှာတင်ရပ်ပြီး လိုရင်းကိုပဲ ပြောပါတော့မယ်။
………………………
ကျနော့်စိတ်ထဲမှာ နည်းနည်းထူးဆန်းနေသလို ထင်လိုက်တာကြောင့် ဘာကိစ္စရှိလို့လဲဆိုပြီး တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။ ဒီတော့ ကိုယ်တော်ချောတွေက ပတ်စပို့ ပတ်စပို့ ဆိုပြီး လုပ်ပြန်ပါတယ်။ ကျနော်လည်း ကျော်ဝင်းဌေးရဲ့ အလုပ်သမားကဒ်ရယ်၊ ကျနော်တို့ ဇနီးမောင်နှံရဲ့ ပတ်စပို့တွေရယ် ထုတ်ပြလိုက်တော့ စာအုပ်တွေကို ဖွင့်တောင်မကြည့်ဘဲ သိမ်းလိုက်ပါတော့တယ်။ နောက် တဆက်တည်း ဆိုသလို ကျနော့် ပစ္စည်းဂိုဒေါင်ကို ဖွင့်ပြီး တောင်ရှာမြောက်ရှာ လုပ်ပြန်ပါတယ်။
……………………………
ဒီအတွက် ကျနော်မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖူးခက်မှာ တခုတည်းသော ဗမာဆိုင်ကို မိတ်ဆွေ ထိုင်းတယောက်နာမည်ခံပြီး အထင်ကရ လူသိရှင်ကြားဖွင့်ထားတာပါ။ ဖူးခက်မြို့မရဲစခန်း (စံမကောင်း စခန်း)က သတ်မှတ်တဲ့ လစဉ်ကြေး ဘတ်သုံးထောင်လည်း မှန်မှန်ပေးနေတာကြောင့်လည်း ပါပါတယ်။ရွှေဧည့်သည်သုံးယောက်ဟာ ဒီအချက်ကို သိနေပြီးသားထင်ပါရဲ့။ ကျနော့်ဂိုဒေါင် အပြည့်နီးပါးရှိနေတဲ့ ဗမာစားသောက်ကုန်တွေ၊ ဆေးဝါးတွေကို သိပ်စိတ်ဝင်စားဟန်မပြဘဲ တစုံတခုကို သည်းသည်းမဲမဲ ရှာနေပြန် ပါတယ်။
ဆယ်မိနစ်လောက် တောင်လှန်မြောက်လှန်လုပ်ပြီးတော့ ချောင်ကြိုချောင်ကြားက လေးကီလိုလောက်လေးမဲ့ အထုပ်တထုပ်ကို ဆွဲထုတ်လာပါတယ်။ အဲဒီအထုပ်ကို ကျနော်မြင်ရုံနဲ့ ဒါဟာ ကွမ်းစားဆေးအထုပ်ဆိုတာ ကျနော်သိလိုက်ပေမဲ့ ဒီအတွက်လည်း ကျနော်မပူပြန်ပါဘူး။ အခွန်မဲ့ ဆေးလိပ်ဆေးရွက်ကြီးတွေကို ရှာဖွေဖမ်းဆီးတဲ့ အဖွဲ့ခေါင်းဆောင်အင်စပက်တာ ဖိချိုင်းဟာ ကျနော့်မိတ်ဆွေအရင်းကြီး ဖြစ်တဲ့အပြင် သူတို့သတ်မှတ်တဲ့ လစဉ်ကြေး ထိုင်းဘတ်ငါးထောင်လည်း မပျက်မကွက်ပေးနေကျမို့ ကျနော်မပူတာပါ။
ဒီမှာတင် အသက်လေးဆယ်ဝန်းကျင် အရပ်မြင့်မြင့်ကိုယ်တော်က ဒီဆေးရွက်ကြီးတွေဟာ ပြစ် ဒဏ်သိပ်ကြီးတယ်ဆိုတာ သိတယ်မဟုတ်လားဆိုပြီး စခန်းကိုလိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီတော့ ကျနော်က လက်ထဲက တယ်လီဖုန်းနဲ့ ဖိချိုင်းဆီဖုန်းဆက်ဖို့ ပြင်လိုက်ချိန်မှာတော့ အဲဒီလူဟာ သူ့ခါးကြားက သေနတ်ကို ထုတ်ချိန်ရင်း ကျနော့်လက်ထဲက ဖုန်းရော၊ ကျော်ဝင်းဌေးဆီက ဖုန်းကိုပါ သိမ်းလိုက်ပါတော့တယ်။
တခုခုမှားနေပြီဆိုတာ ကျနော်သိလိုက်ပါပြီ။ တကယ်တော့ အိမ်ကိုဝင်စစ်ဖူးတဲ့ ရဲမှန်သမျှ လက်ကိုင်ဖုန်းကို သိမ်းလေ့မရှိပါဘူး။ ပြသနာကြုံလို့ ကျနော်ဖုန်းဆက်လိုက်ရင် ကျနော့်မိတ်ဆွေ ထိုင်းရဲတယောက်မဟုတ်၊ တယောက်ရောက်လာပြီး ညှိလိုက်နှိုင်းလိုက်ရင် လက်ဖက်ရည်ဖိုး ဘီယာဖိုးနဲ့တင် ပြီးသွားတာ ထုံးစံလိုဖြစ်နေပါပြီ။ တိုတိုပြောရရင် ဒီမောင်တွေဟာ စခန်းကိုခေါ်ဖို့ စကားမဟတော့ဘဲ ကျနော်ဆီကနေ ထိုင်းဘတ်သုံးသိန်း ထုတ်ပေးဖို့ အကြပ်ကိုင်ပါတော့တယ်။
ကျားသားမိုးကြိုး ဘတ်သုံးသိန်းတဲ့ဗျာ။ ကျနော်လည်း စကားနည်းရန်စဲဆိုပြီး ထိုင်းဘတ်တသောင်းပေးမယ်၊ ပြန်ကြပါတော့ဆိုတော့ ပွဲကပိုကြမ်းသွားပါလေရော။
သုံးသိန်းမရရင် နှစ်သိန်းပေးရမတဲ့။ ဒါတင်မကဘူး။ ကျနော့်လက်ကိုင်အိတ်ထဲက ဘဏ်စာအုပ်ကို ဖွင့်ကြည့်ပြီး ဘဏ်စာရင်းလက်ကျန် ခြောက်သောင်းခုနှစ်ထောင်တွေ့တော့ နောက်ထပ်ဘယ်ဘဏ်မှာ စာရင်း ဖွင့်ထားသေးသလဲ လုပ်ပြန်ပါတယ်။ ကျနော့်တအိမ်လုံး အိပ်ခန်းပါမကျန် မွှေနှောက်ပြီးတဲ့နောက်တော့ ဘာမပြောညာမပြော တပည့်ကျော် ကျော်ဝင်းဌေးကို သုံးလေးချက် ဆောင့်ကန်ပါတော့တယ်။
ကျနော်က မလုပ်နဲ့ဆိုပြီး ဝင်တားတဲ့အခါမှာတော့ သေနတ်ကိုင်ထားတဲ့ တယောက်ဟာ ကျန်တဲ့ လက်တဖက်နဲ့ ကျနော့် နားရင်းကို လှမ်းရိုက်လိုက်ပြန်ပါတယ်။ သူရိုက်တဲ့ အရှိန်က သိပ်မပြင်းပေမဲ့ ကျနော့်စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားခဲ့ပါပြီ။ အင်အားချိန်ခွင်ညှာကို ပြန်ကြည့်လိုက်တော့ သူတို့က သေနတ်တလက်၊ လူသုံးယောက်၊ ကျနော်တို့က မိန်းမသား တယောက်နဲ့ အကြောက်လွန်နေတဲ့ တပည့်ကျော်။ ကျနော် အဆုံးအဖြတ်မှားရင် ဒုက္ခရောက်သွားနိုင်တာမို့ စိတ်ကိုလျော့လိုက်ရပါတယ်။
………………………
နောက်ဆုံးတော့ လေးဆယ်ဝန်းကျင်နှစ်ယောက်အနက် တယောက်က သေနတ်နဲ့ ကျနော့်ကိုချိန်ရင်း ကျန်တယောက်က ကားမောင်းပြီးတော့ ကျနော့်အိမ်မလှမ်းမကမ်းက ငွေထုတ်စက်ရှိရာကို ခေါ်သွားကြ ပါတော့တယ်။ အသက်ငါးဆယ်ကျော် အဖိုးကြီးကတော့ ကျနော့်အိမ်မှာ ကျနော့်အဖွဲ့သားနှစ်ယောက်ကို စောင့်ကြည့်ရင်း ကျန်ခဲ့ကြရောဆိုပါတော့။ငွေထုတ်စက်ဟာ ကျနော့်အိမ်နဲ့ တကီလိုတောင်မဝေးတဲ့ ဆဲဗင်းအလဲဗင်းဆိုင်မှာ ရှိနေတာမို့ နှစ်မိနစ်ဝန်းကျင် လောက်နဲ့ ရောက်သွားပြီး စိတ်ထဲမှာ စပ်ဖျင်းဖျင်းနဲ့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။
ကျနော်ငွေထုတ်ပြီး ကားပေါ်ပြန်ထိုင်လိုက်တဲ့အချိန်မှာ ဘတ်ခြောက်သောင်းကို ကားမောင်းတဲ့သူလက်ထဲကို ထည့်ပေးလိုက်တဲ့အချိန်မှာ ကျနော်ဟာ သူတို့ကားအတွင်းပိုင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး မှတ်ထားလိုက်ပါတယ်။ ကျနော့်အိမ်ပြန်ရောက်ပြီး ကားပေါ်ကအဆင်းမှာလည်း ဟွန်ဒါစီဗစ်အမျိုးအစား ကားနံပါတ် ကျောကျာန်း၊ချော်ချင် ၆၅၂၂ (ခရုန်ထစ်)ကို အလွတ်ကျက်ထား လိုက်ပါတော့တယ်။
…………………………

ပတ်စပို့တွေကော၊ ဖုန်းတွေပါ ပြန်ပေးပြီး သူတို့ထွက်သွားလို့ နာရီဝက်အကြာမှာတော့ ကျနော်ဖုန်းဆက် ခေါ်တာကြောင့် ဖိချိုင်းရောက်လာပါတော့တယ်။ မင်းကို ငါလစဉ် တာဝန်ကျေပါလျက်နဲ့ ဒီလိုအလုပ်ခံရတာ သိပ်အရုပ်ဆိုးလွန်းတယ်လို့ အပြစ်တင်ရင်း ဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ သူက ခပ်တွေတွေစဉ်းစား လိုက်ရင်း .. ဒါဟာ ရဲအတုတွေပဲ ဖြစ်ရမယ်တဲ့ဗျာ။ ဒီမှာတင် ကျနော်က ဒါဆို သူတို့ ကားနံပါတ်ကို ငါမှတ်မိတယ်။ မင်းလိုက်ရှာရင် လွယ်လွယ်လေးလို့ ပြောလိုက်တော့ သူကချက်ချင်းဆိုသလို တောက်တခေါက်ခေါက်နဲ့ ထွက်သွားပြီး တရားခံတွေကို တောနင်းပါတော့တယ်။
အမှန်ပြောရရင် ဘတ်ခြောက်သောင်းဟာ ကျနော့်အတွက် သိပ်မှုစရာပမာဏတော့ မဟုတ်ပါဘူး။ သိက္ခာကို ထိပါးတယ် ဆိုတဲ့ အသိရယ်၊ ဖူးခက်မြို့ကြီးဟာ လုံခြုံမှုမရှိတော့ဘူးလား ဆိုတဲ့ အတွေးကြောင့် အခံရခက်တာတော့ အမှန်ပါပဲ။ တကယ်တော့ ဖူးခက်ရဲတွေထဲမှာ ကျနော့်ကိုမသိတဲ့သူ တော်တော်ရှား လှပါတယ်။
ကျနော့်အိမ်ကို ဖူးခက်ဒုတိယမြို့တော်ဝန်ကိုယ်တိုင် ဝင်ထွက်သွားလာဖူးပြီး စင်္ကာပူသွားလည်ချင်တယ်ဆိုလို့ သူရော သူ့ရုံးအဖွဲ့ကိုပါ ကျနော့်စားရိတ်နဲ့ ပို့ခဲ့ဖူးတဲ့အထိ ကျနော့်ပေါင်းသင်း ဆက်ဆံရေး အဝန်းအဝိုင်း ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ကိစ္စကိုကြည့်ရင် ကျနော့် ပေါင်းသင်းဆက်ဆံရေးဟာ အရာမထင်သလိုပါပဲကလားဗျာ။
…………………………
နောက်တနေ့ မနက်အထိ ဖိချိုင်းဆီက ဘာမှပြန်ကြားချက် မရခဲ့ပါဘူး။ ဖြစ်ချင်တော့ မနက်ရှစ်နာရီလောက်မှာ ကိုယ်တိုင်ကားမောင်းပြီး ဝထေ့ဖ်အရပ်မှာရှိတဲ့ ကျနော့်ဆိုင်ရှိရာကို အလာ၊ အိမ်နဲ့မလှမ်းမကမ်းအရောက် နောက်ခန်းမှာထိုင်နေတဲ့ ဇနီးသည်က ရုတ်တရက် ဟိုကားက မနေ့ကရှင်ပြောတဲ့ ကားနံပါတ်ပါလား ဆိုပြီး ထအော်တာကြောင့် သေချာကြည့်လိုက်တော့၊ မီးပွိုင့်နဲ့ မလှမ်းမကမ်း ဆိုင်တခုရှေ့မှာ ရပ်ထားတဲ့ အဲဒီကားကို တွေ့လိုက်ရပါတော့တယ်။
ဒါနဲ့ ဖိချိုင်းကို .. မနေ့က ကား၊ အခု ငါတွေ့နေပြီ၊ မင်းလာခဲ့ပါဆိုပြီး ဖုန်းဆက်လိုက်တော့ ဆယ်မိနစ်အတွင်းမှာ ဖိချိုင်းဟာ ယာဉ်ထိန်းအရာရှိနဲ့ပေါက်ချလာပြီး သူ့နောက်မှာ ရဲကားတစီးပါ၊ ပါလာပါတော့တယ်။
သူက ကားကို အနီးကပ်သေချာကြည့်ခိုင်းပြီး ခင်ဗျားမှတ်မိတာ ဒီကားသေချာရဲ့လား ဆိုလို့ ကားရဲ့ခေါင်းခန်းကို ကြည့်လိုက်တော့ ဒက်ရှ်ဘုတ်ပေါ်မှာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေတဲ့ အရုပ်အဝါလေးဟာ မနေ့ကလိုပဲ ကျနော့်ကို နှုတ်ဆက်နေလေရဲ့။
…………………………
တဆက်တည်းဆိုသလို ကျနော်ငွေလိုက်ထုတ်ပေးခဲ့တဲ့ အမ်မခန်ဆဲဗင်းအလဲဗင်းက စီစီတီဗီကို ရဲ ခြောက်ယောက်လောက်နဲ့ သွားစစ်ကြည့်တော့လည်း ကျနော်နဲ့ ဇာတ်လိုက်တယောက်ဟာ အဲဒီနေ့မနက် ကိုးနာရီလေးဆယ့်နှစ်မိနစ်၊ ငွေထုတ်စက်ရှေ့မှာ အလုပ်ရှုပ်နေပုံတွေကို ထင်ထင်ရှားရှား တွေ့ကြရပါတော့တယ်။ ကျနော်ပြောပြတဲ့ နံပတ်နဲ့ကားဟာလည်း စီစီတီဗီမှာ အထင်းသားကြီး ပါလာတော့တာပေါ့ဗျာ။
ဒီတော့ ဖိချိုင်းကော ရဲအဖွဲ့ပါ ကျနော့် ထွက်ချက်ကို ယုံကြည်သွားကြပြီး ချက်ချင်းဆိုသလို ကားကို ရှာဖွေပုံစံနဲ့ သိမ်းပါတော့တယ်။ အတိုချုပ်ရရင် အဲဒီည ဆယ်နာရီမှာ ကျနော်ရဲစခန်းကို လိုက်သွားပြီး အမှုဖွင့်ရပါတော့တယ်။ အဲဒီမှာလည်း အမှုဖွင့်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ထိုင်းရဲအရာရှိလေးဟာ ကျနော်ဗမာလူမျိုးဆိုတာ သိသွားတော့ မျက်နှာထား နည်းနည်းပြောင်းသွားတာကို သတိထားလိုက်မိပါတယ်။
စခန်းက အပြန်ကားပေါ်မှာ ကျနော့်တပည့် ကျော်ဝင်းဌေးပြောတဲ့ စကားတခွန်းကြောင့် ဇာတ်လမ်းဟာ ပိုရှုပ်လာပြန်ပါတယ်။ သူ့စကားအရ အဲဒီကားသိမ်းခဲ့တဲ့ အိမ်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က အလုပ်ထွက်သွားတဲ့ ကျနော့်ဒရိုင်ဘာ ဘလက်ဆိုတဲ့ငနဲ အမြဲဝင်ထွက်နေတဲ့ အိမ်ဆိုပဲ။
ရော...။ ဒါဆို ဒီကိစ္စဟာ ကျနော့်ဒရိုင်ဘာဟောင်းဘလက်နဲ့ ဆက်စပ်နေနိုင်တာပေါ့။ ဘလက်ဟာ အသက်လေးဆယ့်ငါးနှစ်လောက်ရှိတဲ့ ထိုင်းလူမျိုးပါ။ လွန်ခဲ့တဲ့ငါးလလောက်က အလုပ်အကိုင်မရှိတာကြောင့် ကျနော့်ဆိုင်နားက ဖိဝမ်ဆိုတဲ့ ကွတ်တီယိုဆိုင်က ထိုင်းအမျိုးသမီးကြီးတဦး အဆက်အသွယ်နဲ့ အလုပ်ခန့်ထား ခဲ့တာပါ။
အလုပ်ခန့်စဉ်တုန်းကတော့ ဘလက်ဟာ သူသိပ်ကြိုက်တဲ့ ဆေးလိပ်ကို တခါဝယ်နှစ်လိပ်နှုန်းသာ ဝယ်သောက်နိုင်ခဲ့ပေမဲ့ ကျနော့်ကားကိုမောင်းပြီး နှစ်လလောက်အကြာမှာ ဗူးလိုက်ဝယ်သောက်တဲ့ အဆင့်ရောက်လာပြီး လေသံပါ မာလာပါတော့တယ်။ အကြောင်းရင်းကတော့ ဘလက်ဟာ ကျနော့်ကားကို အသုံးပြုပြီး ဘိန်းစာရွက်(ဘိုင်ကထောင်) ရောင်းနေတာကြောင့်လို့ နောက်ပိုင်းမှာ ကျနော်သိလာရပါတော့ တယ်။
ဘိုင်ကထောင်ခေါ်တဲ့ ဘိန်းစာရွက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလေ့ကျပေါက်ပြီး မဟာမြန်မာတွေရဲ့ တီထွင်ဖန်တီးချက်နဲ့ ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်တွေနဲ့ ရောကျိုလိုက်ရင် အာစီယံခေါ်၊ မူးယစ်ဆေးတမျိုးဖြစ်လာတဲ့ အရွက်ပါပဲ။ ဘလက်ဆီကနေ တခဲနက်ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေကလည်း မဟာမြန်မာတွေပဲပေါ့ဗျာ ။
…………………………

အဲဒီကိစ္စကို မလုပ်ဖို့ အကြိမ်ကြိမ်တားမြစ်ပေမဲ့ ဝင်ငွေသိပ်ကောင်းနေတာကြောင့် ဘလက်ဟာ အလုပ်ကထွက်တဲ့လမ်းကို ရွေးချယ်သွားခဲ့ပြီး တပတ်အကြာမှာ ကျနော်ဒီပြဿနာနဲ့ ရင်ဆိုင်ရတာပါပဲ။ တကယ်တော့ ဒီအမူအကျင့်ဟာ ထိုင်းလူမျိုး တော်တော်များများ အရိုးစွဲနေတဲ့အကျင့်ပါ။ အထူးသဖြင့် နိုင်ငံခြားသား အလုပ်ရှင်တွေအပေါ်မှာ ထိုင်းတွေလုပ်လေ့လုပ်ထ ရှိတဲ့ စရိုက်ပါ။
ကျနော်ဟာ နေ့စဉ်ဆိုသလို ရဲတွေလာပြတဲ့ မသင်္ကာသူတွေရဲ့ ဓာတ်ပုံတွေ၊ ခေါ်ပြတဲ့လူတွေကို ဟုတ်မဟုတ် လိုက်ကြည့်နေရပါတယ်။ ဒီနေ့အထိဆို ပြဿနာဖြစ်ခဲ့တာ လေးရက်မြောက်ခဲ့ပေမဲ့ တရားခံတွေကို မမိနိုင်သေးပါဘူး။ ဖိချိုင်းမျက်နှာကြောင့်လား၊ ဆောင်ရွက်နေကျ တာဝန်ပေပဲလား မဆိုနိုင်ပေမဲ့ ထိုင်းရဲတွေဟာ ကျနော့်အမှုကို နေ့ရောညပါ အပူတပြင်း လိုက်လံစုံစမ်းနေတာတော့ သေချာလှပါတယ်။ ဒီအတွက်တော့ ကျေးဇူးစကား ဆိုရပါမယ်။
ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ တဖြည်းဖြည်း ပူပင်စိတ် ဝင်လာပါတော့တယ်။ ဖူးခက်မြို့ကြီးဟာ ကမ္ဘာကျော် ခရီးသွားမြို့ကြီးဖြစ်သလို ရာဇဝတ်မှု အလွန်ထူပြောတဲ့ နေရာဒေသပါ။ ထိုင်းလူမျိုး လူမှောင်ခိုသွင်းတဲ့ ဂိုဏ်းအချင်းချင်း မသင့်မြတ်ရာကနေ ချမ်းမွန်ဆိုတဲ့ မွန်လူငယ်တယောက်ရဲ့ အိမ်ထဲဝင်ပြီး သေနတ်နဲ့ လေးငါးချက် ဝင်ပစ်သွားတာ တနှစ်ကျော်လောက်ပဲ ရှိပါအုံးမယ်။ ထိုင်းရဲတချို့ဆိုရင်လည်း ဗမာဆိုရင် လမ်းမှာဖမ်းစစ်ရင်း ရွှေအပေါင်လက်မှတ်တွေ့ရင်တောင် အတင်းသိမ်းပြီး သွားရွေးယူလိုက်ကြတဲ့အထိ လက်ရဲဇက်ရဲနိုင်ပါတယ်။ ထိုင်းတောင်ပိုင်းက ရာဘာခြံတော်တော်များများက မြန်မာပြည်ဖွား အလုပ်သမားတွေ လည်း မကြာခဏဆိုသလို ဓားမြတိုက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ အသတ်ခံရဆိုတဲ့ သတင်းတွေဟာ မကြားချင်မှ အဆုံးမဟုတ်လား။
လူဆိုးတွေရဲ့ရုပ်သွင်ကို သေချာပေါက်မှတ်မိနေတဲ့ ကျနော့်တို့ဟာ ဘယ်မှာလာ အိပ်ကောင်းခြင်း အိပ်နိုင်ပါတော့မလဲ။
……………………
နယ်မြေထိုင်းရဲတွေကတော့ ကျနော့်အိမ်ဝန်းကျင်ကို ပတ်တယောင်ချထားပေးပြီး စောင့်ကြည့်ပေးမယ် ဆိုပါတယ်။ အိမ်မှာလည်း စီစီတီဗီကင်မရာတပ်ထားပါလို့ ညွန်ကြားလေရဲ့။ ကျနော့်အိမ်ဟာ ဖူးခက်မြို့ အမ်မခန်အရပ်က ဆိတ်ငြိမ်ရပ်ကွက်မှာ ရှိနေတာကြောင့် မြို့နဲ့နည်းနည်းလှမ်းပါတယ်။ ဘေးပတ်ဝန်းကျင်တွေ က အိမ်တွေကလည်း လူဝင်လူထွက် အင်မတန်နည်းတာကြာင့် အရေးအကြောင်းဆို အကူအညီလွယ်လွယ်ရဖို့ လမ်းမမြင်လှပါဘူး။နောက်ဆုံးတော့ တရားခံမမိခင်စပ်ကြား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့သာ၊ ဗမာ့သွေးနဲ့ ရဲဆေးတင်၊ ဆုံးဖြတ်၊ နေ့ရောညပါ ခြံတံခါးကိုသော့ခတ်၊ ညဆို တအိမ်လုံး သော့ကုန်လျှောက်ခတ်ပြီး ဓားတလက် ခေါင်းအုံးအိပ်နေရ တော့တာပါပဲ ။
တပည့်ကျော် ကျော်ဝင်းဌေးကတော့ ဦးလေးရယ်၊ သူတို့သာ ကိုယ့်အိမ်ထဲဝင်လာရဲလို့ကတော့ ဘာမလဲစရာ ရှိသလဲ။ သူတသက် ကိုယ်တသက်ပေါ့ဆိုပြီး ဗမာ့သွေးကို ကြွေးကြော်နေလေရဲ့။
………………………
အေးဗျာ...။ ကျနော်လို တရားဝင်ပတ်စပို့၊ ကိုယ်ပိုင်ကုမ္ပဏီအခိုင်အမာနဲ့ နေတဲ့သူတောင် ဒီလို ဒုက္ခကြုံရတယ် ဆိုတော့ ထိုင်းနိုင်ငံတနံတလျား၊ တော်ရာအရပ်တွေမှာ သန်းနဲ့ချီရောက်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျနော်တို့လူမျိုးတွေရဲ့ နေ့စဉ်ဘဝကို စဉ်းစားသာကြည့်ပေတော့ဗျာ။ ကျနော်တို့လူမျိုးတွေအတွက် ဒီလို ကျီးလန့်စာစား၊ ချောက်ချောက်ခြားခြား ဘဝမျိုးကနေ ဘယ်တော့များမှ လွတ်ကြမှာပါလိမ့်။ သားစဉ်မြေးဆက် ဒီဘဝမျိုးနဲ့ ဆက်ရှိနေကြအုံးမယ် ဆိုရင်တော့ လွတ်မြောက်ရာလမ်းကို ရှာကြရပါလိမ့်မယ်။ အဲဒီလွတ်မြောက် ရေးမှာ ဓားတို့ သေနတ်တို့ဆိုတာ ဆက်ပါနေရအုံးမယ် ဆိုရင်လည်း မှတပါးအခြားမရှိလို့သာ ထင်မိတာ ပါပဲ၊ ဟော....၊ ပြောရင်းဆိုရင်း ထိုင်းတီဗီမှာ လစ်ဗျားက သေနတ်သံတွေ ကြားနေရပြီကောဗျာ ။
……………………
မင်းဒင်ရေးသည်။

18 comments:
ဆရာရေ........
ဆရာရဲ ပုံမှန်ပရိတ်သတ် တစ်ယောက်ပါ။ ဘန်ကောက်က နှားပြင်း နှင်းပြားပါဘဲ။ တွေးကြည့်ရင် အသဲထိနာတာမို့ နှင်းပြား ဆိုတဲ စကားကြားရတာ အဆိပ်ခါးခါး ကို မြိုရသလိုပါဘဲဗျာ.....
ထင်းခွေ မကြုံ သေးပေမဲ ရေခပ်တဲအခါတော လွပ်အောင်ရှောင်ဖို့ ဒင်းတို့ကို တေးထားတယ်ဆရာ.......
စာများများရေးနိုင်ပါစေဗျာ.......
မင်္ဂလာပါ
ိဦးမင်းဒင်ရေ...ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိပါဘူးဗျာ...ထိုင်းရဲမို့ ညဘက်စောင့်ပေးမယ်ပြောတာပါ...ကျွန်တော်တို့ ရွှေရဲဆိုရင် ဒါမျိုးလုပ်ပေးဖို့ ဝေလာဝေး...မိတော့မယ်...သွားဖမ်းရမယ်ဆိုပြီး ခရီးစရိတ်လာလာတောင်းရင်း နောက်ထပ် ဘတ်ခြောက်သောင်းစာလောက် ထပ်ကုန်ပါလိမ့်ဦးမယ်...အစစ အဆင်ပြေ အေးချမ်းပါစေလို့ ဆုတောင်းပါတယ်ဗျာ...
အကို
ကြားရတာ စိတ်မကောင်းပါဘူး။ ကျွန်တော် လည်း အခုတလောစက်ရုံမှာ ဗမာ့ သွေးကို နေ့စဉ်နီးပါးပြနေရတယ်။ မပြလို့ မရလို့ ပြနေရတာပါ။နေရာတကာ သည်းခံ အလျှော့ပေးတာမကောင်းဘူးမဟုတ်ပါဘူး၊ ကောင်းပါတယ်။ ဒါပေမဲ့ သူ့နေရာနဲ့သူပေါ့။ကိုယ့်အမိနိုင်ငံမှာ ဆိုရင်တော့`သည်းခံခြင်းသည် အောင်မြင်ခြင်းပေါ့´၊ သူများနိုင်ငံမှာတော့ သည်းခံ လွန်းရင် ကိုယ့်အမျိုး ဂုဏ်ပါ ထိခိုက်နိုင်တာမို့၊ မတရားတာဆိုရင်တော့ သည်းမခံနိုင်ဘူး။ကျွန်တော် ကတော့ တယောက်ထဲနေရတယ် ဆိုပေမဲ့ အမေပေးထားတဲ့ နာမည် ကိုတော့တန်ဘိုးထား ပြီး ကိုယ့် ရွာမှာ ကြက်မ ဖြစ်ချင်ဖြစ်မယ်၊ သူများရွာမှာတော့ ကြက်ဖ ပဲ လုပ်မယ်။
(သူရ)
ကြားရတာ နားဝမှာမသက်သာပါလားခင်ဗျာ။
အစ်ကိုကြီးရေ သတိဆီုတာပီုတယ်မရှိပါဘူး။
ကိုသက်ခိုင်ရေ။ ကြားရတာ စိတ်မကောင်းဘူး။ ကျနော်တို့ တတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ပြည်ရှိရဲ့ သားနဲ့  သူများရပ်ရွာမှာ လာပြီး မျက်နှာ ငယ်နေရသလိုဖြစ်နေတယ်။ အမိမဲ့သား ရေနည်းငါးဆိုပါတော့လေ။ အမေရိကားမှာပဲနေနေ မလေးရှားမှာပဲနေနေ ထိုင်းမှာပဲ နေနေ ခံစားရတာတွေကတော့ အတူတူပါပဲ။ ဒီမှာလဲ asian ဆိုယင် တမျိုးပါပဲ။ ဥ ပဒေ သက်ရောက်မှုက အတူတူပေမဲ့ ဆက်ဆံခံရတာ မတူဘူး။ ကျနော်ကတော့ အောင်ကိုလတ် ဆိုထားတဲ့ 'မင်းအမြဲမှတ်ပါ မင်းမြန်မာ' ဆိုတဲ့ သီချင်းကို စိတ်အားတင်းတဲ့ အနေနဲ့ ဆိုမိတယ်။ ကိုသက်ခိုင် တို့ မိသားစု ဘေးကင်းရန်ကင်းနဲ့ အမြဲ ပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ။ မြောက်ကျွန်းသူ
ဦးရဲ့ လက်ရှိဖြစ်နေတဲ့ စိတ်ဒုက္ခတွေကို နားလည်စာနာမိပါတယ်။ ကျနော်တို့လည်း ဘာများတတ်နိုင်မှာလဲ ဦးရယ်။ ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း ဆိုသလိုပါပဲ။ စိတ်ရှိပေမယ့် လုပ်လို့မရ။ လုပ်လို့ရတဲ့လူတွေကလည်း စိတ်မရှိကြ။ ဒါနဲ့ပဲ အချိန်တွေ ကုန်နေတာပါပဲ။ အတတ်နိုင်ဆုံး အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
Sorry to hear that U Min Din.
Was that happened just before we talked online through yso?
As far as we have to stay out of mother land, this will happen one day or another to us.
I hope all of us go back home one day peacefully ........
All the U Min Din
respect,
kokogyi ( london )
အချုပ်ထဲကရှင်းမလား?
အခေါင်းထဲကရှင်းမလား?
ဘေးအန္တရာယ်အပေါင်းက ကင်းဝေးပါစေကြောင်း...ဆုတောင်းပေးလိုက်ပါတယ်ဗျာ..
ကျနော်တို့က အဝေးကနေ ဆုတောင်းပဲ ပေးနိုင်တယ်ဗျာ...သတိတမန်ဉာဏ်မြေကတုတ်..အသက်ဘေးက ကာကွယ်စောင့်ရှောက်နိုင်ပါစေ...
I got same scenerio over ten years ago when just arrived at Myanmar rental house in BKK, Thai immigration came and brought all Myanmar by reason of not stays in hotel.
We paid 1500 bth per head. I empathy you and all Myanmar feeling. Now, we are being under dog in most places.
Be cautious Ko Min Din. Best wishes all your fine. Thu
ကိုမင်းဒင်ခင်ဗျာ ကြားရတာစိတ်မကောင်းဘူးဗျာ ကိုယ့်အသက်ထက်ဘာမှတန်ဘိုးမရှိပါဘူး။အမျိုးဂုဏ်မထိခိုက်ဘူးဆိုရင်တော့သည်းခံလိုက်ပါဗျာ၊ရန်သူကိုမိတ်ဆွေဖွဲ့ပြီးမေတ္တာတရားနဲအောင်မြင်နိုင်ပါစေ။စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့စာတွေအများ ကြီးရေးနိုင်ပါစေ။
ကိုမင်းဒင်ခင်ဗျား
ကိုမင်းဒင်ရဲ့ သက်ခိုင်ဝထ္ထုကို ကျနော်နှစ်သက်ပါသည်။ Main Character ကိုသက်ခိုင်သည် ၎င်း၏ဘ၀၊ ၎င်းမိသားစု၏ ဘ၀နှင့်ပတ်သက်ပြီး Strategic Objective များမရှိကြောင်းတွေ့ရပါသည်။ ၎င်းအဲဒီအတွက်ကြောင့် ကိုသက်ခိုင် မအောင်မြင်ခဲ့ရခြင်းဖြစ်သည်ဟုကောက်ချက်ချမိပါသည်။ ကျနော့်အဖိုး၊ အဖေ၊ ဦးလေး၊ မိတ်ဆွေ အသိအကျွမ်းအများစု များလည်း ၎င်းအတိုင်း Strategic Objective များမရှိကြခဲ့ကြသည်ကို အံ့သြဖွယ်တွေ့ကြုံခဲ့ရပါသည်။ မြန်မာပြည်ရှိလူအများစုသည်လည်း ထိုနည်းတူတူပင်.. မရှိကြပါ။
ကိုသက်ခိုင်ဘ၀ ဇာတ်ကြောင်းသည် အမှန်များဖြစ်ကြောင်းကိုလည်း ကျနော်ကောင်းကောင်းသိပါသည်။ ၎င်းထဲမှ ဇာတ်ကောင်အချို့နှင့်လဲ သာမန်ထက်ပို၍ ကျွမ်းဝင်မှုရှိပါသည်။ ကိုသက်ခိုင်၏အဓိကအားနည်းချက်တခုမှာ မြန်မာပြည်တွင်းမှ မည်သည့်အချိန်တွင် ထွက်ရမည်ကို Alternative တခုအဖြစ်မထားခြင်းဖြစ်ပါသည်။ ဦးနေ၀င်းစတက်ပြီးနောက်ပိုင်းမြန်မာပြည်တွင် Long-Term Private Investment လုပ်ခြင်းသည်အညံ့စား မဟာဗျူဟာတစ်မျိုးဖြစ်သည်ဟု ကျနော်တော့ အလေးအနက် ယုံကြည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Rule of Law မရှိပဲ Rule by Law နှင့်သွားနေ၍ဖြစ်ပါသည်။ ခပ်လွယ်လွယ် Publicize လုပ်ခြင်းကို အကြိမ်ကြိမ်ကြုံခဲ့ကြပြီးလဲဖြစ်ပါသည်။ State Sponsored Thefts & Robberies Committed by Thugs များပါပင်။ အင်အားကောင်းသော နောက်ခံအစိုးရများရှိသည့် Sinopec, CNOOC, PTTEP, ONGC, Petronas, Daewoo, Total, Ivanhoe အစရှိသည့် International Corporations များအတွက်မူ Private Sector နှင့်စာလျှင် အထိုက်အလျောက် အာမခံချက်ရှိသော်လည်း Risk ရှိနေဆဲဖြစ်ပါသည်။ Tactical Short-Term Goal for Private Investment များအတွက်တော့ မိမိတို့ရဲ့ Situational Awareness and Assessment ပေါ်တွင်မူတည်၍ Investment လုပ်နိုင်ပါသည်။ Political Nature and Atmosphere ကို နားလည်ဖို့တော့လိုအပ်ပါသည်။ ဥပမာ. Dr. Sham သည် နေ၀င်းသမီး စန္ဒာဝင်းနှင့်သွားညိ၍ Victim of Rule by Law ဖြစ်သွားခဲ့ရသည်ဟုကြားမိပါသည်။ ၎င်းမှာ မြန်မာပြည်အစား စင်္ကာပူတွင်ရင်းနှီးမြှုပ်နှံသင့်ခဲ့ပါသည်။
ကိုမင်းဒင်အား ခင်မင်မှနှင့် အကြံတခု အလေးအနက်ပေးလိုပါသည်။ Strategic Initiative ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် အနောက်နိုင်ငံတစ်ခု (Esp: United States) ၏ နိုင်ငံသားအဖြစ် ရယူနိုင်မည့်အခွင့်အလမ်းတခုကို ကြိုးစားရှာဖွေကြည့်ပါဟု အလေးအနက်တိုက်တွန်းလိုပါသည်။ ကိုမင်းဒင်နှင့်မိသားစုအပါအ၀င် နောက်မျိုးဆက်များတွင်ပါ ဤပြသာနာများ အားလုံးကင်းစင်သွားမည်ဖြစ်ပါသည်။ အားလုံးပြောင်းလဲပြီး မမျှော်လင့်ထားသောပြောင်းလဲတိုးတက်မှုများပါ တွေ့ကြုံရပါမည်။ (အလွတ်သဘော အကြံပြုခြင်းသာဖြစ်ပါ၍ Optional ဖြစ်ပါသည်။) ကျနော်တို့ကလေးဘ၀တုန်းကဂေါ်လီပစ်တမ်းကစားလျှင် ခေါင်ထိလျှင်အကုန်စားရခြင်းနှင့် Concept တူတူပင်ဖြစ်ပါသည်။ အောင်မြင်ပါစေဗျာ။
Kane ရဲ့ comment/အုကံပြုချက်ဟာ အလွန်ပဲမှန်ပါတယ်.အရမ်းကိုကောင်းပါတယ်။ ပြဿနာက တို့ က "ဗမာပြည်သားဟေ့ ဗမာပြည်သား" ဆိုတာပါ။ တိုင်းပြည်ကိုပဲ သိပ်ချစ်သလို မခွဲနိုင်သလို ကိုယ့်ကိုကိုယ် ဟန်ဆောင်လှည့်စားနေကြတယ်ဗျ။ မိမိတိုင်းပြည်ကို ချစ်ခြင်းနဲ့  အခြား ရေုကည်ရာ ဥပဒေစိုးမိုးမူရှိရာအရပ်မှာ အခွင့်အလမ်းရှာဖွေ ရပ်တည်ခြင်းနဲ့ ကွဲပြားတယ် ဆိုတာ လေးလေးနက်နက် သဘောမပေါက်ကြဘူး။
ကိုမင်းဒင်ခင်ဗျာ
ဒီပို့စ်လေးကို ကျနော့်ဘလော့လေးမှာ သုံးခွင့်ပြုပါဗျာ
ကြိုက်လို့ပါ
Post a Comment