မင်းဒင် ရဲ့  သက်ခိုင် ( ၈၂ )




၈၂။ နတ်မိမယ်တို့ပျော်စံရာ ။


ဘန်ကောက်သွားဘို့ဆိုတာလည်း သိပ်ခက်လှတယ် မဟုတ်ပါဘူး။ နိုင်ငံကူးလက်မှတ်က လိုလိုမယ်မယ် သုံးနိုင်အောင်ဆိုပြီး ကြိုလုပ်ထားတာ အဆင်သင့်ရှိပါတယ်။သွားခါနီးမှ ကြည့် လိုက်တော့ သက်တမ်းကုန်နေလို့ သက်တမ်းတိုးရမယ်ဆိုတော့လည်း အန်တီဆယ်ဟာ အထူးတပ်ဖွဲ့ အက်စ်ဘီက ဗိုလ်မှူးကြီး ဗဟိန်း နဲ့ သိပ်ရင်းနှီးနေတော့ ဗိုလ်မှူးကြီးဗဟိန်း ရုံးခန်းကို တခေါက်သွားလိုက်ရုံနဲ့ ချက်ချင်းပြီးရော ဆိုပါတော့။အန်တီဆယ်နဲ့ ဗိုလ်မှူး ကြီး ဗဟိန်းက ရင်းနှီးဆို အဲဒီရက်ပိုင်းတွေတုန်းက ဗိုလ်မှူးကြီးဗဟိန်းရဲ့သမီး မင်္ဂလာဆောင်မှာ သတို့သမီး ဝတ်ဘို့ စိန်ထည်တချို့ အန်တီဆယ်သွားပို့တော့ ကျနော်ပါသွားသေး တယ် လေ။အဲဒီ စိန် ထည်တွေကို ဝယ်လေသလား ။ ငှားလေသလားတော့ ကျနော်လည်း သေချာ မသိဘူးဗျ။




ခရီးထွက်ဘို့ သုံးလေးရက်လောက်အလိုမှာ အန်တီဆယ်ဟာ ကျနော့်ကို အကူ အညီတခု တောင်းလာပြန်ပါတယ်။အဲဒါကတော့ တရုတ်ပြည်ကနေ သူတင်သွင်းလာတဲ့ ဘိလပ်မြေတွေ ထား စရာနေရာမရှိလို့ ဂိုဒေါင်ရှာပေးပါအုံး တဲ့ ။ အေးဗျ။ ထူးထူးဆန်းဆန်းက အဲဒီအချိန်က မြန်မာ တပြည်လုံးက လုပ်ငန်းရှင်တွေ ဈေးသက်သာတယ်၊ အမြတ်ကျန်တယ်ဆိုပြီး တရုတ် ဘိလပ် မြေတွေ အပြိုင်အဆိုင်သွင်းလိုက်ကြတာ ဘိလပ်မြေထားစရာဂိုဒေါင်တောင် ရန်ကုန် မှာ ရှာမရတဲ့အထိဖြစ်နေတဲ့ အချိန်ဗျ။ အမှန်တော့ အန်တီဆယ်ဟာ ဆောက်လုပ်ရေးဝန်ကြီး ဦးစော ထွန်းနဲ့ညှိပြီး ဘိလပ်မြေသွင်းလာတာပါ။ ဘိလပ်မြေတွေ ရန်ကုန်ဆိပ်ကမ်းရောက်မှ ဘာ အဆင်မပြေဖြစ်တယ် မပြောတတ်ဘူး။ ကျနော့်ကိုထားစရာဂိုဒေါင် အပူတပြင်း ရှာခိုင်း တော့ တာပါပဲ။ အင်းလေ။ ဘိလပ်မြေအိပ်တွေ သိုလှောင်စရာ မရှိလို့ သဘောင်္ပေါ်မှာ ဆက် ထားရင် ရက်လွန်ကြေးနဲ့ မွဲသွားမှာပေါ့။
……………………….

ဒါနဲ့ ကျနော်လည်း ဘိလပ်မြေအိပ်တွေကို ကျနော့်ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုထဲမှာ ယာယီဂိုဒေါင်တလုံးဆောက်ပြီးလက်ခံထား လိုက်ရပါတယ်။ တကယ်တော့ အန်တီဆယ်ဟာ စီးပွားရေး အကွက်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။ ဟုတ်တယ်လေ။မကြာခင် ဆောက်တော့မဲ့ မြန်မာ့အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းအတွက် လိုအပ်တဲ့ ဘိလပ်မြေက အိတ်ရေသိန်းချီနေတာ မဟုတ်လား။ဒါကြောင့် သူက ကျနော့်ကို မင်းလိုတဲ့နေရာမှာ သုံးချင် ရင်လည်း သုံးလိုက်လို့တောင် လိမ်လိမ်မာမာ စကားဦးသန်းထားသေးဗျာ။ အဲဒီ အန်တီဆယ် အပ်ထားခဲ့တဲ့ ဘိလပ်မြေအိပ် လေးထောင်ဟာ ကျနော့် အောင်မြင်မှုတွေကို မြေမြှုပ် သင်္ဂြုဟ် ရာမှာ သုံးတဲ့ ဘိလပ်မြေတွေ ဖြစ်လာပါတော့တယ် ။
ဘယ်လိုဖြစ်သွားတာတုန်း ဟုတ်လား။ အဲဒါကို မပြောခင် ကျနော့် ကုမ္ပဏီဖွဲ့စည်းပုံလေးကို ပြော ထားမှ ဇာတ်ရည်လည် မယ်ထင်ပါရဲ့ ။
ကျနော့်ကုမ္ပဏီမှာ ကျနော်က မန်းနေဂျင်း ဒါရိုက်တာပေါ့။ဒါရိုက်တာ အဖွဲ့ဝင် သုံးယောက်ရှိ လေရဲ့။ဦးလှမြင့်ဆိုတာ လက်ပံတန်းဇာတိ။ အထက်တန်းကျောင်းဆရာ လူထွက်၊ သူက ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားရှာတဲ့ ၊နဝတ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ညီအရင်း ။ ကိုလှမြင့်ဟာ ကျနော့်ထက် လေးငါးခြောက်နှစ်လောက် ကြီးပါလိမ့် မယ်။ သူဟာ ဘီအီးဒီတက်နေကတည်းက ဖဲဝါသနာကြီးလွန်းလို့ စာမေးပွဲတဘုန်းဘုန်း ကျနေ ခဲ့သတဲ့ ။ကျနော့်တို့လှိုင်မြို့နယ်က နံမည်ကြီး ဖဲသမား ကျော်ဦး နဲ့ အဖွဲ့တွေပေါ့ဗျာ။ အမှန် တော့ ကိုလှမြင့်ကို ကုမ္ပဏီထဲမှာ နံမည်ထည့်ထားတာဟာ လိုလို မယ်မယ် ဝိတ်သုံး ရ အောင်သာ ထည့်ထားတာ ၊ သူ့အစုရှယ်ယာငွေ တပြားမှ မပါပါဘူး။
ကိုလှမြင့်ရဲ့ ထူးခြားချက်က ဒီလူဟာ အလုပ်တခုကို ဘယ်တော့မှ စွဲစွဲမြဲမြဲ မလုပ်တတ်ဘူး။ သူအားသန်တာက အမှုပွဲစားပဲ။ဘယ်ပြဿနာဆို ဘယ်လောက်ပေး ၊ သူ့အကိုနံမည်ပြောပြီး လိုက်ရှင်းမယ်။ ဘယ်ပါမစ်လိုချင်ရင် ဘယ်လောက်ပေး သူ့အကိုနံမည်နဲ့ လိုက်လုပ်ပေးမယ်။ ကျနော်က သူ့ကို ဣနြေ္ဒရရ ဂွင်ကြီးကြီး တဂွင်နှစ်ဂွင် ဖန်ပြီး နေဘို့ပြောလည်း နားမဝင်ဘူးဗျ။ ခက်တာက သူဟာ အရက်သောက်ရင် ဘီအီးအရက်ဖြူကလွဲလို့ကျန်တဲ့ အရက်ကို မျိုမကျ ဘူးထင်ပါရဲ့ ။ဘီအီးမှ ဘီအီး ။ ဘယ်လောက်ကောင်းတဲ့ အရက်တိုက်တိုက် မသောက် ဘူး။ ပိုဆိုးတာက ကိုလှမြင့်ဟာ အဝတ်အစားဘိုသီဖတ်သီနဲ့ လူရိုသေရှင်ရိုသေဖြစ်အောင် မနေ တတ်ဘူးဗျာ။
ကိုလှမြင့် ဘီအီးကြိုက်ပုံနဲ့ ဝတ်ပုံစားပုံ ၊လုပ်ပုံကိုင်ပုံ ဟန်မကျပုံများ ကြုံတုန်းပြော လိုက်ရ အုံးမယ်။ ထိုင်ဝမ်ကလာ စီးပွားရေးအဖွဲ့အဖွဲ့တဖွဲ့နဲ့ ကုန်းမြင့်သာယာ ရှေ့တည့်တည့်က စား သောက်ဆိုင်မှာ လုပ်ငန်းကိစ္စညှိတုန်းကပေါ့ဗျာ။ ဟုတ်တယ်ဗျ။ ထိုင်ဝမ်သံရုံးသာ ဗမာပြည်မှာ မရှိတာ ထိုင်ဝမ်က စီးပွားရေးလုပ်ငန်းရှင် တချို့တော့ သူ့နည်းသူ့ဟန်နဲ့လာနေကြတာပါပဲ။ အဲဒီပွဲမှာ ထိုင်ဝမ်ဖက်က ရင်းနှီးမြှုပ်နှံဘို့ကမ်းလှမ်းမှာဆိုတော့ ကိုလှမြင့်ကို ကျနော်က “ခင်ဗျား ည ရှစ်နာရီတိတိ အရောက်လာပါ။ ထိုင်ဝမ်ဧည့်သည်တွေ ကို အတွင်းရေးမှူး(၂) ရဲ့ ညီအရင်းကိုယ်တိုင်ပါလိမ့်မယ် “လို့ ကျနော်ပြောထားတဲ့ အကြောင်း အာပေါက်မတတ် ပြောထားခဲ့တယ်ဗျာ။ပြောခဲ့တုန်းကတော့ ခေါင်းလေးတငြိမ့်ငြိမ့်ပါပဲ။ ချိန်းထားတဲ့နေ့ မှာ ထိုင်ဝမ်အဖွဲ့ ဧည့်သည်ခုနှစ်ယောက်လောက်နဲ့ ကျနော်တို့အဖွဲ့သုံးလေးယောက် စုစုပေါင်း ဆယ်ယောက်လောက်ဟာ စားစရာသောက်စရာတွေ မှာပြီး ကိုလှမြင့်ကို ရှစ်နာရီကတည်းက ထိုင်စောင့်လိုက်တာ ကိုယ်တော်ချောက ပေါ်မလာဘူးဗျို့။ကျနော်လည်း ဧည့်သည်တွေကို ကိုလှမြင့် လာမှာသေချာတဲ့အကြောင်း ၊ သည်းခံစောင့်ဘို့ မျက်နှာပူပူနဲ့ ထိုင်ဝမ်ဧည့်သည် တွေကို တောင်းပန်ထားရတာပေါ့ဗျာ။
ဆယ်နာရီလည်း ထိုးခါနီးရော ကိုတော်ချောက ဖုန်းဆက်လာသဗျ။ သူ့ကို စစ်တပ်လုံခြုံရေးက မသကာင်္လို့ ဖမ်းထားလို့ ဆိုပဲ ။ကောင်းဗျာ။ ကျနော်လည်း ဖမ်းထားတဲ့နေရာကို မေးလိုက် တော့ ကျနော်တို့ထိုင်နေတဲ့ စားသောက်ဆိုင်နဲ့ ရှေ့တည့်တည့်က ကုန်းမြင့်သာယာ လုံခြုံ ရေး ဂိတ်မှာတဲ့ဗျား။
ကျနော်လည်း ဆိုင်အပြင်ထွက် ကားလမ်းကူးပြီး လုံခြုံရေးဂိတ်ကို အကျိုးအကြောင်း မေး တော့ ကိုလှမြင့်ဟာ မူးမူးနဲ့ ကုန်းမြင့်သာယာက လုံခြုံရေးဂိတ်ကို ကျနော်တို့နဲ့ ချိန်းထား တဲ့ စားသောက်ဆိုင်မှတ်ပြီး ဝင်သွားရာက ပြဿနာ စတာတဲ့ဗျာ။ သူ့ကို ဖမ်းပြီး စစ်လား ဆေး လား လုပ်တော့ သူဟာ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ညီပါလို့ ဖြေရှင်းချက်လည်းပေးရော သူ့ပုံစံကို ကြည့်ပြီး ပိုပြီး မယုံ သကာင်္ဖြစ် တော့တာပေါ့ဗျာ။ အေးလေ။ ပါးစပ်က ဘီအီးနံ့ တထောင်း ထောင်းထပြီး ဝတ် ထားတဲ့ အကျီ ကလည်း ကြေမွ စွန်းထင်းနေလေတော့ မယုံတဲ့သူ အပြစ် တော့ မဟုတ် ဘူးဗျို့။နောက်ဆုံး တော့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးစိုးနိုင် ကိုလှမ်းဆက် မှပဲ ကိစ္စပြီးသွားရော ဆိုပါစို့။

ဒါမျိုးက ဒီတပွဲတင်မကပါဘူး။ တကယ့်ပွဲကြီး ပွဲကောင်းတည်လို်က်ရင် ကိုလှမြင့်က ဒီအချိုး ကြီး ချိုးသဗျ။ကျနော်က ဂွင်ကြီးကြီး ဖန်မယ်လုပ်လိုက် ၊သူက ပေါက်ကရလုပ်လိုက်နဲ့ ပါပဲ။ ကျနော်အလုပ်မဖြစ်အောင် တမင်တကာ ဒီအချိုးချိုးနေတာတော့ မဟုတ် ဘူးဗျ။ အားမနာ တမ်းပြောရရင် ကိုလှမြင့်ဟာ ကလေကချေစိတ် မကုန်ဘူးဗျ။တကယ်ဆို ကိုတေဇတို့ ရသွား တဲ့ ဆိုဗီယက်ကနေ မြန်မာပြည်ကို လက်နက်သွင်းဘို့ ကိစ္စမျိုးမှာ ကျနော် တို့အုပ်စု ရနိုင် တာပေါ့။ ဟုတ်တယ်။ ရုရှကို လက်နက်ဝယ်ဘို့ စပြီးသွားတာ ဗိုလ်ချုပ်ကြီး တင်ဦးပဲ။ အဲဒီအချိန်က ရုရှ စစ်သံမှူးကြီးဟာ ဗိုလ်မှူးကြီးသာဝင်းဗျ။အော် .. ဗိုလ်မှူးကြီးသာဝင်းနဲ့ လည်း ချိတ်ဘို့မခက်ပါဘူးဗျာ ။ သူ့သားမက်တယောက်လုံး ကျနော့် ကုမ္ပဏီမှာ ရှိနေ တယ်လေ။
……………………………………………
ဟုတ်ပါတယ် ။ဒါရိုက်တာ အဖွဲ့ဝင်နောက်တယောက်က ကိုမြင့်ဌေးပေါ့ဗျာ။ ကိုမြင့်ဌေးနဲ့ ကျနော်က ထောင်ထဲမှာ သိလာတာဗျာ။ သူက ပြည်တွင်းရေကြောင်းမှာ လက်မှတ်စစ်လုပ်ရင်း အမှုဖြစ်ပြီး ထောင်ကျ လာတာ ဆို ပါတော့။ တနသာင်္ရီတိုင်း ငြိမ်ဝပ်ပိပြားရေး ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး သာဝင်း ဟာ သူ့ ယောက္ခမပေါ့ဗျာ ။ဘယ်လိုဘယ်ပုံ အမှုဖြစ်လာသလဲတော့ မမေးမိတော့ပါဘူးဗျာ ။ အမှုတွဲတွေက ဆယ်ယောက်ကျော်ဆိုတော့ ဗိုလ်မှူးကြီးသာဝင်း လည်း မကယ်နိုင်ဘူးထင်ပါ ရဲ့။ကိုမြင့်ဌေးဟာ ပြည်တွင်းသဘောင်္လက်မှတ်စစ် ဘဝကနေ တဝတ ဥက္ကဋ္ဌသမီးနဲ့ ဖူးစာဆုံလို့မှ မကြာခင် ထောင်ကျခဲ့တာဆိုတော့ ထောင်ကအထွက်မှာ သူ့ ယောက္ခမ အသိုင်းအဝိုင်းကြား မှာ မျက်နှာငယ်နေရတဲ့အချိန် ကျနော့်ဆီပေါက်ချလာပြီး အလုပ်တောင်းရာက ကျနော့် ကုမ္ပဏီမှ ဒါရိုက်တာ ဖြစ်လာတော့တာပါပဲဗျာ။ သူ့ရှယ်ယာလား ။ တပြားမှ မပါကြောင်းပါဗျာ။ကျနော့်ဆင်လုံးထွင်လုံးတွေနဲ့ ဒါရိုက်တာ ဖြစ်လာတယ် ပြောကြ ပါစို့ဗျာ။
အင်း ၊နောက်ဆုံးတယောက်ကတော့ နောက်ပိုင်းမှာ ကျနော်နဲ့ မဟာရန်သူတော် ဖြစ်လာမဲ့ မစ္စတာကူးမားပါပဲဗျာ။ သူက ဒလမြို့နယ်ဖက်က ဇာတိလို့ပြောတယ်။ ဟိန္ဒူဘာသာဝင်ပါ။ မြန်မာပြည်ပေါက်စစ်စစ်ဖြစ်ပေမဲ့ သူ့နာမည်ကို မစ္စတာ တပ်ခေါ်မှ ကြိုက်သဗျ။သူက သဘောင်္သားအဖြစ် အချိန်တော်တော်ကြာလုပ်ခဲ့ဘူးတယ် ဆိုပါတယ်။ သဘောင်္အင်ဂျင်နီယာ chief အဆင့်နဲ့ လုပ်နေရာက မြန်မာပြည်မှာ အိုးမကွာ အိမ်မကွာ စီးပွားရေးလုပ်ချင်တယ် ဆိုပြီး ကျနော့်ရုံးက မန်နေဂျာ ဦးဝင်းဖေကတဆင့် မိတ်ဆက်ပေးရာက ကျနော့် ကုမ္ပဏီထဲကို ရောက်လာတဲ့သူပါ။ကုမ္ပဏီအစုရှယ်ယာဝင်ငွေ အဖြစ် သူ့ငွေ သိန်းသုံးဆယ်ပါပါတယ်။ ဒီငွေ သိန်းသုံးဆယ်ဟာလည်း ကျနော့်လက်ထဲကို ထည့်တာမဟုတ်ပါဘူး ။ သူကုမ္ပဏီထဲကိုဝင်လာ တော့မဲ့အချိန်မှာ လမ်းငါးဆယ်ကိုရုံးခန်းပြောင်းမဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ရုံးခန်း ပြောင်းစားရိတ်ကို သူက ကျခံတာနဲ့ ဒါကို အစုရှယ်ယာဝင်ငွေ အဖြစ် သတ်မှတ်ပေးခဲ့တာပါ ။
တကယ်တော့ မစ္စတာကူးမားဟာ စိတ်ဓာတ်နူးညံ့ပြီး လူတော်တယောက်လို့ သတ်မှတ်လို့ ရ ပါတယ်။ ဥပဓိရုပ်လည်းကောင်းပါတယ်။ကျနော်သူ့ကို ကုမ္ပဏီထဲမှာ ပါဝင်ခွင့်ပေးလိုက်တာ ဟာ ထင်ရာစိုင်းတတ်လွန်းတဲ့ ကျနော့်အတွက် အထိန်းအကွပ်လေး ဖြစ်လိုဖြစ်ငြား ဆိုတဲ့ ရည် ရွယ်ချက်ပါပါတယ်။ ဒါပေမဲ့ မစ္စတာကူးမားရဲ့ ကြီးစွာသော အားနည်းချက်ဟာ သူတပါးစကား ကို ယုံလွယ်လက်ခံတတ်ခြင်းနဲ့ ကျနော့် အပေါ်လွှမ်းမိုးချုပ်ကိုင်ဖို့ မူလကတည်းက ရည်ရွယ် ထားခြင်းပါပဲ။ တကယ်တော့ အဲဒီအချိန်မှာ မြန်မာပြည်စီးပွားရေးလောကဟာ အလွန်တရာ ရှုပ်ထွေးဆန်းပြားလွန်းတာကြောင့် ကျနော်လို နေရာမျိုးစုံမှာ ကျင်လည်ကျက်စားခဲ့တဲ့၊ ခေတ်နဲ့ အညီ ဖျံကျနေတဲ့သူ တယောက်ကို လွှမ်းမိုးချုပ်ကိုင်ချင်တာဟာ ခေတ်ကာလက အခြေအနေမပေးဘူးလို့ ပြောရပါလိမ့်မယ်။
……………………………………………..
ဒီလိုနဲ့ ၁၉၉၆ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော်ဟာ ထိုင်းနိုင်ငံကို အန်တီဆယ်နဲ့ အတူထွက်ခွာ လာခဲ့ပါတယ်။ အန်တီဆယ်ကတော့ စိန်အရောင်းအဝယ်နဲ့လာတာလို့သူ့စကားအရ သိရပါ တယ်။ စိန်တွေကို ဘယ်လိုသယ်တယ် ၊ဘယ်လိုရောင်းတယ်ဆိုတာ ကျနော်မသိပါဘူး။ မှတ်မှတ်ရရ လေဆိပ်ကို ကျနော့်ဒါရိုက်တာ အဖွဲ့တွေလိုက်ပို့တော့ ကျနော်လည်စည်း စည်းမထား တာနဲ့ မစ္စတာကူးမားဟာ အဆင်သင့်ယူလာတဲ့ အနီရောင်လည်စီးတခုကို လေဆိပ်အိမ်သာ ထဲမှာ သူကိုယ်တိုင်ကျနော့်ကို စည်းနှောင်ပေးခဲ့ပါတယ်။ တကယ်တော့ အဲဒီ လည်းစည်းဟာ သေဒဏ်ပေးခံရမဲ့ တရားခံတယောက်ရဲ့ လည်ပင်းကို စွပ်လိုက်တဲ့ ကြိုးကွင်း ဆိုတာ နောက်ပိုင်းမှာ ကျနော်သိလာခဲ့ပါတယ်။
လေယာဉ်ပေါ်မှာတော့ ကော်ဖီခွက်ထဲကို ငြုပ်ကောင်းမှုန့် မှားထည့်ပြီး သောက်မိတာက လွဲ လို့ ဘာမှ ထူးထူးခြားခြား မရှိလှပဲ နတ်မိမယ်တို့ပျော်စံရာလို့ ခေါ်ဝေါ်သမုဒ်ကြတဲ့ ဘန်ကောက်မြို့တော်ကို ရောက်လာခဲ့ပါတော့တယ်။ ကျနော်တည်းခိုတဲ့ ဟိုတယ်က တည်နေ ရာကို ကျနော်ပြန်မပြောတတ်တဲ့ Manurah Hotel ပါပဲ။ မွန်ရာဇဝင်ထဲက မနူဟာ ဘုရင်ရဲ့ နာမည်များလားလို့ ကျနော်တွေးမိပါတယ်။ကျနော်ရောက်တဲ့အချိန်ဟာ Manurah Hotel ဖွင့်လှစ်တဲ့ဆယ်နှစ်ပြည့် တဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ဟိုတယ်အဝင်ဝမှာ Ten year anniversary ဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲထားတာတွေ့နေရပါတယ်။
ကျနော်ဟိုတယ်ကိုရောက်တော့ ညမိုးချုပ် ခုနှစ်နာရီလောက်ဖြစ်နေပါပြီ။အန်တီဆယ်ကတော့ လေဆိပ်မှာလာကြိုတဲ့ ဘန်ကောက်က စိန်ကုန်သည် မာလဝါရီကုလားကြီးရဲ့ အိမ်မှာတည်း လေ ရဲ့ဗျာ။
…………………………………

ဟိုတယ်ခန်းထဲရောက်တော့ အပြင်ဖက်ကို ပြူတင်းပေါက်ကနေကြည့်လိုက်တာ ဟိုတယ် ဘေးမှာ ဧရာမကွန်ကရစ်တိုင်ကြီးတွေတွေ့သဗျ။ စပ်စုကြည့်တော့ မိုးပျံမီးရထား လမ်း အတွက် ဆို ပဲ။ ဟိုတယ်ခန်းထဲမှာ ကျနော်အရင်ဆုံး စရှာတာကတော့ အရက်ပုလင်းပါပဲ။ ဟုတ် တယ်လေ။ တယောက် တည်း ငေါင်တောင်တောင် ယောင်ချာချာနဲ့ဆိုတော့ အရက် သောက်ဖို့ပဲ ရှိတော့တာကိုး။ အခန်း ထဲက ရေခဲသေတ္တာထဲမှာ အရက်မျိုးစုံ ရှိနေတာ ကြောင့် ဈေးအသက် သာဆုံး အရက်ကိုရွေးလိုက်ရပါတယ်။ ပုလင်းလိုက်ဖြစ်နေတာကြောင့် ဟိုတယ် ဝန်ထမ်းကို ခေါ်ပြီး လေးပက်လောက်မှာလိုက်တာ ဈေးက တယ်ကြီးသကိုး ။ နောက်ပိုင်း ရက်တွေ မှာ တော့ ဒီအရက်မျိုးကို ဟိုတယ်မှာယူတဲ့လေးပက်ဘိုးပေးရင် တပုလင်းလုံး အပြင်မှာ ဝယ်လို့ရနိုင် တာကို သိလာ တာကြောင့် ပုလင်းလိုက်ဝယ်ထားပါတော့တယ်။
တကယ်တော့ အဲဒီကာလမှာ ကျနော်သောက်ချင်စားချင်စိတ် သိပ်မရှိလှပါဘူး။ အမေဆုံးတာ ကလည်း မကြာသေးတော့ ညညဆို အမေ့ကို အိပ်မက်မက်နေတာကြောင့် စိတ်ပြေလိုပြေငြား သောက်နေတာလည်းပါပါတယ်။
ကျနော်ဆိုတဲ့လူလည်ကလည်း ဟိုတယ်က ကျွေးတဲ့ မနက်စာ ဘူဖေးကို ကြိုက်သလောက် စားနိုင်မှန်းလည်း မသိ ၊အပြင်မှာလည်း ထွက်ပြီးဝယ်မစားတတ်ဆိုတော့ ထမင်းစားချိန်ဆို အန်တီဆယ်တည်းတဲ့ မာလဝါရီကုလားကြီးအိမ်သွားစားရပါတယ်။ မာလဝါလီကုလားကြီး အိမ်က ဟိုတယ်နဲ့ သိပ်မဝေးလှပါဘူး။နှစ်ရက်လောက်နေ့လည်စာရော ညစာပါ ကုလားကြီး အိမ်သွားစားနေတော့ အန်တီဆယ်က မြင်ပြင်းကပ်လာတယ် ထင်ပါ့ဗျာ။ “ ကိုသက်ခိုင် ၊ ခင်ဗျားဗျာ၊ ယောကျာ်းဆိုတာ စုံမှပေါ့၊ သွားစရာလည်စရာ ရှိတာတွေ လျှောက်လည်ပေါ့ ၊ ပက်ပုန်းတို့ ဘာတို့ သွားကြည့်ပေါ့ “ ဆိုပဲဗျာ။ အော် ၊ အန်တီဆယ်က မန္တလေးသူဆိုတော့ စကားပြောရင် ကျနော် နဲ့ ခင်ဗျားနဲ့ ပြောတတ်ပါတယ် ။ အင်း ။ မြင်းကို ဂျိုတပ်ပေးနေသလိုပါပဲ ဗျာ။
ဒါနဲ့ကျနော်လည်း ဒီလိုနေလို့ဖြင့် မသင့်ချေဘူး ။ ကိုယ်တိုင်လမ်းရှာပြီး ထွက်လည်မှ သင့် ပေတော့မယ်လို့ စိတ်ကူးပြီး နောက်နေ့မှာ ပက်ပုန်းဖက် ကိုအငှားကားနဲ့ထွက်ခဲ့ပါ တော့ တယ်။ နေအုံးဗျ။ ပက်ပုန်း ဆိုတာ ဘာဘာညာညာ အစုံရတဲ့ နေရာဆိုပေမဲ့ တယောက်တည်း ကြဲ ဘို့ကျတော့ ပွဲဦးထွက် ခရီးစဉ်ဖြစ်နေတာကြောင့် စိတ်က သိပ်မရဲလှဘူး။ ဟိုလျှောက် ကြည့် ဒီလျှောက်ငေးနဲ့ နှစ်ည လောက်အချိန်ကုန်သွားပြန်ပါတယ်။
ဘန်ကောက်ရောက်လို့ လေးရက်မြောက်တဲ့နေ့ညမှာတော့ သိကြားမင်းဟာ မာတလိ နတ်သား ကို ဒရိုင်ဘာယောင်ဆောင်စေပြီး ကျနော့်ဆီကို လွှတ်လိုက်ပါတော့ တယ်။ ဖြစ်ပုံကတော့ အဲဒီညက ကိုးနာရီလောက်မှာ ဟိုတယ်ခန်းထဲက ဖုန်းသံမြည်လာလို့ ကောက် ကိုင်လိုက်တော့ “ဟယ်လို ၊ သူငယ်ချင်းလား “ တဲ့ ၊ဘိုသံနဲ့ နှုတ်ဆက်သဗျ။ ကျနော်လည်း ဟုတ်ကဲ့ပြောပါဆိုပြီး စကားပြန်လိုက်တော့ သူနံမည်က တိုနီဆိုပဲ။ သူက ဟိုတယ်ရှေ့မှာ တက္ကစီမောင်းပါသတဲ့ ။သူက ကျနော်တယောက်တည်း ဟိုတယ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတာကို သတိပြုမိပြီး ဆက်တာဖြစ်နိုင်ပါတယ်။
ဖုန်းထဲကနေ လေးငါးခွန်းလည်း အချီအချ ပြောပြီးရော သူနဲ့ကျနော် ဟိုတယ်ဧည့်ခန်းမှာ မျက်နှာချင်းဆိုင် စကားပြောဖြစ်ပါတော့တယ်။ ဘန်ကောက်ဟာ သိပ်ပျော်စရာကောင်းတဲ့ အကြောင်း နတ်မိမယ်လေးတွေ ပေါကြောင်း ၊ညဖက်ရှုခင်းတွေ ၊လည်စရာ ပတ်စရာတွေကို ဈေးသက်သက်သာသာနဲ့ သူလိုက်ပို့ပေးနိုင်ကြောင်း ဆွယ်တော့တာပဲဗျို့။ အော်၊ ကျနော် ဘာပြောစရာလိုသေးလဲဗျာ။ ကျနော်လိုအပ်နေတာကလည်း သူလိုလူမျိုးမဟုတ်လား။ တိုနီဟာ ကျနော်နဲ့ အသက်မတိမ်းမယိမ်း သုံးဆယ်ကျော်လောက်ပါပဲ။ သဘောကောင်းပုံ ရပါတယ်။
………………………………………….
ကျနော်လည်း ဟိုတယ်ခန်းထဲပြန်၊ အဝတ်အစားလဲပြီး တိုနီခေါ်ရာနောက်ကို သူ့ကားရှေ့ခန်း ကနေမိန့်မိန့်ကြီးထိုင်ပြီး ကောက်ကောက်ပါအောင်လိုက်ခဲ့ရောဆိုပါတော့ဗျာ။ အော်၊ သူခေါ် သွားတာလည်း ပက်ပုန်းပဲဗျ။ ဆိုင်တဆိုင်ထဲဝင်ပြီး ဘီယာတပုလင်းကို သုံးဆယ့်ငါးကျပ်နဲ့ ဝယ်သောက်လိုက်တော့ အဝတ်အစားမလုံ့တလုံဝတ်ပြီး တိုင်ပတ်ကနေတဲ့ ထိုင်းပျိုဖြူတွေကို တွေ့ရတော့တာပါ ပဲ။ လက်စသတ်တော့ တိုနီဟာ ကျနော့်ကို တကယ့်တောသား ထင်နေပုံ ရပါတယ်။ အဝတ်အ စား မပါတဲ့ မိန်းမတွေကိုတော့ ရုပ်ရှင်တွေထဲမှာကော အပြင်မှာပါ တွေ့ဖူးနေတာကြောင့် ကျနော့်စိတ်ထဲ တယ်ပြီး မထူးဆန်းလှဘူးဗျာ။ကျနော်ပြောပြီး ပါပြီကော ။ ကျနော်က သူတော် စင် ကြီး မဟုတ်ပါဘူးဆိုဗျာ။
အဲဒီအချိန်မှာ ကျနော့်စိတ်ဟာ ဘယ်က ဘယ်လို အတွေးချော်သွား သလဲ မဆိုတတ်ဘူး။ ကျနော်အသက် ၁၉ နှစ်သားမှာ တက်ခဲ့ဘူးတဲ့ ဘိုကလေးဆရာအတတ်သင်ဆီကို ရောက် သွားသဗျာ။ မဆီမဆိုင်မထင်လိုက်ပါနဲ့။ ဆိုင်ပါတယ်။ ၁၉၇၇ ခုနှစ် ဘိုကလေး ဆရာ အတတ်သင် ကျနော်တက်ခဲ့တုန်းကပေါ့။ သင်တန်းသားဦးရေ ငါးရာကျော်လောက်ထဲမှာ ကျနော်လို ၁၉ ၊၂၀ ချာတိတ်တွေရော ၊အိမ်ထောင်ရှင်တွေရော၊ လူပျိုလူလွတ်တွေပါ ပါတာကြောင့် ကျောင်းဖွင့်လို့ လေးငါးလလောက်လည်းကြာရော အတွဲလေးတွေကိုယ်စီနဲ့ ချိတ်မိကုန်ကြ ရောပေါ့ဗျာ။အဲ၊ ကျနော်ကတော့ အတွဲမရှာနိုင်သေးတာကြောင့် ခြွင်းချက် ဆိုပါတော့။
ဒီလိုနဲ့အဲသလို သင်တန်းဖွင့်ပြီး လေးငါးလကြာတဲ့ တခုသောနေ့မှာပေါ့။ သင်တန်းသားတွေ နံနက်တိုင်း မဖြစ်မနေ သွားပြီး စုဝေးရတဲ့ စုဝေးခန်းမကြီးထဲမှာ ညဖက်ရုပ်ရှင်ပြမယ် လို့ ထူး ထူးဆန်းဆန်းကြေညာသဗျ။ဘာဇာတ်ကားများပြမှာပါလိမ့် မေးမိတော့ ဘယ်သူမှ မဖြေနိုင်ဘူး ၊ အားလုံးယောင်ဝါးဝါးပဲ။ ရိပ်ဖမ်းသံဖမ်းတော့ ကျန်းမာရေးပညာပေး ရုပ်ရှင်လိုလို ဘာလိုလို ပြောကြလေရဲ့ဗျာ။
ကျနော်အပါအဝင် သင်တန်းသား အားလုံးဟာ ပွဲငတ်နေတာကြောင့် ရုပ်ရှင်ဟေ့ ဆိုတာနဲ့ ဘယ်သူမှ ရိုက်ပြီး မလာခိုင်းရပဲ စုံစုံညီညီရောက်လာကြပါတော့တယ်။ရုပ်ရှင်ပိတ်ကားက စုဝေးခန်းမကြီးရဲ့ စင်မြင့်နောက်ခံမှာ ကပ်ထားတာပေါ့ဗျာ။ အော် ၊ သတိရတုန်း ကြွားရအုံး မယ်။ ဆရာအတတ်သင် ကျောင်းသားဘဝမှာ ကျနော်က စာဂျပိုးမဟုတ်လား။ ဘိုကလေး ဆရာအတတ်သင်မှာ ပြုလုပ်နေကျ ပြည်ထောင်စုနေ့ ၊ အမျိုးသားနေ့၊ အာဇာနည်နေ့ စတဲ့ နေ့ကြီးရက်ကြီးတွေအတွက် အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ တွေမှာ အကြိမ်တိုင်းလိုလို ကျနော် ဆုချိတ်ခဲ့လေတော့ ခုံဖိနပ်ကို တဂေါက်ဂေါက်မြည်အောင် စီးပြီး အောက်ခံစွပ်ကျယ်၊ အပေါ်က တိုက်ပုံအကျီနဲ့ လက်ဝဲသမား ဂိုက်ဖမ်းပြီးဆုတက်တက်ယူခဲ့တဲ့ စင်မြင့်ကြီးပေါ့ဗျာ။
………………………………….
ညခုနှစ်နာရီခွဲလောက်မှာ ရုပ်ရှင်စပြတော့ ကာတွန်းကားဗျ။ ပတ်ဝန်းကျင် သန့်ရှင်းရေး ရေတွင်းရေကန် သန့်ရှင်းရေး နဲ့ ရောဂါရစေတဲ့ ပိုးမွှားတွေ ပေါက်ပွားပုံတွေကို ပြတာ ပါပဲ။ ဘာဘဲဖြစ်ဖြစ်ဗျာ။ ကြည့်ရတာ ကောင်းပါတယ်။ ဗဟုသုတလည်း ရစရာပါပဲ။ သို့သော် အဲဒီအခန်းတွေပြပြီူးလို့ တနာရီ ဝန်းကျင်လောက်လည်းရောက်ရော ရုတ်တရက် ပိတ်ကား ပေါ်မှာ ကိုယ်တုံးလုံးတီး ယောက်ျား တယောက်ပုံ ဘွားကနဲပေါ် လာပါတော့တယ်။ သင်တန်း သား အထီးများက အသာလေး ငြိမ်နေပေမဲ့ သင်တန်းသူများကတော့ ဟာ ဟင် ဖြစ်ကုန်ကြ ပါတော့တယ်။
ဒါတင်ဘယ်ကမလဲဗျာ။ ကိုယ်တုံးလုံး မိန်းမပုံထပ်ပေါ်လာပြန်ပါတယ်။ သင်တန်းသူတွေလည်း နောက်လှည့်တဲ့သူလှည့် မျက်နှာကိုလက်ဝါးနဲ့ အုပ်သူအုပ် ဆူညံနေပေမဲ့ ရုပ်ရှင်ကတော့ ပြမြဲ ပြလျက်ပါပဲဗျာ။ ဟေ့လူ၊ တလွဲတွေ လျှောက်မတွေးနဲ့လေ။ အဲဒါ ခင်ဗျားထင်နေသလို အပြာ ကား ပြနေတာ မဟုတ်ပါဘူး။ သင်တန်းသားတွေအတွက် လိင်ပညာပေး။ ကာလသားရော ဂါ ပညာပေးကား ပြနေတာဗျ။
အစပိုင်းတော့ ယောကျာ်းမိန်းမသဘာဝ ဘယ်လို ဆက်ဆံကြတယ် ဆိုတာမျိုးကနေ ဘယ်လို ရောဂါ ရကြတယ်။ ရောဂါ လက္ခဏာက ဘယ်လိုဆိုတာ ရောဂါသည်တွေရဲ့ လိင်အဂါင်္ အစိတ်အပိုင်းတွေကို အသေးစိတ်အနီးကပ် ရိုက်ပြလိုက်တာ မကြည့်ရက် မမြင်ရက် စရာတွေချည်းပါပဲဗျာ။ရုပ်ရှင်ပြပြီး နောက်ပိုင်းရက်တွေ မှာ သင်တန်းသား အထီးတွေလည်း အမတွေကို မကြည့်ချင်၊ သင်တန်းသားအမတွေကလည်း သင်တန်းသား အထီးတွေကို မမြင်ချင်လောက်အောင် ဖြစ်ကုန်ကြတော့တာပဲဗျာ။ သမီးရည်းစား အတွဲတွေ၊ ချိတ်တိတ် တိတ် ဖြစ်နေတဲ့ သူတွေတောင် ခပ်တန်းတန်း ဖြစ်ကုန်ကြ ဆိုပဲ။ အော်၊ တလဝန်းကျင်ပေါ့ဗျာ။ အမြဲတမ်းတော့ ဘယ်စိတ်ကုန်ကြပါ့မလဲ ၊ ကာမဘုံသား ဆုံလည်နွား လို့ ဆိုတယ် မဟုတ် လား။
တိုနီက ပက်ပုန်းခေါ်သွားပြီး ထိုင်းမတွေ မလုံ့တလုံဝတ်ပြီးတိုင်ပတ်နေတာကို ပြတော့ ကျနော့် စိတ်က ဘိုကလေးဆရာအတတ်သင်ပြန်ရောက်ပြီး ရီချင်သလိုလို ပုံစံဖြစ်နေတာကို ဘေး က ကြည့်နေတဲ့ တိုနီက ကျနော်ဟာ ဒီဆေးလောက်နဲ့ မတိုးလောက်ဘူး ဆိုတာ သဘောပေါက် တယ်ထင်ပါ့ဗျာ။ ဘီယာတောင်ကုန်အောင် မသောက်တော့ပဲ .. လာကွာ ၊ နောက်တနေရာ သွားကြမယ်ဆိုတာနဲ့ ကျနော်လည်း ဖဝါးခြေထပ် ထပ်ချပ်မကွာ တိုနီနဲ့လိုက်ခဲ့ရ ပြန်ပါတယ်။
……………………………….

အမယ် ။ ဒီတခါ ခေါ်သွားတာကတော့ အဆန်းသားဗျာ။ FUCKING SHOW ဆိုပဲ။ အော် ။ အဓိပ္ပါယ်တော့ သိတာပေါ့ဗျာ။ ဘယ်လိုရှိုးမျိုးတုန်း ဆိုတာတော့ မသိတာအမှန်ပါဗျာ။ ကျနော် ကလည်း ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဟေ့ တိုနီ ဝင်ခသိပ်များနေရင် မကြည့်ချင်ဘူးနော် ပြောလိုက်တော့ တိုနီက မပူပါနဲ့ကွာ ။ သူများတွေ ဘတ်တထောင်ပေးရတဲ့နေရာကို မင်းကို ငါးရာ နဲ့ ပို့မယ် ဆိုတာနဲ့ ဘယ်နေရာမှန်း ပြောမပြတတ်တဲ့နေရာကို တိုနီ့ကျေးဇူးနဲ့ ရောက် ခဲ့ပြန်ရောဗျာ။ ကျနော် အဲဒီ ရှိုးပွဲကို ရောက်သွားတော့ ညဆယ်နာရီကျော်ကျော် လောက် ရှိ နေပြီဗျ ။
အဲဒီရှိုးပွဲလုပ်တဲ့နေရာဟာ အပြင်ဝင်ပေါက်ကနေ ကြည့်ရင် သိပ်မသိသာလှပေမဲ့ အထဲဝင် လိုက်တော့မှ ဧရာမခန်းမကြီး ဖြစ်နေသဗျာ။ခန်းမကြီးထဲမှာ စင်မြင့်တခုလည်း ရှိလေရဲ့ ။ထူးထူးခြားခြား တွေ့မိတာကတော့ စင်မြင့် အရှေ့ပိုင်းက ခပ်မြင့်မြင့်နေရာမှာ ကြိုးတန်းပြီး ရောင်စုံဘောလုံးလေးတွေ ချိတ်ထားလေရဲ့။ စင်ပေါ်မှာ မိန်းကလေးတွေက ကိုယ်တုံးလုံး ချွတ် လျှောက်ပြနေတာကို ကျနော်လည်း ဘာစိတ်ညာစိတ်မှ မဖြစ်ပဲ အသာငြိမ် ကြည့်နေ လိုက် တာ ဆယ့်ငါးမီးနစ်လောက်ကြာတော့ အထူးအစီအစဉ်တွေ တင်ဆက်ပါတော့မယ်ဆိုတဲ့ ကြေညာသံထွက်လာသဗျ။ အော်၊ လုံးစေ့ပတ်စေ့တော့ ကြေညာနေတာကို ဘယ်နားမလည် ပဲဗျာ ။ဒီလိုပဲ ရိပ်ဖမ်းသံဖမ်းပေါ့။
ဒီမှာတင် ခပ်ဖြောင့်ဖြောင့်ခပ်ငယ်ငယ် ထိုင်းပျိုဖြူတယောက် စင်ပေါ်တက်လာပြီး ဝတ်လစ် စလစ်နဲ့ကော့ကော် ကန်ကားလုပ်ပြတော့သဗျ။ အဲ ၊ အဲဒီကော့ကော်ကန်ကားလည်း ကျနော့် စိတ်ထဲ သိပ်ဆန်းလှတယ် မထင်ပါဘူး။ ဒါပေမဲ့ဗျာ။ အဲဒီမိန်းမပျိုဟာ ရုတ်တရက် ထိုင်ချလိုက် ရင်း လက်နှစ်ဖက်ကို အနောက်ကိုထောက်လိုက်ပြီး သူ့ခါးကို ညှစ်သလိုလို မြင်လိုက်ရတဲ့ အချိန်နဲ့ တပြိုင်တည်းလိုလို စင်မြင့်ရှေ့က ကြိုးတန်းပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘောလုံး တလုံးဟာ “ ဖောင်း “ ကနဲပေါက်သွားလိုက်တာကျနော် လန့်တောင်သွားသဗျာ။ သေချာ ကြည့် လိုက်တော့မှ အဲဒီမိန်းကလေးရဲ့ မတော်တရော်နေရာမှာ ထိုးသွင်းထားတဲ့ ဖန်ချောင်းလိုလို ပြောင်းဝ ကနေ ပန်းပွှားလေး တွေတပ် ထားတဲ့ မြှားလေးတွေ ထွက် လာတာကိုး ။ အောင်မလေး ၊ ထူးပါဆန်းပါပေ့ဗျား။ ဒီမှာတင် ပရိသတ် ထဲက ကြိုက်တဲ့ ဘောလုံး အရောင်တွေကို ပြောခိုင်းပြီး သူက ခါးကော့ လိုက် ပစ်ပြလိုက် လုပ် လိုက်တာ ဘောလုံးတွေ တဖောင်းဖောင်း ပေါက်ကုန်တော့ တာ ပဲဗျို့။ တယ်လဲ ချိန်သား ကိုက် သကိုး ။ဘယ်ကာလကများ ဘယ်လောက်ကြာကြာ လေ့ကျင့်ထား ပါလိမ့်ဗျာ။
ဒါတင်ဘယ်ဟုတ်အုံးမလဲဗျာ။ မတော်တရော်နေရာနဲ့ ဘီယာပုလင်းတွေဖောက်ပြ၊ နောက် ဆော်ဒါပုလင်းထဲက ဆော်ဒါတွေကို မတော်တရော်နေရာထဲထည့်ပြီး နောက်တော့ ပြန်ညှစ် ထုတ်လိုက်တာ အရောင်တွေနဲ့ပြန်ထွက်လာ ပြန်ရော ။အင်း ကြည့်ရတာ ဗဟုသုတတော့ ရပါ ရဲ့။ မြန်မာ့လူမျိုး တောကျကျ ကျနော်လိုကောင်မျိုးအတွက်တော့ တယ်ပြီး သတီစရာတော့ မဟုတ်လှဘူးဗျို့။
အဲသလို မဟုတ်တမ်းတရား ကြံကြံဖန်ဖန်ညစ်ညစ်ပတ်ပတ်တွေ လျှောက်လုပ်ပြနေလိုက်တာ တနာရီနီးပါး ရှိမယ်ထင်တယ်ဗျာ။ ဒီလောက်တင် ပြီးပြီ မှတ်တယ် ။နောက်ဆုံး အထူးခြားဆုံး အစီအစဉ် တင်ဆက်ပါတော့မယ် လုပ်ပြန်ရောဗျာ။
……………………………..
ကျနော့်စိတ်ထဲမတော့ ကြည့်ပြီးတာတွေတောင် ဆန်းလှပြီထင်နေတာ ဒီ့ထက်ဆန်းတာ ဘာများပါလိမ့်ဆိုပြီး ဆက်ကြည့်နေလိုက်တော့ ခပ်ဖြောင့်ဖြောင့် လူငယ်တယောက် ကိုယ်တုံး လုံး တက်လာပြီး ဟန်ရေးပြပြန်သဗျ။မကြာပါဘူးဗျာ။ ထိုင်းမလေးတယောက် ထိုနည်းလည်း တက်လာပြီး ဟန်ရေးပြပြန်တာပါပဲ ။ ဟန်ရေးလည်း ပြပြီး ကြရော …. ဟန်ရေးထက်ပိုတာ ဆက်လုပ်ကြရောဆိုပါတော့ဗျာ။ လူပုံအလယ် တော်တော်ကို မျက်နှာပြောင်တိုက်တဲ့ အစီ အစဉ် ပါလားဗျာ ။ဘာလုပ်ကြတယ် ဆိုတာတော့ ခင်ဗျားဖာသာ ဆက်ပြီး စဉ်းစား ပေတော့ ဗျာ။ ကျနော်တော့ ပြောမထွက်တော့ဘူးဗျို့။အင်း ၊ ကြည့်နေရင်းနဲ့ နားထင် နားရင်းတွေ တောင် ပူလာတော့တာပဲဗျာ ။
ဘာတုန်းဗျ။ ခင်ဗျားကြည့်ပုံက ကျနော်က မရိုးမသားစိတ်တွေ ဖြစ်နေတယ် ထင်လို့လား။ အဲဒီရှိုးပွဲအခန်းထဲမှာ ကျနော်တယောက်တည်းဗျ။ တိုနီက အပြင်မှာကျန်နေခဲ့တာ ။ အမှန် ပြောရရင် ဘာစိတ်မှ မပေါ်တဲ့ အပြင် ကြည့်နေရင်း နည်းနည်းတော့ လန့်လာသလိုပဲဗျာ။
“ဗျာ“၊ ဘာလို့ ငြိမ်ကြည့်နေသတုန်းဟုတ်လား။ ခက်ပါလား။ ကျနော်က ဘာမှန်းမသိသေး တော့ သူတို့ ဘာကို ရည်ရွယ်တယ် ဘာကိုဆိုလိုတယ်ဆိုတာ သိချင်လို့ အစအဆုံးကြည့် နေတာပေါ့ဗျာ။ အစအဆုံးမကြည့်ပဲ ကိုယ်မကျွမ်းကျင်တဲ့နေရာမှာ ထင်မြင်ချက် မပေး ကောင်းဘူးလေ။
……………………………………………..
အော် … ဇာတ်လမ်းကို နားမလည်ပဲ ဘာမှ မသိပဲ ထင်ရာမြင်ရာ စွတ်မပြောရဘူးဆိုတာ ကျနော့်မှာ သင်ခန်းစာ ရှိဘူးတယ်ဗျ။ ပထမအကြိမ် သင်ခန်းစာက မင်္ဂလာဒုံ ရုပ်ရှင်ရုံမှာ ရခဲ့တဲ့ သင် ခန်းစာပါပဲ ။ ကျနော်ကျောင်းဆရာလုပ်နေတဲ့ ၁၉၈၀ ဝန်းကျင်နှစ်တွေတုန်းက မင်္ဂလာဒုံ တိုင်းခန်းမမှာ ရုံမတင်ရသေးတဲ့ ရုပ်ရှင်ကားအသစ်တွေ ပြတယ်ဗျ ။ဟုတ်တယ်။ တပ်တွင်း မိသားစုတွေအနေနဲ့ ရန်ကုန်မြို့လယ်ခေါင်ရုပ်ရှင်ရုံမှာ ဈေးကြီးပေးပြီး ဝယ်မကြည့် နိုင်ကြ တာကြောင့် အထူးအခွင့်အရေးအနေနဲ့ ပြတယ်ထင်ပါရဲ့ဗျာ။ ဒါပေမဲ့ တပ်တွင်းမိသားစု တင်မဟုတ်ပါဘူး ။ ဘယ်သူလာကြည့်ကြည့် ကြည့်လို့ရပါတယ်။
တနေ့တော့ ရှစ်ဆယ့်ရှစ်အရေးအခင်းမှာ ပေါင်ကြားထဲက ပုဆိုးကို ထုတ်ခြင်းခတ် ကျည်ဆံ ဝင်ပြီး ကံကောင်းလို့မသေခဲ့တဲ့ ကျနော့်လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာ ကိုတင်မြင့် နဲ့ အဲဒီရုပ်ရှင် ရုံမှာ ဒါရိုက်တာဝင်းဖေရဲ့ နှင်းဆီနီ အိပ်မက် ဇာတ်ကား၊ ရုံတင်တာနဲ့ သွား ကြည့်ဖြစ် ကြတယ်ဗျာ။ ဖြစ်ချင်တော့ ကိုတင်မြင့်နဲ့အတူ အူလည်လည်ချာတိတ်တကောင် ပါလာသဗျာ။ ဒီချာတိတ်က ငါးတန်းလောက်နဲ့ကျောင်းထွက်ပြီး လက်သမားလေးဘာလေး လိုက်လုပ်နေတာတဲ့ဗျာ ။ ဒီကောင့်နာမည်က ကုလားတဲ့ဗျ ။တကယ့်ကုလားမဟုတ်ပါဘူးဗျာ။ အသားမဲလို့ ကုလားလို့ ခေါ်ကြတာပါ ။သူ့အကိုအောင်တင်တို့ မောင်မောင်တင်တို့လည်း ကျနော်နဲ့ အသက်မတိမ်း မယိမ်း ကျနော့်သူငယ်ချင်းတွေပါပဲ ။
……………………………
မင်္ဂလာဒုံတိုင်းခန်းမထဲကို ကျနော်တို့ရောက်တော့ ရုပ်ရှင်ကပြနေပြီဗျ။ ကျနော်တို့ သုံး ယောက်လည်း မှောင်ထဲမှာ ကိုယ့်နေရာကိုယ် ကြိုးစားရှာပြီး ပိတ်ကားပေါ်က ရုပ်ရှင်ကို ကြည့် လိုက်တော့ ဇာတ်လမ်းက ဆယ်မီးနစ်စာလောက် ကျော်သွားပြီထင်ပါရဲ့ ။ ကျနော်လည်း ဇာတ်ကား အဆက်အစပ်ကို ကိုယ့်ဖာသာကိုယ် တွေးယူပြီး ဆက်ကြည့်နေလိုက်ပါတယ်။ ဇာတ် ကားက အိမ်ထောင်ရေး ဇာတ်ကားဗျ။ စကားပြောခန်းတွေတော့ များတယ်။ဒါရိုက်တာ ဝင်းဖေ ရဲ့ ရိုက်ချက်တွေ စကားပြောတွေ ဆိုတော့ တရုံလုံးက ပရိသတ်ဟာ တုတ်တုတ် တောင် မလှုပ်ပဲ အသက်ရှူသံတောင်ကြားရလောက်အောင် စိတ်ဝင်တစားကြည့်နေတဲ့ အချိန်ပေါ့ဗျာ။ အဲဒီကားမှာ မေယုအကယ်ဒမီရတဲ့ အခန်းတွေမှာ စကားပြောပိုင်လွန်းလို့ ပရိသတ်က ပိုပြီး ငြိမ်သက်နေကြသဗျ။ကျနော်နဲ့ ကိုတင်မြင့်ကြားမှာ ထိုင်နေတဲ့ ကုလားကို ငဲ့ကြည့်လိုက်တော့ သူလည်း တုတ်တုတ်မလှုပ်ဘူးဗျ။ ကျနော့်စိတ်ထဲမှာ အော် .. ကုလား လည်း ဒီလို အိမ်ထောင်ရေးအသားပေး ဇာတ်ကားတွေ ကြည့်တတ်သားပဲလို့ တွေးပြီး အထင် ကြီးနေမိသဗျ။

ဒါပေမဲ့ဗျာ။ ရုပ်ရှင်ကားပြလို့ မီးနစ်လေးဆယ်သာသာလောက်လည်း ရောက်ရော ကျနော့် ဘေးမှာ တချိန်လုံးငြိမ်ပြီး ရုပ်ရှင်ကြည့်နေတဲ့ ကုလားဟာ ဆက်ပြီး သည်းမခံနိုင်တော့ တဲ့ အသံကျယ်ကြီးနဲ့ .. ဘာတွေပြနေတာလဲကွာ … ဆိုပြီး ထအော်လိုက် တာ တရုံလုံးကို ဟိန်းထွက်သွားတော့တာပဲဗျာ။ သူ့အသံကျယ်ကြီးကိုလည်း ကြားရော ရုံထဲက ငြိမ်သက်စွာ အားပေးနေတဲ့ ပရိသတ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီး ဟေ့ ၊ဘယ်က အရူး လည်းကွ ။ မကြည့်တတ်ရင် ရုံထဲက ထွက်။ ဆိုပြီး တခဲနက် မေတ္တာပို့ကြပါလေရောဗျာ။ ကျနော်နဲ့ ကိုတင်မြင့်ဗျာ ။ခေါင်းတောင်မဖော်ရဲဘူး။အသာလေးကုပ်နေလိုက်ရတယ်။ ရုပ်ရှင်ပြီးလို့ ရုံပြင်ရောက်တော့မှ ကုလားရာ မင်းဘာဖြစ်လို့ ထအော်ရသလဲ မေးမိတော့ ဟ၊ ဆရာတို့ ကလည်း ဒီဇာတ်ကားက စကားတွေချည်းပြောနေတာ၊ လက်သီးထိုးခန်း သေနတ်ပစ် ခန်း တွေလည်း တခန်းမှ မပါပဲ လူတွေငြိမ်နေတာများ ကျနော်အံ့သြလွန်းလို့တဲ့ ။အော် ၊လက်စသတ်တော့ ကိုရွှေကုလားက ရုပ်ရှင်မှန်ရင် လက်သီးထိုးရမယ် ၊သေနတ်ပစ်ရမယ် အသေတွက်ထားပေသကိုး။
ဒါတင်ဘယ်ဟုတ်သေးလဲဗျာ။ နောက်တကြိမ် အလားတူ အဖြစ်မျိုး ကြုံခဲ့ဘူးသေးသဗျ။ ဒါလည်း ရုပ်ရှင်ရုံထဲမှာပါပဲ။ဒီတခါပါလာတဲ့အဖော်က မောင်မောင်သန့်တဲ့။ သူက ကျနော် ဂျီတီအိုင်တက်တုန်းက သူငယ်ချင်းပါပဲ။ ကျနော်နဲ့စာရင်း ငါးနှစ်ခြောက်နှစ်လောက် ငယ်ပါ တယ်။ နှစ်ယောက်သား မြေနီကုန်း ညဈေးတန်းမှာ မူးနေအောင်သောက်ပြီး၊ ကိုယ်တော်ချော က အိမ်မပြန်ချင်သေးပါဘူး၊ ရုပ်ရှင်ကြည့်ကြရအောင် နားပူတာနဲ့ ရတနာပုံရုပ်ရှင်ရုံထဲဝင်ပြီး ရုပ်ရှင်ကြည့်ဖြစ်ပါလေရော။ အဲဒီကားက အကယ်ဒမီမောင်တင်ဦးရဲ့ မမစိမ်း ဆိုတဲ့ကားဗျာ။ မင်းသားက ဇင်ဝိုင်း၊ မင်းသမီးက ခင်သန်းနုဆိုတာတော့ မှတ်မိနေတယ်။ ကျနော်တို့ဝင်သွား တော့ ထုံးစံအတိုင်း ရုပ်ရှင်ပြနေပါပြီ။ ရုပ်ရှင်က အချစ်ဇာတ်လမ်းဖြစ်ပေမဲ့ မောင်တင်ဦးရဲ့ လက်ရာဆိုတော့ ပရိသတ်က ငြိမ်ပြီး အာရုံကျနေတုန်း မောင်မောင်သန့်ဆိုတဲ့မောင်က မူးမူး နဲ့ “ဘာတွေလဲကွာ။ စကားများနေတာနဲ့ အချိန်ကုန်တယ် “ ဆိုပြီး အသံကျယ်ကြီး နဲ့ ထ အော် ပြန်တာကြောင့် တရုံလုံး ဝိုင်းပြီး မေတ္တာပို့လိုက်ကြတာ သောက်ထားတဲ့ အရက် တောင် ဘယ်ရောက်သွားမှန်း မသိပါဘူးဗျာ ။
အေးလေ၊ ကျနော်လည်း အဲသလို အတွေ့အကြုံမျိုး နှစ်ကြိမ်နှစ်ခါ ရှိထားလေတော့ ၊ဘာမှန်း သေချာမသိသေးတဲ့ အဲဒီ ရှိုးပွဲကို ပွဲပြီးတဲ့ အထိအသံမထွက်ပဲ ငြိမ်ငြိမ်လေး ကြည့်နေလိုက် တယ်လေ။
……………………………………………
အဲဒီရှိုးပွဲခေါ်မလား။ ဟိုဒင်းပွဲခေါ်မလား။ အဲဒီကနေအပြန်လမ်းမှာ တိုနီက “ဘယ်နှယ့်လဲ ၊ ကောင်းရဲ့လား“မေးတော့ ကျနော်လည်း အလိုက်သင့် တခါမှ မကြည့်ဘူးပါကြောင်း ကောင်း လှ ပါကြောင်းလည်း ပြန်ပြောလိုက်ရော တိုနီက ဒီ့ထက်ကောင်းတာ ရှိသေးသတဲ့ဗျား။ အော်၊ သက်ခိုင်ပဲဗျာ။ အဖော်ကောင်းရင် ငရဲပြည်ကို သုံးခေါက်လောက်အသွားအပြန်လုပ်ချင်တဲ့ ကောင်မို့ နောက်ညရှစ်နာရီလောက်မှာ ပို၍ထူးဆန်းသော နေရာကို တိုနီနဲ့ အတူ ချီတက် ခဲ့ကြပြန်ပါတယ်။ ဘန်ကောက်မြို့ကိုအခုမှ တခေါက်ရောက်ဘူးတဲ့ ကျနော့်အဘို့ တိုနီ ဘယ်ကနေဘယ်ကို မောင်းနေတာ ဆိုတာ မသိပဲ နာရီဝက်လောက်အကြာမှာ တခုသော အဆောက်အဦးကြီးထဲကို ရောက်ခဲ့ပြန်သဗျ။ကျနော်တို့ရောက်သွားတာ အဲဒီအဆောက်အဦး ရဲ့ ဒုတိယထပ်ထင်ပါရဲ့။ဝင်ကြေးပေးစရာမလိုသေးတာနဲ့ တိုနီပါ ဝင်လိုက်သဗျ။ အထဲ လည်းရောက်ရော အခန်းကျယ်အလွတ်ကြီးတခုထဲမှာ သီချင်းတီးလုံး အသံခပ်တိုးတိုး ကြားနေ ရတယ်ဗျာ။အဲဒီခန်းမကျယ်ကြီးထဲကနေ တဆစ်ချိုးလည်း ကွေ့လိုက်ရော .. ဟိုက် ရှားလ ဘတ်။ မှန်အလုံတပ်ထားတဲ့ အခန်းထဲမှာ လှပျိုဖြူလေးတွေပါလားဗျာ။ အဲဒီမှန်လုံ ခန်းထဲမှာ အဝါရောင် ဝမ်းဆက်ဆင်တူဝတ်စုံတွေနဲ့ ထိုင်းမလေးတွေ အယောက်တရာ လောက်ကို ရှိမယ်ထင်ပါရဲ့ဗျာ။အခန်းထဲမှာ လှေခါး ထစ်ပုံစံလုပ်ထားပြီး ထိုင်းမလေးတွေဟာ ထိုင်ရင်းတသွယ် ရပ်ရင်းတဖုံ နည်းမျိုးစုံနဲ့ အလှပြ နေကြလေရဲ့ဗျာ။နေဦး ။ မှန်ခန်းအပြင်မှာ ကျနော်နဲ့ တိုနီတင်မဟုတ်ဘူးဗျ။ မျက်နှာဖြူ ပုရိဿ ပရိသတ်ဆယ်ယောက်လောက်လည်း မှန်ခန်းထဲကို နွားပွဲမှာ နွားရွေးသလိုစိတ်ဝင်တစား ရှုစားနေကြ လေရဲ့ဗျာ။ နောက်တော့ လူမိုက်ရုပ်ပေါက်နေတဲ့ ဝန်ထမ်းတော်တော်များများလည်း အသင့် အနေအထားနဲ့ တွေ့နေ ရတယ်။
မြို့ရောက်တောသား ကျနော်လည်း အူကြောင်ကြောင်နဲ့ကြည့်နေလိုက်တာ ဘေးက တိုနီက လက်တို့ပြီး မင်းကြိုက်တာရွေး ၊ဒေါ်လာတရာပဲ ဆိုတော့မှ အရိပ်အကဲနားလည်တော့သဗျာ။ ကျနော်သိလိုက်ပါပြီ။ ဒီနေရာကို ဝင်လာပြီးမှ မဝယ်ချင်သေးဘူး ပြောပြီး ပြန်ထွက်လာလို့ ရတဲ့ နေရာမျိုး ဟုတ်ဟန်မတူပါဘူး။ကျနော်လည်း ဟန်မပျက် ချော်လဲ ရောထိုင်ပြီး မြန်မာ့ သတ္တိကို ပြဘို့ မှန်ခန်းထဲမှာ ရှိနေတဲ့ မိန်းကလေးတွေထဲက တယောက်ယောက်ကို ရွေးရပါ တော့တယ်။
…………………………………………….

အင်း ၊ အဝတ်အစားကြောင့်လား၊ လိမ်းချယ်ထားတဲ့ မိတ်ကပ်တွေကြောင့်လား။ ကျနော်ကပဲ တုံးလွန်းနေသလားလို့ မပြောတတ်တော့ဘူးဗျို့ ။ ကျနော့်မျက်စေ့ထဲတော့ မှန်ခန်းထဲက ထိုင်းပျိုဖြူအားလုံးဟာ အားလုံးလှနေတော့တာပါပဲ။ အော်။ ဒါကြောင့်လည်း နတ်မိမယ်တို့ ပျော်စံရာ လို့ ခေါ်ဝေါ်သမှု ပြုကြတယ်ထင်ပါရဲ့။ဆယ့်ငါးမီးနစ်လောက်လည်း သေသေချာချာ စေ့ စေ့ စပ်စပ်ကြည့်ပြီးရော ကျနော်ဟာ အလှဆုံးလို့ထင်ရတဲ့ မိန်းမပျိုလေးကို ရွေးလိုက် ပါတော့ တယ်။ ရွေးပြီးတော့ ဒေါ်လာတစ်ရာကို ကောင်တာမှာသွားရှင်းလိုက်တဲ့အခါ ကျနော်နဲ့ ထိုင်းမလေး ကို အဲဒီအဆောက်အဦးရဲ့ ခြောက်ထပ်မြောက်အခန်းကို လူမိုက် ရုပ်ပေါက်နေတဲ့ ထိုင်းတ ယောက်က လိုက်ပို့ပါလေရောဗျာ။ဘုရားစူးပါစေ့ဗျာ။ အဲဒီစိတ်နဲ့ လျှောက်လုပ်နေတာ မဟုတ် ရပါဘူး။ပေါက်တဲ့နဖူးထူးမှ မထူးတော့တာ။ ခြောက်ထပ်မြောက်ကတခုသော အခန်းထဲ လည်း ရောက်ရော အဲဒီထိုင်းမလေးက ဘာမပြောညာမပြော သူ့အဝတ်အစားတွေကို ချွတ် လည်း ချွတ်ချလိုက်ရော လူပါး ပုလင်းထိမှန်းသိတော့တာပဲဗျာ။လက်စသတ်တော့ မယ်မင်းကြီး မတွေက မှန်ခန်းထဲမှာ မီးစုံးဓာတ်ပါတဲ့ မီးရောင်ထိုးထားလို့၊မျက်နှာတခုတည်းကွက်ပြီး အလှ ချယ်ထား လို့ ပြိုင်သူရှုံး နှုန်းဖက်မတူအောင်လှ နေကြတာကိုး။ သူ့ကိုသေချာ ကြည့်လိုက်တော့မှ မွဲခြောက်ခြောက် အသား အရည်နဲ့ ၊ကျနော့်စိတ်ထဲ ဝဲခြောက်တွေလိုလိုတောင် ပါသေး ထင်ပါရဲ့ဗျာ။ ဘယ်နှယ့်ဗျာ။ ရန်ကုန်မှာ သူ့ထက်အဆရာထောင်သာတဲ့ ဒိတ်ဆိုတဲ့ မိန်းမ လှတွေနဲ့တွဲလာတာဆိုတော့ တော်တော်ကို စိတ်ကုန်စရာပါပဲဗျာ။
နောက်ဆုံးတော့ သူရေချိုးပေးတာ နှိပ်နယ်ပေးတာ ဘာညာသာရကာတွေ ဆက်သာလုပ်နေ ရတယ် စိတ်ထဲမတော့ ဖွဲတယ်တယ် ပါပဲဗျာ။ ဘာဗျ။ ကွန်ဒုံးပါလား။ ကျနော်အဲသလောက် မတုံးပါဘူးဗျာ။ပေါက်ပေါက်ရှာရှာတွေ လျှောက်မမေးနဲ့လေဗျာ ။တခါတလေ အလိုက်သိစမ်း ပါဗျ ။
…………………………………..
နောက်နေ့တွေမှာတော့ နတ်မောက်သားလူလည်တယောက် တိုနီ့အကူအညီ မလို တော့ပါဘူး။ ကိုယ့်အစွမ်းကိုယ်အစနဲ့ပဲ ဘန်ကောက်နဲ့ မလှမ်းမကမ်းက ပတ်တယားဆိုတဲ့ ကမ်းခြေကို ရောက်ခဲ့ ပြန်ပါတယ်။ပတ်တယားဆိုတဲ့ ကမ်းခြေဟာလည်း ကျနော်လိုတော သားအဖို့ နတ်ဘုံနတ်နန်းလိုပါပဲဗျာ။ ဖြစ်ချင်တော့ ပေါက်ပေါက်ရှာရှာကြုံရပြန်ရောဗျို့။ ကျနော်က တည်းခိုခန်းတခုမှာ အခန်းငှားပြီး တခုခုသောက်ရအောင် ကမ်းခြေဖက်ကို လျှောက်လာတော့ ထိုင်းငနဲတကောင်က ကျနော့်ကိုလမ်းပြ “ Guide “ လိုသလားမေး ပါလေရောဗျာ။ အသက်က ခပ်ငယ် ငယ်ပါဗျာ။ ရှိလှ နှစ်ဆယ်ကျော်ပေါ့။
ကျနော်လည်း အဆင့်သင့်လေခြင်းဆိုပြီး တနေ့ကိုသုံးရာနှုံးနဲ့ဈေးတည့်ရာကနေ အတူတူ သောက်ဖြစ်စားဖြစ်ရောဆိုပါတော့ ။ နှစ်ယောက်စလုံး လက်ရည်ညီညီ သောက်လိုက်ကြတာ ညနေ ခြောက်နာရီဝန်းကျင်လောက်လည်း ရှိရော ၊သူက ကျနော့်ကို ဘယ်မှာတည်းသလဲ ၊အခန်းကိုပြန်ကြမယ် ၊သူပါလိုက်ခဲ့မယ် ဆိုတာနဲ့ ပြန်လာခဲ့ကြရောဗျာ။ အခန်းထဲလည်း ရောက်ရော သူ့အမူအရာက နည်းနည်း ထူးခြားလာတယ်ဗျ။ ကျနော့်မတော်ရာကို တောင် ကိုင် မြောက်ကိုင်လုပ်ပါလေရော ။ ကျနော်က ဒီကောင်မူးနေလို့ ဖြစ်မှာပါလို့ တွေးနေတုန်း သူ့အပေါ်အကျီကိုလည်း ချွတ်လိုက်ရော ကျနော် မျက်လုံးပြူးရတော့တာပဲဗျို့။ လား၊လား၊ သူ့ ရင်ဘတ်က ရင်သားတွေဟာ ယောကျာ်းတန်မဲ့ တော်တော်ကြီးနေတာပါကလား။ သေချာကြည့်လေ ဂုံညင်းဒိုးသာသာလောက် ဝိုင်းစက်နေတဲ့ သူ့ရင်သားတွေက ထင်ရှားလေပဲ ဗျာ။ သောက်ကျိုးနည်း။ လက်စသတ်တော့ ဒီမောင် မိန်းမရှာ “ဂေး“ပဲ။ ဂေးအခွင့်အရေးတို့ ဘာတို့လည်း ကျနော်ကြားဘူးပေမဲ့ ဒါမျိုးတော့ မနှစ်မြို့လှဘူးဗျာ။ဒါနဲ့ကျနော်လည်း သူ့မဟုတ်တမ်းတရား မလုပ်နိုင်ခင် သူ့ရင်ဘတ်ကိုဆောင့်တွန်းပြီး အခန်းအပြင်ထွက်ခိုင်း လိုက်ရပါတော့တယ်။

ပတ်တယားမှာ တညအိပ်၊ ဘန်ကောက်ကိုပြန်လာခဲ့ပြီး နောက်တရက်မှာ အာယုဒ္ဓယ ဖက်ကို တက္ကစီတစီး ပုတ်ပြတ်ငှားပြီး ခြေဦးလှည့်ခဲ့ပြန်ပါတယ်။ငွေရေးကြေးရေးလား ၊ ဘာမှ ပူစရာ မရှိတဲ့အချိန်ပေါ့ဗျာ။ အာယုဒ္ဓကို ရောက်တော့ လူတိုင်းသိပြီးတဲ့အတိုင်း ရှေးမြန်မာဘုရင်တွေ တိုက်ပွဲဖြစ်တုန်း လက်စွမ်းပြထားတဲ့ ဘုရားပျက်တွေ စေတီပျက်တွေပဲတွေ့ရတာပါပဲ။ ထူးခြား တာက အဝင်လမ်းမကြီးရဲ့ညာဖက်က နန်းတော်လိုလို၊ ဘုန်းကြီးကျောင်းလိုလို အဆောက် အဦးတွေက ပြန်ပြီး မွမ်းမံထားပေမဲ့ လက်ဝဲဖက် တလျှောက်က ဘုရားဆင်းတု တော်တွေရော စေတီတွေပါ မီးတိုက် ရိုက်ချိုး ဖျက်ဆီး ထားတာကို နောင်လာနောင်သား များကြည့်ရှု နိုင်ရန် ရှေးမူမပျက် ထိန်းသိမ်း ထားကြလေရဲ့ဗျာ။ အင်း ။ စစ်ဆိုရင် ဘယ်စစ်မှ မကောင်းတာ သွား သတိရမိသဗျ။ စစ်ဆိုတာမျိုးဟာ ရန်ငြိုးရန်စတွေ၊ ပြာပုံတွေ၊ မျက်ရည် တွေကိုပဲ ချန်ထားခဲ့ တတ်ကြမျိုးမဟုတ်လား။
ဘန်ကောက်မှာ နောက်ထပ်နေတဲ့ နှစ်ရက်မှာတော့၊ အန်တီဆယ်နဲ့အတူ မြဘုရားဖူး၊ ဆောက်လက်စဘိုင်ယုတ် ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အန်တီဆယ့် အဆက်အသွယ်နဲ့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရုံက လွဲလို့ဘာမှ ကျနော် မလေ့လာဖြစ်ခဲ့ပါဘူး။
စုစုပေါင်းကိုးရက်လောက်ကြာတော့ အန်တီဆယ်က နက်ဖြန်ပြန် မယ်လို့ ဖုန်း ဆက် လာပါတယ်။ဒါနဲ့ ကျနော်လည်း အိပ်ကပ်ထဲက လက်ကျန်ငွေကို ဝယ်စရာရှိတာ ဝယ် ၊ ဖြုန်းစရာ ရှိတာဖြုံးပြီး နောက်နေ့မနက်မှာ လေဆိပ်ကို ထွက်ဘို့ အဆင့်သင့်ဖြစ်နေတုန်း အန်တီဆယ်ဆီက ဖုန်းဝင်လာပြန်ပါတယ်။ လေယာဉ်ခရီးစဉ် ဖျက်သိမ်းသတဲ့ဗျာ။အေးဗျာ၊ အဲဒါမှ ဂျောက်ကျတာပါပဲဗျို့။ပါလာသမျှပိုက်ဆံ သူဌေးသုံး သုံးလိုက်ပြီဆိုတော့ နောက်ထပ် နေရမဲ့ တရက်အတွက် ကျနော့် အိတ်ကပ်ထဲမှာ ဘတ်အကြွေတွေပဲ ကျန်တော့တယ်လေ။ အန်တီဆယ့်ဆီ သွားတောင်းရင် ရပေမဲ့ ကိုယ့်အပြစ်နဲ့ကိုယ် တရက်စာတော့ ဒုက္ခခံလိုက်မဟဲ့ ဆိုပြီး မနက်စာကို ဟိုတယ်မှာ စား၊နေ့လည်စာကို ဘတ်အကြွေ လေးဆယ်နဲ့ ကွတ်တီယို( ထိုင်းမုန့်ဟင်းခါး ) ဝယ်စားပြီး ဟိုတယ်ဘက် လမ်းလျှောက်ပြန်လာတော့ ကိုရွှေတိုနီ က မိုးပျံ တံတားတိုင် ကြီးအောက်ကနေ ကျနော့်ကို လှမ်းခေါ်သဗျာ။တနင်္ဂနွေနေ့မို့ သူကားမ ထွက်ပဲ နား တာကြောင့် ကျုပ်ကို ဘီယာအတင်းတိုက်ပြီး ဧည့်ခံသဗျ။
ညစာလား။ တိုနီကောင်းမှုနဲ့ပဲ မနူရာဟိုတယ်ရဲ့နောက်ဖက်မှာ ရှိတဲ့ သူ့အပေါင်းအသင်း ကားဒရိုင်ဘာတွေ သောက်ပွဲစားပွဲလုပ်နေတဲ့နေရာကို ဇွတ်ခေါ်ပြီး ဧည့်ခံပြန်တာကြောင့် ညစာ ကိစ္စငြိမ်းပြန်ရောဗျာ။ အလကားတော့ စားခဲ့သောက်ခဲ့တာ မဟုတ်တာ မဟုတ်ပါဘူးဗျာ။ သူတို့ ဝါသနာပါတဲ့ လက္ခဏာလေးဘာလေး ကြည့်ပေးရင်းပေါ့။ ဗျာ။ ကျနော် လက္ခဏာ ကြည့်တတ်သလား။ ကြံကြံဖန်ဖန်ဗျာ။ အာယုလေခ၊ညာဏလေခ၊ ဟဒယလေခ တို့ဘာ တို့လောက်သာ နည်းနည်းပါးပါး ကြည့်တတ်ပြီး ဥပဓိရုပ်ကြည့် ဖြီးရဖြန်းရတာပေါ့။ ဒီလူမျိုးက တယ်လည်း ဒါမျိုးကို အထုံဝါသနာ ကြီးသကိုး။ လျှောက်ဖြီးနေတာကိုပဲ ညတစ်နာရီထိုးတဲ့ အထိ၊ဟိုလူက လက်ဝါးလာဖြန့်လိုက်၊ ဒီလူက လက်ဝါးလက်ဖြန့်လိုက်နဲ့ ဗေဒင်ဆရာ လက်မလည်ဘူး။ အော်၊ ထိုင်းလို ဘယ်ဟော တတ်မလဲဗျ။ဘိုလိုတတ်သလောက်ပြောတာကို တိုနီက ဘာသာပြန်ပေါ့။
………………………………….
နောက်တနေ့နေ့လည်မှာ ကျနော် ဘန်ကောက်ကနေ ရန်ကုန်ကို ပြန်ခဲ့ပါတယ်။ ရန်ကုန်မှာ ကျနော့်လည်ပင်းကို စွပ်မဲ့ ကြိုးကွင်းက အဆင့်သင့် စောင့်ကြိုနေပါတယ်။ ဟုတ်ပါတယ်။ ကျနော့်အောင်မြင်မှုတွေကို ပြည်ဖုံးကားချမဲ့ ကြိုးမိန့်ဆိုပါတော့ ။
(ဆက်လက်ရေးသားပါဦးမည် )

ရုပ်ပုံ။ ။ ဂူဂဲလ်

9 comments:

Anonymous November 21, 2009 6:14 AM  

ဦးသက်ခိုင်ကြီး တော်တော်ဆိုးပါလား ။ ဘန်ကောက် မှာ ဗမာမလေးတွေလည်းရှိတယ်ဆိုလို့ ဦးသက်ခိုင် များဗမာမလေးကို ရွေးမိလေမလားဆိုပြီး ဇာတ်လမ်း မဆုံးခင်ကြိုပြီးစိတ်ပူနေမိသေးတယ် ။ ဟူး.....
တော်ပါသေးရဲ့ ။ ၈၂ ကတော့ ဇာတ်ရှိန်အမြင့်ဆုံးပေါ့
ဟုတ်လား ဦးသက်ခိုင် ။

သက်ဦးခိုင်

Anonymous November 21, 2009 7:40 AM  

ဦးကြီးမင်းဒင်လည်း တော်တော်စုံလိုက်တာပဲ။ ကျနော်လည်း ခုတော့ ဘန်ကောက်မှာ ရောက်နေလေရဲ့။ အဲဒီနေရာတွေဘက် ခြေမဆန့်နိုင်သေးဘူး။ သူတော်ကောင်းစိတ်ပေါက်နေလို့ မဟုတ်ပါဘူး ဦးကြီးရယ်။ အလုပ်များနေလို့ပါ။ ဟီးးးး

တူမောင်မိုးဝေ

peter kyaw November 21, 2009 9:38 AM  

ဘန်ကောက်သွားတောလားကတော့ ...
တစ်ခေါက်ဆို ....ဆိုသလောက်စုံသွားတာပဲဗျာ...
ကျွန်တော့် ဖြင့် ခြောက်ခေါက်လောက်ရောက်ဖူးတာ
တောင်အဲဒီနေရာတွေ တစ်ချက်လေးမရောက်ဖြစ်ခဲ့ 
ဘူး....
ကိုယ်သွားတည်းတဲ့ အခန်းကအစ်ကိုကြီးတွေက သတ်
သတ်လွတ်စား၊ ပုတီးစိတ်တဲ့ လူတွေနဲ့ သွားတိုးနေလို့ 
ဗျာ...
နောက်တစ်ခေါက်ရောက်ယင် ဆရာကြီးကိုလာခေါ်မယ်...
ဟဲဟဲ...

Anonymous November 21, 2009 10:36 AM  

ကိုသက်ခိုင်ကြီးရာ ဘန်ကောက်တော့မသိပါဘူး ကျနော်နေခဲ့တဲ့ နယ်စပ်မြို့လေးမှာ တော့ ထိုင်းလိုမွတ်နေ
တဲ့ ဗမာမလေးတွေ ချည်းပဲဗျာ အဲ့ မြန်မာမလေးတွေခေါ်
မလား တိုင်းရင်းသူလေးတွေပေါ့ဗျာ.ကျနော်လည်း အတွေ့အကြုံရအောင် ၃ ခါတော့ရောက်ပါတယ်.ဟီး.မြန်မာပြည်ပြန်ရောက်နေသလိုပဲဗျာ.ဆိုးတယ်.ပြောရခက်
ကောင်းတယ်လို့လဲ မပြောသာပါဘူးဗျာ.အားနာတာ များလည်းမများ နည်းလည်းမနည်း..ဘယ်လို ဘ၀တွေ ဖြစ်နေရမှန်းကို မသိ..တော့ပါဘူး..

ကျှောထင် November 21, 2009 12:44 PM  

ဘန်ကောက်မှာ အဲဒီ live show တွေက မြန်မာပြည်မှာ 88 မဖြစ်ခင်ကတည်းက ရှိနေတာပဲနှော။ ကျုပ် ဦးကြီးတွေ ဖားသားတွေသွားတုံး ဟိုကဧည့်ခံလိုက်တာ အံ့ဩတကြီးနဲ့ သူတို့ အပေါင်းသင်းရောင်းရင်းတွေကို ကွယ်ရာမှာပြန်ပြောပြနေကြတာကြားဖူးလို့ပါ။ အခုခေတ်မှာတော့ အန်တီဆယ်တို့ထက်ပိုပီး အလုပ်ဖြစ်တဲ့စိန်ကုန်သည်ကြီးတွေရှိလာပုံပဲ။ ရန်ကုန် ဝင်ဒါမီယာ သံလွင်လမ်းထဲက လက်ကြီးစိန်သူဌေးအိမ်မှာ အိမ်တွင်းကြိတ်ပုန်း ပြပွဲတွေဘာတွေနဲ့ လူကြီးကတှောတွေ သူဌေးကတှောတွေကို လက်သိပ်ထိုးရောင်းချပွဲတွေဘာတွေရှိလေရဲ့။ ရှင်းရှင်းပြောရရင် ဒှေါလာ၂ထောင်ကျှောပါရင် declare မလုပ်မနေရဘာညာ ဥပဒေတွေရှိပေမယ့် စိန်ကုန်သည်ကြီးတွေ ဘန်ကောက်ကနေ ဒီတိုင်းပဲ ကေ့စ်ထဲမှာ ဒှေါလာသန်းချီတဲ့ စိန်ထည်တွေနဲ့သွားလာနေတာပါပဲ။ သူတို့ရဲ့အဓိက တားဂတ်ကတ်စတန်မာတွေဆိုတာလဲ အခြားသူတွေဟုတ်ရိုးလား။ ဥပဒေစကားတွေကလို တွင်တွင်သုံးပီးလိုရာလုပ်ခွင့်ရှိကြတဲ့ ယောကျားသားများကို ပိုင်ဆိုင်ထားကြလေတဲ့ ဗိုလ်ချုပ်ကတှော ဝန်ကြီးကတှောလူကြီးတှောများပဲပေါ့။

Anonymous November 21, 2009 4:22 PM  

အခုတမျိုး တော်ကြာတစ်မျိုး
မလိုတမျိုး လိုတမျိုး
မရှိတမျိုး ရှိတမျိုး
ဗိုလ်မှုးအမျိုး ကျောင်းသားတစ်မျိုး
ဒါဟာ ဥပဒေတဲ့လား
စိတ်ရှုပ်ပါတယ် တွေးမနေနဲ့သွား
ကိုမင်းဒင်လို ထိုင်းမယ်တွေနားပေါ့

thu rah November 22, 2009 2:55 AM  

ကိုမင်းဒင်ရေ အပိုင်း(၈၂) ကတော့ အတော် လေးဖတ်လို့ကောင်းပါတယ်။ အခု ဆိုရင် IT ခေတ်မှာ၊ ထိုင်းမှာ ကောင် မလေးတွေ ကို on line ကနေတောင် ခေါ်လို့ ရနေပြီ။ ကျောင်းသူတွေ တဲ့လေ၊ ဓါတ်ပုံနဲ့ ဈေးနှုံး နဲ့ ဖေါ်ပြ ထားကြတယ်။ သူတို့ က ဒီ ဟာ ကို သိတ်ပြီး တန်းဘိုး မထားကြဘူး။ သူများတွေ လို သုံးချင် ဖြုံးချင် တော့၊ ငွေ ကိုလွယ်လွယ် ရမဲ့ နည်းနဲ့ရှာ ကြတာပေါ့။
သာမန် လူတန်းစား၊ သမာအာဇီဝ လုပ် စားသူ တွေ ထဲမှာလည်း၊ သိတ်လွယ် ကြတာပဲ။ ဒါကြောင့် လဲ တခုလပ် ကလေးအမေတွေ သိတ်များတယ်။ အသက် လေးတွေ မေးလိုက်ရင် ၁၈၊၁၉၊၂၀။
ဟူး........သူ့အရပ်နဲ့ သူ့ ဇတ်ပေါ့နော်။

mmthinker November 25, 2009 1:46 AM  

သေချာ ဖတ်သွားပါတယ်။ နောက်တစ်ပိုင်း ဆက်မျှော်နေပါတယ်။

တာတာ November 28, 2009 4:34 AM  

ဗိုလ်မှူးကြီးဘဟိန်းဆိုတာရွှေဘုံသာအထက်လမ်းမှာနေတဲ့
ဗိုလ်မှူးကြီးဘဟိန်းလားဗျို့ 

ဖြစ်လာသမျှ ပျက်ရမည်မှာ ဓမ္မတာတည်း..