တနေ့သ၌ ကျွန်ုပ်သည် ယိုးဒယားပြည် ဖူးခက်မြို့၊ အမ်မခန်အရပ်ရှိ ဧကဝက်ခန့်  ကျယ်ဝန်းသော ခြံကြီးအတွင်း၊ လွန်စွာ ဟောင်းနွမ်းယိုယွင်းလျက်ရှိသော နှစ်ထပ်အိမ်အိုကြီးတလုံးတွင် မောင်ဖြိုးအမည်ရှိ တပည့်ကျော် တဦးနှင့် အတူနေထိုင်ရင်း၊ အမေရိကန်ပြည်လုပ် ဒဲလ်(DELL)တံဆိပ် ကွန်ပြူတာဟောင်း တလုံးဖြင့် ဝါသနာ အလျောက် စာတိုပေစ များကို ရေးသား လျက်ရှိ လေ သည်။
အချိန်ကာလကို နှစ်၊လ၊ရက်၊ နေ့ စွဲ ၊ အတိအကျ မမှတ်မိလင့်ကစား ကျွန်ုပ်မှာ မှတ်ဥာဏ် ကောင်းသူ စာရင်းတွင် ပါဝင်သူဖြစ်သည့်အလျောက် လွန်ခဲ့သော ရက်ပေါင်း သုံးဆယ်ဝန်းကျင်ဖြစ်သည်ကိုမူ ကောင်းစွာမှတ်မိ လျက်ရှိပေသည်။
ထိုနေ့နေ့လည် နှစ်နာရီခန့်က ကျွန်ုပ်နှင့် ဥရောပတိုက်ရောက် မြန်မာ့ဒီမိုကရေစီ ဘက်တော်သား၊ တော်လှန်ရေး ရဲဘော်ဟောင်း၊ ရဲဇော်ဆိုသူ လူရွယ်တဦးနှင့် ကွန်ပြူတာကြေးမုံပြင်တွင် မြန်မာစာအရေးအသားနှင့် ပါတ်သက်၍ အမှတ်မထင်၊ အချေအတင် အချီအချငြင်းခုံမိကြသော အကြောင်းအရာကား အောက်ပါအတိုင်း ဖြစ်လေ၏။
ဇော်။ ။ ဦးမင်းဒင်.. ။ မြန်မာစာမှာ "ကဒဲက" ဆိုတဲ့ စာလုံးရှိတာ သိပြီးပြီလားဗျ။
ကျွန်ုပ်။ ။ ဘယ်လိုများပါလိမ့်မောင်။ "ကဒဲက"ဆိုတာတော့ မကြားဘူးပါဘူးဗျာ။ "ပဒဲကော"တို့၊"ကူးတို့ ခ"တို့ တော့  နားယဉ်နေပါတယ် ။
ဇော် ။ ။ ဦးမင်းဒင် က ဒါလေးတောင် မသိဘူးလားဗျာ။" မြင်ကဒဲက" ၊ "အစကဒဲက" ဆိုတာလေ။
ကျွန်ုပ်။ ။ အမှန်ဆိုရရင်ဖြင့် ကျုပ်မကြားဘူးတာတော့ သေချာလှသဗျာ။ လုအများ နားလည် သုံးစွဲနေကြတာ ကတော့ .." မြင်ကတည်းက"၊ "အစကတည်းက" ။ လို့ သာကြားဘူးပါတယ်မောင်။
ဇော် ။ ။ ဒါစကားပြော စကားပြေလို့ ခေါ်တယ်ဗျ။မြန်မာစာပေဟာ သိပ်နက်နဲတယ်ဗျ၊ နောက်ဆုံးပေါ်ဆိုပါတော့ ။
(ဤနေရာ၌ ကျွန်ုပ်မှာ အဆိုပါ လူရွယ်၏ အခြေအနေကို အနည်းငယ် ရိပ်စားမိလာပြီ ဖြစ်သည့်အလျောက် ဆက်လက်ဆွေးနွေးရန် မသင့်တော့ပြီ ဖြစ်၍ ..)
ကျွန်ုပ်။ ။ ကျုပ်တို့ စကားရပ်လိုက် ကြရင် ကောင်းမယ်မောင် ရယ်။ ကျုပ် ငြင်းတာ ခုံတာတွေကို စိတ်ကုန်လွန်းလို့ ပါ။ ဆက်လည်း မပြောပါရစေနဲ့ တော့။ နိုင်တာ ရှုံးတာတွေ ကျုပ်မကြုံချင်တော့လို့ ပါမောင်။
ဟု စကားနည်း ရန်စဲကြပါရန် မေတ္တာရပ်ခံပါသော်လည်း လူရွယ်မှာ ကဒဲက တည်းဟူသော စကားလုံးကို မြန်မာစာပေလောကတွင် အတင်း အဓမ္မ သွတ်သွင်းရန် ဆက်လက်ကြိုးပမ်းနေလေရာ .. ကျွန်ုပ်ဖက်မှ ၎င်းအား မြန်မာစာတတ်မတတ် သံသယဖြစ်ဖွယ်ရှိကြောင်း၊"ကဒဲက " မှတဆင့် "ကဓဲက " "ကဌဲက" "ကဋဲက"စသည်တို့  အပြင် "ခင်ဗျာ" အစား "ခင်ဘြာ"စသည်တို့ ပါ နောက်ဆက်တွဲပေါ်လာနိုင်သည်ကို ပူပင်မိလေ သောကြောင့် မြန်မာစာကို ဆက်လက် လေ့လာစေလိုကြောင်း အစ ရှိသည်ဖြင့် နှုတ်လွန် ကျွံမိလေရာ ငြင်းခုံပွဲတို့  ထုံးစံအတိုင်း အရုပ်ဆိုး လှစွာဖြင့် နိဂုံးချုပ်ခဲ့ ရပေ တော့ သည်။
ကျွန်ုပ်ငယ်စဉ်က လူဗလံလေး ဖြစ်သည့်အားလျော်စွာ ရန်ပွဲတိုင်း၌ ခံဘက်ကချည်း နေခဲ့ရ ရာမှ စာပေဖက်သို့ ဦးလှည့်ကာ စာတိုစာစ တချို့ကို ဖတ်မိသည့်အခါ၌ စာအကြောင်း ပေအကြောင်းနှင့် ပါတ်သက်၍ ငြင်းခုန်းခြင်းကို နှစ်သက်ယုံမျှမက ငြင်းခုံပွဲတိုင်း၌ လည်း ဒေါသတကြီး အငြင်းသန်ခဲ့သော အဖြစ်တို့သည် ကျွန်ုပ်၏ ခေါင်းတွင်း သို့ အစီအရီ ချဉ်းနင်း ဝင်ရောက်လာလေသည်။
အလယ်တန်းကျောင်းသားဘဝတွင် များစွာသော ကျွန်ုပ်နှင့် ရွယ်တူကျောင်းနေဖက်များမှာ ကျွန်ုပ်ကဲ့သို့ စာဖတ်သန်သူများ မဟုတ်လေရာ ကျွန်ုပ်မှာ ကလေးများ သဘာဝ သိသမျှ တတ်သမျှ ဖတ်မိသမျှ တို့ ကို သူမှန်သည်၊ ငါမှန်သည် ငြင်းခုန်ကြသည့် ငြင်းပွဲခုံပွဲမှန်သမျှတွင် ပွဲတိုင်းကျော်ဖြစ် နေခဲ့လေသည်။ ၎င်းတို့ အချင်းချင်း ကျွန်ုပ်ကွယ်ရာ၌ ငြင်းခုံကြလျှင်ပင် ကျွန်ုပ်ကို မတွေ့ တွေ့ အောင် လိုက်လံ ရှာဖွေကြပြီးလျှင် ၎င်းတို့  ဖက်မှ ရပ်တည်ကာ စစ်ကူပေးပါမည့် အကြောင်း တောင်းဆိုခဲ့ကြသည်ချည်း ဖြစ်ပေသည်။
ကျွန်ုပ်မှာ ငြင်းခုံခြင်းကို အားသန်ကျွမ်းကျင်သူ ဖြစ်သည့်အားလျော်စွာ ထို့ သို့  တဖက်နှင့် တဖက် အပြင်းအထန် ငြင်းခုံပွဲများတွင် ပြိုင်ဖက်အဖွဲ့ အား ပိဿလေး ဘေးပစ်၊ ဖြတ်ပိုင်းလှီးချ ၊ အလဲထိုးတတ်လေသောကြောင့်  ရှုံးနိမ့်သူတို့ ဖက်မှ အမုန်းအတေး ခံရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်ကို ပြန်ပြောင်းအောက်မေ့ လျက် ရှိလေသည်။
ထိုသို့ ငြင်းခုံပွဲများတွင် အောင်နိုင်ရန်အတွက် ကျွန်ုပ်မှာ အခြားသော ကျောင်းနေဖက် သူငယ်ချင်းများ ကစားခုန်စား အပျော်အပါးတို့ဖြင့် မွေ့လျော်နေချိန်၌ ကျွန်ုပ်မှာ စာအုပ်မျိုးစုံ ကို တကုပ်ကုပ် ရှာဖွေ လှန်လှောရင်း စာတိုပေစမှန်သမျှ နှိုက်နှိုက်ချွတ်ချွတ် စေ့စေ့စပ်စပ်ရှာဖွေ ဖတ်ရှုကာ တိုက်ပွဲဝင် စစ်သည်တော် တဦး လက်နက်သစ်စုဆောင်း သည်နှင့်တူလှစွာသော အထုံအလေ့ဖြင့် ဘဝကို ဖြတ်သန်း ကျော်လွန်ခဲ့လေသည်။ ကျွန်ုပ်၏ အငြင်းသန်သော စရိုက်ကား တက္ကသိုလ်ကျောင်းသားဘဝမှ ကျော်လွန်ကာ လူကြီးပိုင်းအရွယ်ရောက်သည် အထိ ပျောက်ကွယ်မသွား ယုံမက၊ ကျွန်ုပ်၏ မသိစိတ်တွင် နှစ်သက် မြတ်နိုးမိလေရကား ပျော်ရွှင်စွာ ဆက်လက်ငြင်းခုံမြဲ၊ ပင်ဖြစ်လေသည်။
ကျွန်ုပ် အသက်သုံးဆယ်ဝန်းကျင် အရွယ်၌ ရာဇာဓိရာဇ် အရေးတော်ပုံ မူရင်းကိုမည်သူ ရေးသနည်း ဟူသော အကြောင်းအရာ အပေါ် အခြေခံလျက် အိန္ဒိယသွေးပါသူ စာဂျပိုးတယောက်နှင့် အငြင်းပွားကြရာ သူ့ဖက် ကိုယ့်ဖက်မှ ဘေးပရိဿတ်တို့ ပါ ၊ ပါဝင်လာကြပြီး၊ အလောင်းအစားပြုကြရာမှ ထိုခေတ် ကာလက ကျပ်ငွေ နှစ်သိန်းခွဲခန့်တန်သော ပါဗလစ်ကာမော်တော်ကား တစီးကြေးအထိ လောင်းကြေးကြီးသွားခဲ့သော အဖြစ်ကို ကြုံဖူး ခဲ့လေသည်။
ဒေးကာနက်ဂျီ ရေးသားပြီး ကွယ်လွန်သူ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုဘာသာပြန် ဆိုသော မိတ္တဗလဋီကာကို အလွတ်နီးပါး အာဂုံဆောင် နိုင်လု နီးနီး ရှိသည့်တိုင် ငယ်ကျင့် မဖျောက်နိုင်ခဲ့သော ကျွန်ုပ်မှာ တစတစ ကြီးရင့်လာသည့် အသက်အရွယ်ကြောင့်လည်းကောင်း၊ ခါးသီးလွန်းလှသည့် ဘဝအတွေ့ အကြုံများ ကြောင့်လည်းကောင်း၊ စာနှင့်ပေနှင့် ပါတ်သက်၍ ငြင်းခုံမှုများကို များစွာ စိတ်ပျက်လာသည့်အလျောက် ယခု အချိန် တွင် ကျွန်ုပ် သည် ငြင်းခုံပွဲများကို ဝေးဝေးမှ ရှောင်ခြင်း အလေ့ ရရှိလာ ခဲ့သည်မှာ နှစ်ကာလအားဖြင့် နှစ်ဆယ်နီးပါးသို့ ချည်းနင်းဝင်ရောက် ခဲ့ပြီးကာမှ အထက်တွင် ဆိုခဲ့သည့်  အတိုင်း အဆိုပါ လူရွယ် နှင့် ငြင်းခုံပွဲကို ကြုံရပြန်ခြင်း ဖြစ်လေသည်။
ထိုအာနာပါန၏ စွမ်းအားကြောင့်ဟု တိကျစွာမဆိုနိုင်သော်လည်း နောက်တနေ့  မနက်ခုနှစ်ခုနှစ်ရီခန့် တွင် ကောင်းမွန်ရွှင်လန်းစွာ အိပ်ရာမှ နိုးထလာခဲ့ပေရာ၊ နိစ္စဓူဝလုပ်မြဲ၊ ကိုယ်လက်လေ့ကျင့်ခန်းအလို့ငှာ ခြံဝင်းအတွင်းသို့ ဆင်းလာခဲ့သည်၌၊ ခြံနောက်ဖက် တောအုပ်တို့ဆီမှ ငှက်မျိုးစုံတို့၏ တွန်မြည်သံတို့ကို ကြားရသည့်အခါတွင် လည်းကောင်း၊ နေရောင်ခြည်အောက်တွင် ကြောင်သားအမိ ခုန်ပေါက်ပြေးလွှား ဆော့ကစား နေကြသည်ကို မြင်ရသည့်အခါတွင်လည်းကောင်း ၊ ကိုယ်တိုင် စိုက်ပျိုးထားသော အရွက်ဖားဖား စိမ်းလန်းသော အပင်မျိုးစုံ နှင့် ဝေဆာစွာပွင့်ဖူးနေသော ပန်းမာလ်မျိုးစုံတို့ ကို မြင်မိသည့် အခါတွင် လည်း ကောင်း၊ ကျွန်ုပ်၏ စိတ်သည် ပကတိငြိမ်းချမ်းလျက်၊ ယမန်နေ့ က ငြင်းခုံခြင်းမှ ဖြစ်ပေါ်လာသော ပူလောင်မှု တို့သည် လုံးဝကင်းပျောက်သော အဖြစ်သို့ ရောက်ရှိလေ၏။ ထိုတခဏတွင် ကျွန်ုပ်သည် ကျွန်ုပ်မြတ်နိုးမွေ့ပျော် ခဲ့သော စာပေရဂုံ၊ မဟာမြိုင်တောကြီးအတွင်းမှ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတွေ့ရှိခဲ့သော ကုန်းဘောင်ခေတ် စာဆိုကျော်စလေဦးပုည အသတ်ခံရမှုနှင့်စပ်လျဉ်း၍ လူအများလက်ခံသိရှိထား သကဲ့သို့  လူသတ်သမားသည် မြို့ဝန် ဦးသာအိုး ဟုတ်မဟုတ် .. ထောက်လှမ်းမှုတခုကို ရုတ်တရက် သတိရမိလေသည်။
အဆိုပါ ဖြစ်ရပ်အား မြန်မာ စာကောင်းပေမွန်တို့နှင့် ဝေးကွာနေကြပြီး မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ ရန် ၊ နိုင်ငံတကာသို့ ရောက်ရှိနေကြလေကုန်သော မြန်မာ့လူငယ်မျိုးချစ်တို့  သိခွင့်ရအောင် တင်ပြပေးပါမူ ငယ်စဉ်က ငြင်းခုံဖက်တို့၏ ကျေးဇူးကို ဆပ်ရာကျမည့်အပြင် မျက်မှောက်ခေတ် လူငယ်များအတွက်ပါ အကျိုးတစုံတရာ ရှိမည်ဟု ယူဆမိသည့် အလျောက်၊ ဦးပုညအသတ်ခံရမှုကိုဖော်ပြလိုက်ရပေသည်။
ဤနေရာ၌ မြန်မာစာပေလောကတွင်ရုရှစာရေးဆရာကြီး တုရဂေညက် ၏ "အချစ်ဦး "ဝတ္ထုကြီးကို မောင်သာရ က "မျိုးမမ ပကာသနီ" ဟူ၍ ၎င်း၊ ဆရာကြီး ရွှေဥဒေါင်း ၏ "ဝင်္ကန္တ "ဝတ္ထုကြီးကို ။ ဆရာ မင်းသိင်္ခ က" မြိုင်ရာဇာ တာတေ" ဟူ၍၎င်း တထပ်တည်း ပုံတူကူးယူမိကြသဖြင့် ဖြစ်ပေါ်လာ သော နောက်ဆက်တွဲ ပြဿနာ မျိုးစုံကို ကျွန်ုပ် အနေဖြင့် မဖြေရှင်းလိုသည့် အလျောက် ယခု စလေဦးပုည အသတ်ခံရမှုမှာ တိုက်စိုး(ဦးသန်းထွတ်) ၏ ဆန်းစစ် ဖော်ထုတ်ချက်ဖြစ်ကြောင်း အလေးအနက် တင်ကြိုဖော်ပြမှသာ နောက်ကြောင်းရှင်းမည် ဖြစ်ပေသည်။
စလေဦးပုည အသတ်ခံရမှုကို တိုက်စိုးခေါ် ဦးသန်းထွတ် ထောက်လှမ်းပုံမှာ အောက်ပါ အတိုင်း ဖြစ်ပေသတည်း။
ဦးပုညနှင့် တပယ်မင်းသား
စာဆိုဦးပုညမှာ မြင်းကွန်း မြင်းခုံတိုင်မင်းသားများ ပုန်ကန်ရန် ကိစ္စ၌ ပါဝင် အခါပေးမိသည့် အတွက် မင်းတုန်းမင်း၏ အမိန့် အရ မြို့ သာမြို့ ဝန် ဦးသာအိုး ထံတွင် အကျယ်ချုပ် ခံနေ ရစဉ် အတောအတွင်း ဦးသာအိုး၏ မယားငယ်တစ်ယောက်နှင့် မယုံသင်္ကာခံရပြီး ဦးသာအိုး ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရသည် ဟူ၍ လူသိများလေသည်။
အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် ပညာအုပ် ဦးဖိုးစိန် စသူတို့ ၏ စာအုပ်စာတမ်းများ တွင်လည်း ဤအတိုင်း ရေးသားကြလေသဖြင့် အထက်ပါ အကြောင်းအရာသည် ခိုင်မာတည်မြဲနေလေသည်။
စဉ်းစားစရာများ
ဤစာရေးသူသည် ထိုအကြောင်းအရာကို မမှန်ဟု မပြောလိုပါ။ သို့ ရာတွင် ဦးပုည အဆုံးစီရင် ခံရပုံနှင့် စပ်လျဉ်း၍ စဉ်းစားစရာများကို တင်ပြလိုပါသည်။ သက်ဦးဆံပိုင်ခေတ် တွင် အရေးအခင်းတို့ သည် မှန်ရာဖြစ်ခဲသည်။ ကြားဖူးသိဖူးသည့်အတိုင်း ဟုတ်ချင်မှ ဟုတ်သည်။
၁၉၃၂ ခုနှစ်တွင် စာရေးဆရာ မဟာဆွေသည် မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော် သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရကို တွေ့ဆုံမေးမြန်းကာ "ဘိုးဝဇီရ အတ္ထုပ္ပတ္တိ" စာတစ်အုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ်ထဲတွင် ဦးပုည အဆုံးစီရင်ခံရပုံနှင့် စပ်လျဉ်း၍ ဘိုးဝဇီရပြောသော အချက်တစ်ချက် ပါလေသည်။ ထိုအချက်ကား အခြား မဟုတ်။
ဦးသာအိုး အဖြေ
ဘိုးဝဇီရ သည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည် ကို အကြောင်းပြု၍ ဦးသာအိုး နှင့် ခင်မင်ခဲ့လေသည်။ တစ်နေ့ သော် ဦးသာအိုး၏ အိမ်သို့  သူရောက်၍
" နေပါဦး ဘဘ ရဲ့ ။ စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို"
ဟု ဦးသာအိုးကို မေးကြည့်လေသည်။ ထိုအခါ ဦးသာအိုးက ...
" အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘ က မြို့ ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့် နဲ့ လက်မရွံ့တို့ သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့  သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့လေသည်။
တပယ်မင်းသား
ဘာကြောင့် ဦးပုညကို တပယ်မင်းသားက သတ်ခိုင်းစေဖို့ ဖြစ်ပါသနည်းဟု မေးစရာရှိ၏။ ဤအတွက် နောက်ကြောင်းကို ပြန်ကြည့်ရန် လိုလေသည်။ တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ် တတ်လေသည်။ သီချင်းကြီးသီချင်းခန့်လည်း စုဆောင်းတတ်သည်ဟု ပညာရှိရွှေပြည် ဦးဘတင်၏ မှတ်အသားရှိသည်။ စကားချပ်ရသော် ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့မင်းသားနှင့် အဖွဲ့ သည် မြန်မာနိုင်ငံသို့  အလည်အပတ် ရောက်ခဲ့ဘူးလေသည်။ မန္တလေးသို့  သဘောင်္ဖြင့် ထိုအဖွဲ့  ရောက်ရှိလာသည့် အချိန်၌ကား အဖွဲ့ဝင်တစ်ဦးအား မြန်မာတစ်ယောက်က တပယ်မင်းသားပိုင်စောင်းဟူ၍ ရှေးဟောင်းစောင်းတူရိယာ တစ်ခုကို ရောင်းချခဲ့ဘူးလေသည်။
ထိုတပယ် မင်းသားသည် ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ ရှိ၏။ ဤတွင် စာဆို ဦးပုညအား တေးကဗျာ ရေးခိုင်းရာမှ စိတ်မကောင်းစရာ အဖြစ်နှင့်  ကြုံကြိုက် ရလေသည်။ ကြုံရပုံကို နယ်ပိုင်ဝန်ထောက် ဦးမောင်မောင်တင် K.S.M., A.T.M ၏ "ဦးပုညသမိုင်း" စာအုပ်တွင် ဤသို့  မှတ်တမ်းတင် လေသည်။
တပယ်မင်းသားသည် တေးကဗျာ ရေးခိုင်းရန်အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ ဦးပုညအား အခေါ်ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားရဘဲ ရှိလေသည်။ ထို့ ကြောင့် သူအလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက် ခိုင်း လေသည်။ နောက် တစ်နေ့ တွင် တပယ်မင်းသားက အခေါ်ခိုင်းပြန်၏။ အလုပ်မအားရသော ဦးပုညလည်း စိတ်မရှည်တော့ဘဲ ..
"မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်က ပြီးမှ လာနိုင်ပါမယ့်  အကြောင်းကို လျှောက်ထားလိုက်ပါ" ဟု မချေမငံ ပြန်ပြောခဲ့လေသည်။
မင်းသားအစစ် မဟုတ်
ဤကား တပယ်မင်းသား သိက္ခာကျစရာ စကားပါပေ။ ရုပ်သေး(မင်းသား)ရုပ်ကို ယမနေသား နှင့် ထုလုပ်မြဲ ဖြစ်၏။ ယမနေသား မင်းသားရုပ် နှင့် တပယ်မင်းသား ကို ခိုင်းနှိုင်းခြင်းမှာ တပယ်မင်းသားသည် မင်းသား အစစ်မဟုတ်ဟု အဓိပ္ပါယ်ထွက် လေသည်။
မှန်လည်းမှန်ပေသည်။ တပယ်မင်းသားသည် မင်းသားအစစ် မဟုတ်ပေ။ သူ့ မိခင် အလ္လကပ္ပမြို့စားသည် မင်းတုန်းမင်း၏ မိထွေးဖြစ်သော်လည်း တပယ် မင်းသားသည် လေးဗိုလ်ဦးဆိုင် နှင့် အလ္လကပ္ပမြို့ စားတို့ မှ မွေးဖွားခဲ့သော သားသာ ဖြစ်သည်။ သူတို့  တစ်တွေမှာ မင်းသွေးမပါ ။ ဤတွင် မင်းတုန်းမင်း က မိထွေးတော် အလ္လကပ္ပမြို့ စား ကိုလည်း အရေးတယူလုပ်ပြီး သူ့ သားကိုလည်း ချီးမြှောက်ထားလေသောကြောင့်  မင်းသား ဖြစ်နေရ သည်။ သူတစ်ပါး အရှိန်သြဇာ ၊ သူတစ်ပါးအမိန့် ဖြင့် မင်းသားအရာ ရနေသော တပယ်မင်းသားသည် ဦးပုည၏ စကားကို မခံနိုင်ဖြစ်လေသည်။ ထို့ ကြောင့် အမျက်ထား၍ အခွင့်ကြုံကြိုက်သည့် အခါ ဦးသာအိုးမှ တစ်ဆင့်ကွပ်မျက်စေခဲ့ လေသည် ဖြစ်၏။
ရွှေရိုး ၏ အမြင်
ယခုအထိ တပယ်မင်းသားက သတ်စေကြောင်းကို "ဘိုးဝဇီရ အတ္ထုပ္ပတ္တိ" စာအုပ်နှင့် "ဦးပုည သမိုင်း" စာနှစ်အုပ်ကို ကိုးကား၍ ဤစာရေးသူ ဖော်ပြခဲ့ပါသည်။ ထိုစာ နှစ်အုပ်ပါ အချက်ကို ထောက်ခံသော စာတစ်အုပ် ဖော်ပြစရာ ရှိပါသေးသည်။ ထိုစာအုပ်ကို မန္တလေး ရတနာပုံခေတ်တွင် ဂျိမ်းဂျော့စကော့ ဆိုသူ ပုဂ္ဂိုလ်က ရေးထုတ်လေသဖြင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေလေသည်။ ဂျိမ်းဂျော့စကော့သည် ၁၈၇၆ ခုနှစ်လောက် တွင် ဗြိတိသျှပိုင်အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းတွင်ဆရာအဖြစ် လည်းကောင်း ၊ သတင်းထောက် အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့လေသည်။
သူသည် မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်၏။ မန္တလေးသို့ အရောက်ပေါက်ရှိ၏ ။ ၁၈၈၂ခုနှစ် သီပေါမင်း လက်ထက်တွင်ကား သူ့ အတွေ့ ကြုံများကို စုစည်းလျက် "ရွှေရိုး" ကလောင်အမည်ခံယူ၍ The Burman, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်း စာအုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ် ပထမတွဲ စာမျက်နှာ ၃၅၂ တွင် ပါသေးသည်မှာ .. ..
Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha. (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက် တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) ဟူ၍ ဖြစ်လေသည်။
တပယ်မင်းသား၏ ဓာတ်ပုံကို ၁၉၂၃ ခုနှစ်ထုတ် " ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး" တတိယအုပ်တွင် တွေ့ နိုင်လေသည်။
ကြည့်ရန်စာ။
၁။ မဟာဆွေ၊ ဘိုးဝဇီရ ။
ရန်ကုန်၊ အမျိုးသားပုံနှိပ်တိုက် ။ ၁၉၃၂ ။
၂။ ဦးမောင်မောင်တင် ၊ ဦးပုည သမိုင်း။
မန္တလေး ၊ သူရိယ သတင်းစာတိုက်၊ ၁၂၉၈ ။
၃။ ရွှေပြည် ဦးဘတင်၊ မြဝတီ စာပေဂီတ၊
ရန်ကုန်၊ ပြည်ချစ်စာပေတိုက်။ ရက်စွဲမပါ။
၎။ J.G.Scott . The Burman , His Life And Notions.
London, Macmillan, 1882 .Vol. 1
၅။ W.G.Burn-Murdoch. From Edinburgh to India and Burmah. London, Routledge [n.d, ]
(မိုးဂျာနယ် ၊ ဇွန်လ ၁၉၉၅)
ဟူ၍ဖြစ်လေသည်။
ဤစာကို ရေးသားပြီးချိန်၌ ကျွန်ုပ်၏ တပည့်ကျော်ဖြစ်သူ မောင်ဖြိုးက နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် စားတော်ပဲပြုတ် တွဲစပ်လျက် လာရောက် ချပေးလေရာ ကျွန်ုပ်မှာ ဝမ်းဗိုက် ဟာလှသည် နှင့် ရှမ်းပြည်တောင်ကြီး နယ်ထွက် မောရှမ်းလက်ဖက်ခြောက် အဖန်ရည်ဖြင့် အားပါးတရ မြိန်ရည်ယှက်ရည် စားသောက်လေ၏။
ထိုသို့ စားသောက်နေစဉ်တွင်ပင် ကျွန်ုပ်၏ ပြုမြဲအလေ့အတိုင်း ကြည့်ကန်ရှင်ကြီး ရှင်နန္ဒဓဇ မေး၍ ရွှေတောင်မြို့  ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရှင်မုနိန္ဒဓဇ ဖြေကြားတော်မူအပ်သော စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာအမေး အဖြေတစ်ထောင် စာအုပ်ကြီးကို လှန်လှောဖတ်ရှုရင်း၊ ကျွနု်ပ် အတွေးဝင်မိသည်ကား နောင်အခွင့်ကြုံသော် စာပေစုံထောက်မှု အချို့ ကို ဆက်လက် ရေးသားရန်နှင့် ရဲဇော်အမည်ရှိ လူရွယ်နှင့် တူလှသောငယ်စဉ်ဘဝ မှ ငြင်းဖော်ငြင်းဖက် တို့ ၏ ကောင်းမှုကြောင့်ပင် စာပေရဂုံ၊ တောမဟာမြိုင်အတွင်းသို့ ရောက်ခဲ့ရပေသည် တကားဟု ယင်းတို့ ၏ ကျေးဇူးတရားကို အထပ်ထပ် ဆင်ခြင် မိပါ တော့သတည်း။
အချိန်ကာလကို နှစ်၊လ၊ရက်၊ နေ့ စွဲ ၊ အတိအကျ မမှတ်မိလင့်ကစား ကျွန်ုပ်မှာ မှတ်ဥာဏ် ကောင်းသူ စာရင်းတွင် ပါဝင်သူဖြစ်သည့်အလျောက် လွန်ခဲ့သော ရက်ပေါင်း သုံးဆယ်ဝန်းကျင်ဖြစ်သည်ကိုမူ ကောင်းစွာမှတ်မိ လျက်ရှိပေသည်။
ထိုနေ့နေ့လည် နှစ်နာရီခန့်က ကျွန်ုပ်နှင့် ဥရောပတိုက်ရောက် မြန်မာ့ဒီမိုကရေစီ ဘက်တော်သား၊ တော်လှန်ရေး ရဲဘော်ဟောင်း၊ ရဲဇော်ဆိုသူ လူရွယ်တဦးနှင့် ကွန်ပြူတာကြေးမုံပြင်တွင် မြန်မာစာအရေးအသားနှင့် ပါတ်သက်၍ အမှတ်မထင်၊ အချေအတင် အချီအချငြင်းခုံမိကြသော အကြောင်းအရာကား အောက်ပါအတိုင်း ဖြစ်လေ၏။
ဇော်။ ။ ဦးမင်းဒင်.. ။ မြန်မာစာမှာ "ကဒဲက" ဆိုတဲ့ စာလုံးရှိတာ သိပြီးပြီလားဗျ။
ကျွန်ုပ်။ ။ ဘယ်လိုများပါလိမ့်မောင်။ "ကဒဲက"ဆိုတာတော့ မကြားဘူးပါဘူးဗျာ။ "ပဒဲကော"တို့၊"ကူးတို့ ခ"တို့ တော့  နားယဉ်နေပါတယ် ။
ဇော် ။ ။ ဦးမင်းဒင် က ဒါလေးတောင် မသိဘူးလားဗျာ။" မြင်ကဒဲက" ၊ "အစကဒဲက" ဆိုတာလေ။
ကျွန်ုပ်။ ။ အမှန်ဆိုရရင်ဖြင့် ကျုပ်မကြားဘူးတာတော့ သေချာလှသဗျာ။ လုအများ နားလည် သုံးစွဲနေကြတာ ကတော့ .." မြင်ကတည်းက"၊ "အစကတည်းက" ။ လို့ သာကြားဘူးပါတယ်မောင်။
ဇော် ။ ။ ဒါစကားပြော စကားပြေလို့ ခေါ်တယ်ဗျ။မြန်မာစာပေဟာ သိပ်နက်နဲတယ်ဗျ၊ နောက်ဆုံးပေါ်ဆိုပါတော့ ။
(ဤနေရာ၌ ကျွန်ုပ်မှာ အဆိုပါ လူရွယ်၏ အခြေအနေကို အနည်းငယ် ရိပ်စားမိလာပြီ ဖြစ်သည့်အလျောက် ဆက်လက်ဆွေးနွေးရန် မသင့်တော့ပြီ ဖြစ်၍ ..)
ကျွန်ုပ်။ ။ ကျုပ်တို့ စကားရပ်လိုက် ကြရင် ကောင်းမယ်မောင် ရယ်။ ကျုပ် ငြင်းတာ ခုံတာတွေကို စိတ်ကုန်လွန်းလို့ ပါ။ ဆက်လည်း မပြောပါရစေနဲ့ တော့။ နိုင်တာ ရှုံးတာတွေ ကျုပ်မကြုံချင်တော့လို့ ပါမောင်။
ဟု စကားနည်း ရန်စဲကြပါရန် မေတ္တာရပ်ခံပါသော်လည်း လူရွယ်မှာ ကဒဲက တည်းဟူသော စကားလုံးကို မြန်မာစာပေလောကတွင် အတင်း အဓမ္မ သွတ်သွင်းရန် ဆက်လက်ကြိုးပမ်းနေလေရာ .. ကျွန်ုပ်ဖက်မှ ၎င်းအား မြန်မာစာတတ်မတတ် သံသယဖြစ်ဖွယ်ရှိကြောင်း၊"ကဒဲက " မှတဆင့် "ကဓဲက " "ကဌဲက" "ကဋဲက"စသည်တို့  အပြင် "ခင်ဗျာ" အစား "ခင်ဘြာ"စသည်တို့ ပါ နောက်ဆက်တွဲပေါ်လာနိုင်သည်ကို ပူပင်မိလေ သောကြောင့် မြန်မာစာကို ဆက်လက် လေ့လာစေလိုကြောင်း အစ ရှိသည်ဖြင့် နှုတ်လွန် ကျွံမိလေရာ ငြင်းခုံပွဲတို့  ထုံးစံအတိုင်း အရုပ်ဆိုး လှစွာဖြင့် နိဂုံးချုပ်ခဲ့ ရပေ တော့ သည်။
.......................................................
အဆိုပါ ဖြစ်ရပ်မှာ ရေးကြီးခွင်ကျယ် ကိစ္စတရပ်မဟုတ်သော်လည်း နှစ်ကာလကြာရှည်စွာ ငုတ်လျှိုးနေခဲ့သော ၊ စာအကြောင်း ပေအကြောင်း ငြင်းခုံခြင်း ကို အားသန်ခဲ့သည့် ကျွန်ုပ်၏ ယမ်းတိုက်နှင့်တူသော စိတ်နေသဘော ထား အပေါ်မီးပွားကျဘိသကဲ့သို့ ရှိလေရာ ကျွန်ုပ်မှာ ထိုင်မရ ၊ထမရ များစွာ အနေခက်လျက် ရှိယုံမက ထိုညတွင် ညဥ့်နှစ်နာရီခန့်တွင်မှ အိပ်ရာဝင်ခဲ့ သော်လည်း ကောင်းစွာအိပ်စက်နိုင်ခြင်း မရှိကြောင်း ဝန်ခံရပေမည်။ကျွန်ုပ်ငယ်စဉ်က လူဗလံလေး ဖြစ်သည့်အားလျော်စွာ ရန်ပွဲတိုင်း၌ ခံဘက်ကချည်း နေခဲ့ရ ရာမှ စာပေဖက်သို့ ဦးလှည့်ကာ စာတိုစာစ တချို့ကို ဖတ်မိသည့်အခါ၌ စာအကြောင်း ပေအကြောင်းနှင့် ပါတ်သက်၍ ငြင်းခုန်းခြင်းကို နှစ်သက်ယုံမျှမက ငြင်းခုံပွဲတိုင်း၌ လည်း ဒေါသတကြီး အငြင်းသန်ခဲ့သော အဖြစ်တို့သည် ကျွန်ုပ်၏ ခေါင်းတွင်း သို့ အစီအရီ ချဉ်းနင်း ဝင်ရောက်လာလေသည်။
အလယ်တန်းကျောင်းသားဘဝတွင် များစွာသော ကျွန်ုပ်နှင့် ရွယ်တူကျောင်းနေဖက်များမှာ ကျွန်ုပ်ကဲ့သို့ စာဖတ်သန်သူများ မဟုတ်လေရာ ကျွန်ုပ်မှာ ကလေးများ သဘာဝ သိသမျှ တတ်သမျှ ဖတ်မိသမျှ တို့ ကို သူမှန်သည်၊ ငါမှန်သည် ငြင်းခုန်ကြသည့် ငြင်းပွဲခုံပွဲမှန်သမျှတွင် ပွဲတိုင်းကျော်ဖြစ် နေခဲ့လေသည်။ ၎င်းတို့ အချင်းချင်း ကျွန်ုပ်ကွယ်ရာ၌ ငြင်းခုံကြလျှင်ပင် ကျွန်ုပ်ကို မတွေ့ တွေ့ အောင် လိုက်လံ ရှာဖွေကြပြီးလျှင် ၎င်းတို့  ဖက်မှ ရပ်တည်ကာ စစ်ကူပေးပါမည့် အကြောင်း တောင်းဆိုခဲ့ကြသည်ချည်း ဖြစ်ပေသည်။
ကျွန်ုပ်မှာ ငြင်းခုံခြင်းကို အားသန်ကျွမ်းကျင်သူ ဖြစ်သည့်အားလျော်စွာ ထို့ သို့  တဖက်နှင့် တဖက် အပြင်းအထန် ငြင်းခုံပွဲများတွင် ပြိုင်ဖက်အဖွဲ့ အား ပိဿလေး ဘေးပစ်၊ ဖြတ်ပိုင်းလှီးချ ၊ အလဲထိုးတတ်လေသောကြောင့်  ရှုံးနိမ့်သူတို့ ဖက်မှ အမုန်းအတေး ခံရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်ကို ပြန်ပြောင်းအောက်မေ့ လျက် ရှိလေသည်။
............................................
ငြင်းခုံခဲ့ဖူးသော အကြောင်းခြင်းရာများကား များပြားလှသည် ဖြစ်ရာ အကုန်အစင် မမှတ်မိသော်ငြားလည်း .. ဘုရားရှင်တွင် မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးပါမပါ။ ပဉ္စဝဂ္ဂီငါးဦးသည် မူလကပင် ကတုံးနှင့်ဟုတ်မဟုတ် ဟူသော အကြောင်းများမှ အစ ဦးပေါ်ဦး အမည်ရှိ မြန်မာပညာရှိ အမတ်ကြီးမှာ စိတ်ကူးယဉ် ဇာတ်ကောင်မျှသာ ဖြစ်၍ အမှန်တကယ် ရှိမရှိဟူသော ခေါင်းစဉ်များ သာမက၊ မည်သည့် စာအုပ်ကို၊ မည်သည့် စာရေးဆရာက၊ မည့်သည့် ခုနှစ်တွင်၊ ရေးခဲ့သည် ဆိုသည်များပါ မကျန် အကြောင်းအရာ စုံလင်လှကြောင်း ယခုတိုင် သတိတရ ဖြစ်လျက် ရှိဆဲ ပင်ဖြစ်လေသည်။ထိုသို့ ငြင်းခုံပွဲများတွင် အောင်နိုင်ရန်အတွက် ကျွန်ုပ်မှာ အခြားသော ကျောင်းနေဖက် သူငယ်ချင်းများ ကစားခုန်စား အပျော်အပါးတို့ဖြင့် မွေ့လျော်နေချိန်၌ ကျွန်ုပ်မှာ စာအုပ်မျိုးစုံ ကို တကုပ်ကုပ် ရှာဖွေ လှန်လှောရင်း စာတိုပေစမှန်သမျှ နှိုက်နှိုက်ချွတ်ချွတ် စေ့စေ့စပ်စပ်ရှာဖွေ ဖတ်ရှုကာ တိုက်ပွဲဝင် စစ်သည်တော် တဦး လက်နက်သစ်စုဆောင်း သည်နှင့်တူလှစွာသော အထုံအလေ့ဖြင့် ဘဝကို ဖြတ်သန်း ကျော်လွန်ခဲ့လေသည်။ ကျွန်ုပ်၏ အငြင်းသန်သော စရိုက်ကား တက္ကသိုလ်ကျောင်းသားဘဝမှ ကျော်လွန်ကာ လူကြီးပိုင်းအရွယ်ရောက်သည် အထိ ပျောက်ကွယ်မသွား ယုံမက၊ ကျွန်ုပ်၏ မသိစိတ်တွင် နှစ်သက် မြတ်နိုးမိလေရကား ပျော်ရွှင်စွာ ဆက်လက်ငြင်းခုံမြဲ၊ ပင်ဖြစ်လေသည်။
ကျွန်ုပ် အသက်သုံးဆယ်ဝန်းကျင် အရွယ်၌ ရာဇာဓိရာဇ် အရေးတော်ပုံ မူရင်းကိုမည်သူ ရေးသနည်း ဟူသော အကြောင်းအရာ အပေါ် အခြေခံလျက် အိန္ဒိယသွေးပါသူ စာဂျပိုးတယောက်နှင့် အငြင်းပွားကြရာ သူ့ဖက် ကိုယ့်ဖက်မှ ဘေးပရိဿတ်တို့ ပါ ၊ ပါဝင်လာကြပြီး၊ အလောင်းအစားပြုကြရာမှ ထိုခေတ် ကာလက ကျပ်ငွေ နှစ်သိန်းခွဲခန့်တန်သော ပါဗလစ်ကာမော်တော်ကား တစီးကြေးအထိ လောင်းကြေးကြီးသွားခဲ့သော အဖြစ်ကို ကြုံဖူး ခဲ့လေသည်။
...........................................
..........................................
ထိုနေ့ညက ညဥ့်သုံးနာရီထိုးသည့်တိုင် ကောင်းစွာအိပ်စက်နိုင်ခြင်း မရှိသော ကျွန်ုပ်သည် လွန်ခဲ့သော ငါးနှစ်ဝန်းကျင်က ကျွန်ုပ်နှင့် သိကျွမ်းခင်မင်ခဲ့ဖူးသူ ကိုသက်ခိုင်ဆိုသူထံမှ နည်းမှီလေ့ကျင့်ထားသည့် အာနာပါနခေါ် နှာသီးဖျားမှ ဝင်သောလေ ထွက်သောလေကို သတိပြုမှတ်သားလျက် ၊ မတည်မြဲသောရုပ်နာမ် တို့ ၏ သဘောကို ဆင်ခြင်လေရာရုတ်ခြည်းပင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ထိုအာနာပါန၏ စွမ်းအားကြောင့်ဟု တိကျစွာမဆိုနိုင်သော်လည်း နောက်တနေ့  မနက်ခုနှစ်ခုနှစ်ရီခန့် တွင် ကောင်းမွန်ရွှင်လန်းစွာ အိပ်ရာမှ နိုးထလာခဲ့ပေရာ၊ နိစ္စဓူဝလုပ်မြဲ၊ ကိုယ်လက်လေ့ကျင့်ခန်းအလို့ငှာ ခြံဝင်းအတွင်းသို့ ဆင်းလာခဲ့သည်၌၊ ခြံနောက်ဖက် တောအုပ်တို့ဆီမှ ငှက်မျိုးစုံတို့၏ တွန်မြည်သံတို့ကို ကြားရသည့်အခါတွင် လည်းကောင်း၊ နေရောင်ခြည်အောက်တွင် ကြောင်သားအမိ ခုန်ပေါက်ပြေးလွှား ဆော့ကစား နေကြသည်ကို မြင်ရသည့်အခါတွင်လည်းကောင်း ၊ ကိုယ်တိုင် စိုက်ပျိုးထားသော အရွက်ဖားဖား စိမ်းလန်းသော အပင်မျိုးစုံ နှင့် ဝေဆာစွာပွင့်ဖူးနေသော ပန်းမာလ်မျိုးစုံတို့ ကို မြင်မိသည့် အခါတွင် လည်း ကောင်း၊ ကျွန်ုပ်၏ စိတ်သည် ပကတိငြိမ်းချမ်းလျက်၊ ယမန်နေ့ က ငြင်းခုံခြင်းမှ ဖြစ်ပေါ်လာသော ပူလောင်မှု တို့သည် လုံးဝကင်းပျောက်သော အဖြစ်သို့ ရောက်ရှိလေ၏။ ထိုတခဏတွင် ကျွန်ုပ်သည် ကျွန်ုပ်မြတ်နိုးမွေ့ပျော် ခဲ့သော စာပေရဂုံ၊ မဟာမြိုင်တောကြီးအတွင်းမှ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတွေ့ရှိခဲ့သော ကုန်းဘောင်ခေတ် စာဆိုကျော်စလေဦးပုည အသတ်ခံရမှုနှင့်စပ်လျဉ်း၍ လူအများလက်ခံသိရှိထား သကဲ့သို့  လူသတ်သမားသည် မြို့ဝန် ဦးသာအိုး ဟုတ်မဟုတ် .. ထောက်လှမ်းမှုတခုကို ရုတ်တရက် သတိရမိလေသည်။
အဆိုပါ ဖြစ်ရပ်အား မြန်မာ စာကောင်းပေမွန်တို့နှင့် ဝေးကွာနေကြပြီး မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ ရန် ၊ နိုင်ငံတကာသို့ ရောက်ရှိနေကြလေကုန်သော မြန်မာ့လူငယ်မျိုးချစ်တို့  သိခွင့်ရအောင် တင်ပြပေးပါမူ ငယ်စဉ်က ငြင်းခုံဖက်တို့၏ ကျေးဇူးကို ဆပ်ရာကျမည့်အပြင် မျက်မှောက်ခေတ် လူငယ်များအတွက်ပါ အကျိုးတစုံတရာ ရှိမည်ဟု ယူဆမိသည့် အလျောက်၊ ဦးပုညအသတ်ခံရမှုကိုဖော်ပြလိုက်ရပေသည်။
ဤနေရာ၌ မြန်မာစာပေလောကတွင်ရုရှစာရေးဆရာကြီး တုရဂေညက် ၏ "အချစ်ဦး "ဝတ္ထုကြီးကို မောင်သာရ က "မျိုးမမ ပကာသနီ" ဟူ၍ ၎င်း၊ ဆရာကြီး ရွှေဥဒေါင်း ၏ "ဝင်္ကန္တ "ဝတ္ထုကြီးကို ။ ဆရာ မင်းသိင်္ခ က" မြိုင်ရာဇာ တာတေ" ဟူ၍၎င်း တထပ်တည်း ပုံတူကူးယူမိကြသဖြင့် ဖြစ်ပေါ်လာ သော နောက်ဆက်တွဲ ပြဿနာ မျိုးစုံကို ကျွန်ုပ် အနေဖြင့် မဖြေရှင်းလိုသည့် အလျောက် ယခု စလေဦးပုည အသတ်ခံရမှုမှာ တိုက်စိုး(ဦးသန်းထွတ်) ၏ ဆန်းစစ် ဖော်ထုတ်ချက်ဖြစ်ကြောင်း အလေးအနက် တင်ကြိုဖော်ပြမှသာ နောက်ကြောင်းရှင်းမည် ဖြစ်ပေသည်။
စလေဦးပုည အသတ်ခံရမှုကို တိုက်စိုးခေါ် ဦးသန်းထွတ် ထောက်လှမ်းပုံမှာ အောက်ပါ အတိုင်း ဖြစ်ပေသတည်း။
............................................
အဆိုပါ အမှုကို ထောက်လှမ်းတွေ့ ရှိချက် အပြည့်အစုံကား .....ဦးပုညနှင့် တပယ်မင်းသား
စာဆိုဦးပုညမှာ မြင်းကွန်း မြင်းခုံတိုင်မင်းသားများ ပုန်ကန်ရန် ကိစ္စ၌ ပါဝင် အခါပေးမိသည့် အတွက် မင်းတုန်းမင်း၏ အမိန့် အရ မြို့ သာမြို့ ဝန် ဦးသာအိုး ထံတွင် အကျယ်ချုပ် ခံနေ ရစဉ် အတောအတွင်း ဦးသာအိုး၏ မယားငယ်တစ်ယောက်နှင့် မယုံသင်္ကာခံရပြီး ဦးသာအိုး ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရသည် ဟူ၍ လူသိများလေသည်။
အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် ပညာအုပ် ဦးဖိုးစိန် စသူတို့ ၏ စာအုပ်စာတမ်းများ တွင်လည်း ဤအတိုင်း ရေးသားကြလေသဖြင့် အထက်ပါ အကြောင်းအရာသည် ခိုင်မာတည်မြဲနေလေသည်။
စဉ်းစားစရာများ
ဤစာရေးသူသည် ထိုအကြောင်းအရာကို မမှန်ဟု မပြောလိုပါ။ သို့ ရာတွင် ဦးပုည အဆုံးစီရင် ခံရပုံနှင့် စပ်လျဉ်း၍ စဉ်းစားစရာများကို တင်ပြလိုပါသည်။ သက်ဦးဆံပိုင်ခေတ် တွင် အရေးအခင်းတို့ သည် မှန်ရာဖြစ်ခဲသည်။ ကြားဖူးသိဖူးသည့်အတိုင်း ဟုတ်ချင်မှ ဟုတ်သည်။
၁၉၃၂ ခုနှစ်တွင် စာရေးဆရာ မဟာဆွေသည် မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော် သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရကို တွေ့ဆုံမေးမြန်းကာ "ဘိုးဝဇီရ အတ္ထုပ္ပတ္တိ" စာတစ်အုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ်ထဲတွင် ဦးပုည အဆုံးစီရင်ခံရပုံနှင့် စပ်လျဉ်း၍ ဘိုးဝဇီရပြောသော အချက်တစ်ချက် ပါလေသည်။ ထိုအချက်ကား အခြား မဟုတ်။
ဦးသာအိုး အဖြေ
ဘိုးဝဇီရ သည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည် ကို အကြောင်းပြု၍ ဦးသာအိုး နှင့် ခင်မင်ခဲ့လေသည်။ တစ်နေ့ သော် ဦးသာအိုး၏ အိမ်သို့  သူရောက်၍
" နေပါဦး ဘဘ ရဲ့ ။ စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို"
ဟု ဦးသာအိုးကို မေးကြည့်လေသည်။ ထိုအခါ ဦးသာအိုးက ...
" အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘ က မြို့ ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့် နဲ့ လက်မရွံ့တို့ သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်း သိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့  သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့လေသည်။
တပယ်မင်းသား
ဘာကြောင့် ဦးပုညကို တပယ်မင်းသားက သတ်ခိုင်းစေဖို့ ဖြစ်ပါသနည်းဟု မေးစရာရှိ၏။ ဤအတွက် နောက်ကြောင်းကို ပြန်ကြည့်ရန် လိုလေသည်။ တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ် တတ်လေသည်။ သီချင်းကြီးသီချင်းခန့်လည်း စုဆောင်းတတ်သည်ဟု ပညာရှိရွှေပြည် ဦးဘတင်၏ မှတ်အသားရှိသည်။ စကားချပ်ရသော် ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့မင်းသားနှင့် အဖွဲ့ သည် မြန်မာနိုင်ငံသို့  အလည်အပတ် ရောက်ခဲ့ဘူးလေသည်။ မန္တလေးသို့  သဘောင်္ဖြင့် ထိုအဖွဲ့  ရောက်ရှိလာသည့် အချိန်၌ကား အဖွဲ့ဝင်တစ်ဦးအား မြန်မာတစ်ယောက်က တပယ်မင်းသားပိုင်စောင်းဟူ၍ ရှေးဟောင်းစောင်းတူရိယာ တစ်ခုကို ရောင်းချခဲ့ဘူးလေသည်။
ထိုတပယ် မင်းသားသည် ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ ရှိ၏။ ဤတွင် စာဆို ဦးပုညအား တေးကဗျာ ရေးခိုင်းရာမှ စိတ်မကောင်းစရာ အဖြစ်နှင့်  ကြုံကြိုက် ရလေသည်။ ကြုံရပုံကို နယ်ပိုင်ဝန်ထောက် ဦးမောင်မောင်တင် K.S.M., A.T.M ၏ "ဦးပုညသမိုင်း" စာအုပ်တွင် ဤသို့  မှတ်တမ်းတင် လေသည်။
တပယ်မင်းသားသည် တေးကဗျာ ရေးခိုင်းရန်အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ ဦးပုညအား အခေါ်ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားရဘဲ ရှိလေသည်။ ထို့ ကြောင့် သူအလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက် ခိုင်း လေသည်။ နောက် တစ်နေ့ တွင် တပယ်မင်းသားက အခေါ်ခိုင်းပြန်၏။ အလုပ်မအားရသော ဦးပုညလည်း စိတ်မရှည်တော့ဘဲ ..
"မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်က ပြီးမှ လာနိုင်ပါမယ့်  အကြောင်းကို လျှောက်ထားလိုက်ပါ" ဟု မချေမငံ ပြန်ပြောခဲ့လေသည်။
မင်းသားအစစ် မဟုတ်
ဤကား တပယ်မင်းသား သိက္ခာကျစရာ စကားပါပေ။ ရုပ်သေး(မင်းသား)ရုပ်ကို ယမနေသား နှင့် ထုလုပ်မြဲ ဖြစ်၏။ ယမနေသား မင်းသားရုပ် နှင့် တပယ်မင်းသား ကို ခိုင်းနှိုင်းခြင်းမှာ တပယ်မင်းသားသည် မင်းသား အစစ်မဟုတ်ဟု အဓိပ္ပါယ်ထွက် လေသည်။
မှန်လည်းမှန်ပေသည်။ တပယ်မင်းသားသည် မင်းသားအစစ် မဟုတ်ပေ။ သူ့ မိခင် အလ္လကပ္ပမြို့စားသည် မင်းတုန်းမင်း၏ မိထွေးဖြစ်သော်လည်း တပယ် မင်းသားသည် လေးဗိုလ်ဦးဆိုင် နှင့် အလ္လကပ္ပမြို့ စားတို့ မှ မွေးဖွားခဲ့သော သားသာ ဖြစ်သည်။ သူတို့  တစ်တွေမှာ မင်းသွေးမပါ ။ ဤတွင် မင်းတုန်းမင်း က မိထွေးတော် အလ္လကပ္ပမြို့ စား ကိုလည်း အရေးတယူလုပ်ပြီး သူ့ သားကိုလည်း ချီးမြှောက်ထားလေသောကြောင့်  မင်းသား ဖြစ်နေရ သည်။ သူတစ်ပါး အရှိန်သြဇာ ၊ သူတစ်ပါးအမိန့် ဖြင့် မင်းသားအရာ ရနေသော တပယ်မင်းသားသည် ဦးပုည၏ စကားကို မခံနိုင်ဖြစ်လေသည်။ ထို့ ကြောင့် အမျက်ထား၍ အခွင့်ကြုံကြိုက်သည့် အခါ ဦးသာအိုးမှ တစ်ဆင့်ကွပ်မျက်စေခဲ့ လေသည် ဖြစ်၏။
ရွှေရိုး ၏ အမြင်
ယခုအထိ တပယ်မင်းသားက သတ်စေကြောင်းကို "ဘိုးဝဇီရ အတ္ထုပ္ပတ္တိ" စာအုပ်နှင့် "ဦးပုည သမိုင်း" စာနှစ်အုပ်ကို ကိုးကား၍ ဤစာရေးသူ ဖော်ပြခဲ့ပါသည်။ ထိုစာ နှစ်အုပ်ပါ အချက်ကို ထောက်ခံသော စာတစ်အုပ် ဖော်ပြစရာ ရှိပါသေးသည်။ ထိုစာအုပ်ကို မန္တလေး ရတနာပုံခေတ်တွင် ဂျိမ်းဂျော့စကော့ ဆိုသူ ပုဂ္ဂိုလ်က ရေးထုတ်လေသဖြင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေလေသည်။ ဂျိမ်းဂျော့စကော့သည် ၁၈၇၆ ခုနှစ်လောက် တွင် ဗြိတိသျှပိုင်အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းတွင်ဆရာအဖြစ် လည်းကောင်း ၊ သတင်းထောက် အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့လေသည်။
သူသည် မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်၏။ မန္တလေးသို့ အရောက်ပေါက်ရှိ၏ ။ ၁၈၈၂ခုနှစ် သီပေါမင်း လက်ထက်တွင်ကား သူ့ အတွေ့ ကြုံများကို စုစည်းလျက် "ရွှေရိုး" ကလောင်အမည်ခံယူ၍ The Burman, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်း စာအုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ် ပထမတွဲ စာမျက်နှာ ၃၅၂ တွင် ပါသေးသည်မှာ .. ..
Oo Hpo Nyah is the most celebrated recent author. He was killed in the late King's reign by the Tabe Mintha. (ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက် တွင် တပယ်မင်းသားက အဆုံးစီရင်ခဲ့လေသည်။) ဟူ၍ ဖြစ်လေသည်။
တပယ်မင်းသား၏ ဓာတ်ပုံကို ၁၉၂၃ ခုနှစ်ထုတ် " ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး" တတိယအုပ်တွင် တွေ့ နိုင်လေသည်။
ကြည့်ရန်စာ။
၁။ မဟာဆွေ၊ ဘိုးဝဇီရ ။
ရန်ကုန်၊ အမျိုးသားပုံနှိပ်တိုက် ။ ၁၉၃၂ ။
၂။ ဦးမောင်မောင်တင် ၊ ဦးပုည သမိုင်း။
မန္တလေး ၊ သူရိယ သတင်းစာတိုက်၊ ၁၂၉၈ ။
၃။ ရွှေပြည် ဦးဘတင်၊ မြဝတီ စာပေဂီတ၊
ရန်ကုန်၊ ပြည်ချစ်စာပေတိုက်။ ရက်စွဲမပါ။
၎။ J.G.Scott . The Burman , His Life And Notions.
London, Macmillan, 1882 .Vol. 1
၅။ W.G.Burn-Murdoch. From Edinburgh to India and Burmah. London, Routledge [n.d, ]
(မိုးဂျာနယ် ၊ ဇွန်လ ၁၉၉၅)
ဟူ၍ဖြစ်လေသည်။
..........................................
ဤစာကို ရေးသားပြီးချိန်၌ ကျွန်ုပ်၏ တပည့်ကျော်ဖြစ်သူ မောင်ဖြိုးက နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် စားတော်ပဲပြုတ် တွဲစပ်လျက် လာရောက် ချပေးလေရာ ကျွန်ုပ်မှာ ဝမ်းဗိုက် ဟာလှသည် နှင့် ရှမ်းပြည်တောင်ကြီး နယ်ထွက် မောရှမ်းလက်ဖက်ခြောက် အဖန်ရည်ဖြင့် အားပါးတရ မြိန်ရည်ယှက်ရည် စားသောက်လေ၏။
ထိုသို့ စားသောက်နေစဉ်တွင်ပင် ကျွန်ုပ်၏ ပြုမြဲအလေ့အတိုင်း ကြည့်ကန်ရှင်ကြီး ရှင်နန္ဒဓဇ မေး၍ ရွှေတောင်မြို့  ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးရှင်မုနိန္ဒဓဇ ဖြေကြားတော်မူအပ်သော စွယ်စုံကျော်ထင်ကျမ်း ပုစ္ဆာအမေး အဖြေတစ်ထောင် စာအုပ်ကြီးကို လှန်လှောဖတ်ရှုရင်း၊ ကျွနု်ပ် အတွေးဝင်မိသည်ကား နောင်အခွင့်ကြုံသော် စာပေစုံထောက်မှု အချို့ ကို ဆက်လက် ရေးသားရန်နှင့် ရဲဇော်အမည်ရှိ လူရွယ်နှင့် တူလှသောငယ်စဉ်ဘဝ မှ ငြင်းဖော်ငြင်းဖက် တို့ ၏ ကောင်းမှုကြောင့်ပင် စာပေရဂုံ၊ တောမဟာမြိုင်အတွင်းသို့ ရောက်ခဲ့ရပေသည် တကားဟု ယင်းတို့ ၏ ကျေးဇူးတရားကို အထပ်ထပ် ဆင်ခြင် မိပါ တော့သတည်း။
မင်းဒင်ရေးသည်။

9 comments:
ဟိုက် . . မကြာမှီ ကျနော်နဲ့ ငြင်းခဲ့တာတွေလည်း ပါလာနိုင်တယ်ပေါ့။
နောက်ဆက်တွဲများကို စောင့်မျှော်လျက်ပါ။
ဖတ်တော့ ဖတ်ဖူးတယ်။ ကျွန်တော့် မြန်မာစာ ဆရာကလည်း ပြောဖူးတယ်။ ဦးသာအိုး သတ်တာ မဟုတ်ကြောင်းပေါ့။
မသိသေးသော အကြောင်းအရာတစ်ချို့ သိခွင့်ရလို့ ကျေးဇူးပါအကို။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။
စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်..
မသိတာတွေ အတော်များများပါဝင်တဲ့ ဇာတ်လမ်းလေးကို အချိန်ယူပြီး ဖတ်သွားပါတယ် ဆရာမင်းဒင်ရေ..။
အစဉ်လေးစားလျှက်...
စာရေးကောင်းလွန်းတော့ အသတ်ခံရတာပဲ၊ အပြောကြောင့်သေ သလိုဖြစ်နေပြီ
စိတ်ဝင်စားစွာဖတ်သွားပါတယ်။
ဆရာ
မသိတာတွေ များကြီးပဲ တပယ်မင်းသားဆိုကြားတောင်မကြားဘူးဖူး ...
စိတ်ဝင်တစား ဖတ်မိပါတယ်..
စာရေးကောင်းလွန်းလို့ လေးစားအားကျပါတယ် ဆရာ
သမိုင်းကြောင်းဆိုင်ရာ ဗဟုသုတလည်း ရပါတယ်
အဲဒီစာအုပ်တွေ ရှာဖို့ စိတ်ကူးရသွားတယ်ဆရာ။ ဆရာရေးထားတာ ဖြည်းဖြည်းချင်းဖတ်နေတာဆရာ။ တပယ်မင်းသားက မောက်မာတဲ့သူလား ၊ အဖားကြိုက်တဲ့သူလား စဉ်းစားနေတယ်။ စာဆိုတော်ကြီး စလေဦးပုညကလည်း ဘယ်တုန်းကတည်းက ချဉ်နေလို့ ဒီလိုသာသာနဲ့ နာနာ နှက်လိုက်ပါလိမ့်လို့ သူတို့ စရိုက်လေးတွေကို တွေးမိနေတယ်ဆရာ။
ဘုရားရှင်တွင် မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးပါမပါ တဲ့လား ....
ကဗျာ့ပါရဂူဖြစ်တော်မူတဲ့ မာန်လည်ဆရာတော်ဘုရားကြီး ကတော့ ဘုရားရှင်မှာ နှုတ်ခမ်းမွှေး တပ်ရမယ်ဆိုတဲ့ သီဟိုဠ်ပြန် ဘုန်းတော်ကြီး "နှုတ်ခမ်းမွှေးဂိုဏ်းချုပ် ဦးဉာဏဝံသ" ကို ဒီလို ဒွေးဆစ်ကလေးနဲ့ မိန့်ခဲ့ဖူးပါတယ် အကိုရေ ...
လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။
စဉ်ရှေးအဟို၊ (ထင်တွေးငယ်ပို .. လို့လည်း တွေ့ဖူးပါတယ်)
ဖင်မွှေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန်ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို
လမ်းပြပါအုံး။ ။
Post a Comment