ကွယ်လွန်သူစာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ စကားအရဆိုလျှင် ကျနော်သည် စာရေးဆရာအဖြစ်ကို နမောတဿရွတ်ဆို၍ တောင်းခံဆဲဖြစ်လေသည်။ ကျနော်ရေးသောစာတို့မှာ စာရေးဆရာ တယောက်နှင့် တူသည်မတူသည်ကို မသိလင့်ကစား သက်ခိုင်ကား ဂူတင်ဘတ်နှင့် မိတ်ဆွေဖြစ်ခဲ့ကြလေပြီ။
သက်ခိုင်၏ဘဝသည် ကြမ်းတမ်းရှုပ်ထွေးခဲ့သည့်နည်းတူ သက်ခိုင် ပုံနှိပ်စာအုပ်အဖြစ် ရောက်ရှိရေးသည်လည်း ဤနည်းနှင်နှင်ပင်။ ဒီဇင်ဘာလဆန်းက ပုံနှိပ်ရန်အဆင်သင့်ဖြစ်နေပြီ ဟူသော အကြောင်းကြားချက်အရ မိုင်ထောင်ချီဝေးသော ဖူးခက်မဲဆောက်ခရီးကို နှင်ခဲ့သော်ငြား မဲဆောက်သို့ရောက်သည့်အခါ မာတိကာပင် မပြီးသေးချေ။
ထို့ပြင်တဝ ပုံနှိပ်ခ ထိုင်းဘတ်ရှစ်သောင်းခန့် မှန်းထားခဲ့ပြန်သော်လည်း ဘန်ကောက်ပုံနှိပ်တိုက် ပိုင်ရှင်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံသောအခါ ထိုင်းဘတ်တသိန်းခြောက်သောင်း ဆိုပြန်ပါလေသည်။
ဒိုနာတို့ ဝေရာမဏိကြလေသော မင်းဒင်ရဲ့သက်ခိုင်ကား ကျနော့်အိတ်ကပ်ထဲက ချွေးနည်းစာ၊ ရှိစုမဲ့ ငွေ အသပြာတို့ကို သူဌေးသုံးသုံးခဲ့လေသည်။ မည်သို့ဆိုစေ ယခုသော်ကား ဆိုဒ်ကြီး စာမျက်နှာ (၇၂ဂ) မျက်နှာ ရှိလေသော မင်းဒင်ရဲ့ သက်ခိုင် အစအဆုံးလုံးချင်းသည် ပုံနှိပ်စာအုပ်တအုပ်အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်ပါ သည်။
http://www.mindin.info တွင် အခန်းပေါင်း (၈၉)ခန်းအပြင် ကျန်အခန်း (၁၂)ခန်းကိုစုပေါင်းကာ ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ စင်စစ်ထိုစာအုပ်သည် သေစာရှင်စာမျှပင် တတ်မြောက်မသွား ခဲ့ရှာသော ကွယ်လွန်သူ မိခင်ကြီးသို့ အထူးရည်ညွှန်းခြင်းဖြစ်ပါသည်။
စာအုပ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းခဲ့ကြသူများကိုလည်းကောင်း၊ လန်ဘားကျောက်တံတား ဝတ္ထုရှည်ကြီးကို စိုက်လိုက်မတ်တပ် ဖတ်ရှုနေခဲ့ကြသူများကိုလည်းကောင်း၊ အကြင်စာအုပ်ကို အားပေးဖတ်ရှုလိုကြသည့် စာဖတ်ပရိသတ်အားလည်းကောင်း ပူဇာစ၊ ပူဇနေယျာနံအဖြစ် မှတ်ယူ ပါကြောင်း အလေးအနက် ပြောလိုပါသည်။
ဖြန့်ချိရေးကိုယ်စားလှယ်အသီးသီးရှိရာ နိုင်ငံအသီးသီးသို့ စာအုပ်များတင်ပို့ထားပြီးဖြစ်ပါကြောင်း လည်း သတင်းစကားပါးအပ် ပါသည်။
ချမ်းသာကိုယ်စိတ်မြဲပါစေ။
လေးစားစွာဖြင့်
မင်းဒင်
၂၀၁၀ ဒီဇင်ဘာ ၂၉ ရက်
………………………………..
ပုံနှိပ်မှတ်တမ်း။ ။
ထုတ်ဝေသူ။ ။ မင်းဒင်
စီစဉ်သူ ။ ။ နှင်းခါးမိုး၊ကိုဈာန်
ပုံနှိပ်ခြင်း ။ ။ ပထမအကြိမ်၊ဒီဇင်ဘာ ၂၀၁၀
အုပ်ရေ ။ ။ အုပ်ရေ ၁၀၀၀
ဓာတ်ပုံ ။ ။ ဂျစ်တူး (မုံရွာ )
ဂရပ်ဖစ်ဒီဇိုင်း ။ ။ သီဟမောင်မောင်
ဖြန့်ချိရေး ။ ။ သက်ခိုင်စာပေ
။ တယ်လီဖုန်း +၆၆ ၈ ၁၇၁၉၁၀၉၂
။ mindin3000@gmail.com
။ မလေးရှားနိုင်ငံ
။ ဦးစရိယ (ရတနာရာမကျောင်း)
။ + ၆၀ ၁၆၆၂၆၄၆၄၂ ashincariya@gmail.com
။ စင်္ကာပူနိုင်ငံ
။ ဂျစ်တူး(မုံရွာ) +၆၅ ၉၃၈၃၃၄၂၉ jittoo.monywa@gmail.com
။ ကိုဝင်းမြင့် + ၆၅ ၉၇၉၄၇၂၀၆ kolay.aoab@gmail.com
။ ကိုရဲ +၆၅ ၉၁၀၇၅၅၅၄ ytaung@gmail.com
။ မင်းတုန်းမင်း +၆၅ ၈၂၈၆၁၉၄၀ akst007@gmail.com
။ အမေရိကန်ပြည်ထောင်စု
။ မိုးမခ Multimedia +၁ ၄၁၅-၅၉၅-၁၄၈၅ maungyit@gmail.com
။ တောင်ကိုးရီးယား
။ ကိုရန်နိုင်ထွန်း yannainghtunkorea@gmail.com
။ ဒိန်းမတ်နိုင်ငံ
။ ကိုစန်းနိုင် +၄ ၅၇၁ ၆၆၅၈၂၂
panchittu2082@gmail.com
…………………………….
ဈေးနှုန်း။ ထိုင်းနိုင်ငံဘတ် (၄၀၀)စင်္ကာပူ၊ စင်္ကာပူဒေါ်လာ(၂၅)၊ မလေးရှား ရင်းဂစ်(၅၀) အမေရိကန် ဒေါ်လာ (၂၀) ယူရိုသုံးနိုင်ငံများ ယူရို(၁၈)
(အုပ်ရေမည်မျှဖြစ်စေတိုက်ရိုက်မှာယူနိုင်ပါသည်။ တိုက်ရိုက်မှာယူသူများအနေဖြင့် စာပို့ခ သီးသန့် ကျသင့်မည် ဖြစ်ပါသည်။)

4 comments:
သက်ခိုင်နဲ့ ဂူတင်ဘတ် မိတ်ဆွေဖြစ်ပြီ
Can not read it.
Pls,help me.
Singapore $30 ပေးရပါတယ်..
တအုပ်လုံးဖတ်ပြီးပါပြီ........ ခေတ်သမိုင်းကြောင်းများကိုပါသိရှိခွင့်ရတဲ့အတွတ်ကျေးဇူးတင်မိပါသည်......
မလေးရှား ဇေယျာမှာ တစ်အုပ်ကို ရင်းဂစ်ခုနစ်ဆယ်နဲ့ အားပေးခဲ့ပါတယ် ဒီစာအုပ်မဖတ်ခင်တုန်းက သက်ခိုင်နဲ့ မရင်းနှီးသလို မင်းဒင်ကိုလဲ မသိခဲ့ပါဘူး စာအုပ်အစပိုင်းမှာ ဘလော့လိပ်စာတွေ့ ပေမဲ့ အိမ်မှာ အွန်လိုင်းကနေအေးအေးဆေးဆေးဖတ်လို့ ရပေမဲ့ စာရေးသူရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာရယ် နောက်မြန်မာပြည်တွင်းက တကယ့်ကို ပွင့်လင်းတဲ့ ခေတ်ပြိုင်စာပေမျိုးကို မမြင်ဖူးတဲ့သူတွေကို ကြုံကြိုက်လို့ လက်ဆောင်ပေးရင် သူတို့ ခင်မျာ တော်တော်ဝမ်းသာရှာမှာပဲဆိုတဲ့ စေတနာစိတ်ကလေးပေါ်လာတာရယ်ကြောင့် မြန်မာပြည်ဆင်ဆာအောက်ကထုတ်တဲ့စာအုပ်တွေ၂၀ အစိတ်လောက်ပဲ ပေးနေရတဲ့အချိန်မှာ ဒီစာအုပ်ကို ၇၀ပေးပြီးဝယ်ခဲ့ပါတယ် ဒီစာအုပ်ကျွန်တော့်ကို နှစ်ရက်နဲ့ နှစ်ည ဆီးချုပ်ဝမ်းချုပ်ဖြစ်အောင် ဒုက္ခပေးပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်ပေးခဲ့ရတဲ့ပိုက်ဆံက ဘာမှမဟုတ်သလိုဖြစ်သွားတယ် နောက်ထွက်သမျှ စာအုပ်များအတွက် ထပ်မံဒုက္ခခံရန်အဆင်သင့်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်...:-D
Myat Thein Tun
မြန်မာပြည်မှာ ၇၀၀၀ နဲ့ မိတ္တူ ကူးရောင်းနေပါတယ်။ ရောင်းရတဲ့ငွေ ကိုသက်ခိုင် ပြန်ရ မရတော့ မသိပါဘူး
ထင်ပေါ်
Post a Comment